ဖူးခက္ကမ္းေျခ ခရီးစဥ္
--------------------------
မိန္းမေရ အထုတ္အပိုးေတြအဆင္သင္ ့ျဖစ္ျပီလားေဟ ့...ေလသံခပ္တင္းတင္း
--------------------------
မိန္းမေရ အထုတ္အပိုးေတြအဆင္သင္ ့ျဖစ္ျပီလားေဟ ့...ေလသံခပ္တင္းတင္း
ေလးနဲ ့နိုးေဆာ္လိုက္မွ "ျပီးပါျပီ " ဆိုတဲ ့အသံမ်ိဳး ၾကားရတာနားဝမွာရိုးအီေနပါ
ျပီ....ဒီေန ့ဖူးခက္သြားလည္မယ္ဆိုကတည္းကဒင္းကအျပတ္ကိုရိြဳင္းေနတာ
မျပီးနိုင္မစီးနိုင္ပါ။ကားလက္မွတ္မဝယ္ရေသးတာရယ္အခ်ိန္ကလည္းေန့
လည္ ၃ နာရီေလာက္ရိွျပီမို ဖူးခက္ကားဂိတ္ရိွရာ (Sai Tai Mai)
ေတာင္ပိုင္းကားဂိတ္ သို ့လိုင္းကားစီးျပီး လိုက္လာခဲ ့ပါေတာ ့တယ္။
ဘာလုိင္းကားစီးလဲ လို ့ေမးရင္ 19, 28, 30, 40, 57, 66,
79, 123, 124, 125, 127, 146, 149, 159, 164, 170, 174, 177, 183,
201, 507, 511, 515, 516, 524, 539, 542, 556 ဒီBus ကားေတြကိုမိမိတို ့
ေရာက္ရိွေနသည္ ့ေနရာကေနရွာစီးၾကပါ ။ပို ့မယ့္ပို ကူးတုိ ့ေရာက္ေအာင္ပို ့ေပး
ခဲ ့ပါတယ္။ေရာက္ေရာက္ျခင္းအားခ်င္းဆိုသလိုအေျပးကေလးဂိတ္မွာ vip
လက္မွတ္တစ္ေစာင္ကိုဘတ္ (1010 ) နွင္ ့ဝယ္ယူျပီးလင္မယားနွစ္ေယာက္
ကားအလာကိုေစာင့္ဆိုင္းေနလုိက္ျပီး ညေန (6:30 ) မွာဘန္ေကာက္မွ
ဖူးခက္သို ့ေျပးဆြဲသည္ ့ VIP ကားရိွရာစၾကၤန္သို ့သြက္သြက္ေလးေလ်ာက္
လွမ္းလာရင္းစာေရးသူရဲ ့ဟန္နီးမြန္းခရီးစဥ္ေလးကိုစတင္ဖြင္ ့လွစ္လိုက္ပါ
တယ္။ထိုင္းနိုင္ငံexpress လုိင္းကားေတြရဲ ့ထံုးစံအတိုင္းအရိုးကြဲမတတ္
ေအးတဲ ့အေအးဒဏ္ကိုအံတုဖို ့ေစာင္အသီးသီးျခံဳကာ အသာအယာပင္ေမွး
ျပီးလိုက္ပါလာခဲ ့ပါ တယ္။တစ္ေနကုန္ပင္ပန္းတဲ ့ဒဏ္ေၾကာင္ ့ေမွးခနဲ
အိပ္ေပ်ာ္သြားလုိက္တာ ဖူးခက္ျမိဳ ့ကိုမည္သို ့မည္ပံုေရာက္လာသည္ကိုပင္ေျပာ
ျပမတတ္ေတာ ့ပါ။ကားလည္းဂိတ္ဆံုးျပီျဖစ္တဲ ့အတြက္ ဖူးခက္ မွ Patong
ပါေတာင္ ကမ္းေျခသို ့ေျပးဆြဲ သည္ ့လိုင္းကားကို ဂ်င္ကလယ္လိုက္ေနေအာင္
ရွာရင္း patong ကမ္းေျခကိုခရီးဆက္ခဲ ့ပါတယ္။ ဖူးခက္ျမိဳ ့ထဲမွာမတည္းပဲ
ဘာျဖစ္လုိ ့patong ကမ္းေျခ မွာတည္းလဲလို ့ေမးရင္ စာေရးသူအ
ေျဖကရွင္းပါတယ္..အရင္ ့အရင္သြားဖူးတဲ ့မိတ္ေဆြေတြက patong ကမ္းေျခ
ကိုပဲသြားျပီးတည္းခိုဖို ့တိုက္တြန္းခဲ ့တာရယ္ ဖူးခက္မွာ patong ကမ္းေျခသည္
အလွဆံုးနွင္ ့အစည္ကားဆံုးေနရာျဖစ္သည္ ့အတြက္ေၾကာင္ ့ပဲျဖစ္ပါတယ္။
patong ကမ္းေျခ မွာခရီးေရာက္မဆိုက္ဟိုတယ္သက္သက္သာသာေလးနွင့္
location ေကာင္းေကာင္းေလးကုိရွာေဖြရင္း patong walking street နားတြင္
ျပင္သစ္ဘာသာျဖင္ ့နာမည္ေပးထားသည္ ့ Neptuna ဟိုတည္သို ့တစ္ရက္
လ်င္တည္းခိုခ ဘတ္ ၄၉၀ နွင္ ့သက္ေတာင္ ့သက္သာရရိွခဲ ့ပါသည္။အဆိုပါ
ဟိုတယ္သည္ ဖူးခက္ patong ကမ္းေျခလိုေနရာမ်ိဳးတြင္ က်ြမ္းက်င္မွဳ ့နဲ ့သာ
ရွာေဖြလို ့ရနိုင္သည္ ့ေနရာတြင္တည္ရိွျခင္း ေစ်းနွဴ န္းသက္သာျခင္း ဝန္ေဆာင္
မွဴ ့ေကာင္းျခင္း သန္ ့ရွင္းသပ္ရပ္ျခင္း တို ့အျပင္ နံက္စာပါေကၽြးေမြးသည္ ့
အတြက္စာေရးသူတို ့အတြက္အရမ္းကိုအဆင္ေျပေခ်ာေမြ ့ခဲ ့ပါသည္။
ေရာက္ေရာက္ျခင္းခရီးပန္းလာသည္ကတစ္မံု ့ဟန္းနီးမြန္းခရီးစဥ္ျဖစ္တာက
တစ္ေၾကာင္း ဟိုတယ္မွာပင္တစ္ေနကုန္အနားယူအိပ္စက္ျပီး...ခ္ခ္ ညေနမွ
patong ကမ္းေျခ သို ့ဟိုတယ္မွစာေရးသူတို ့လမ္းေလ်ာက္ထြက္ခဲ ့ၾကပါသည္
patong ကမ္းေျခ ရိွေသာင္မြမြေလးမ်ားေပၚတြင္ထိုင္ရင္း ေနဝင္ခ်ိန္ေတြကို
ေငးရင္း ခံစားရသည္မွတစ္သက္တာတြက္အမွတ္တရမ်ားစြာပင္ျဖစ္ပါသည္။
အိမ္ျပန္ခ်ိန္ကိုေတာင္ေမ့ ျပီး ထိုင္းေနအံုးမည္စိတ္က ဒုန္းဒုန္းဒိုင္းဒုိင္းအသံမ်ား
ကိုအေဝးမွၾကားေနရသည္ ့အတြက္စူးစမ္းလိုစိတ္ျဖင္ ့ၾကည္ ့လုိက္မိရာ..
ဟိုးးးးးးး နိုင္ငံျခားရုပ္ရွင္ဇတ္ဝင္ခန္းေတြထဲ ကဘားေတြ ကလပ္ေတြ မ်ားျပား
လိုက္တာ ..အျပင္ထြက္ရပ္သူကရပ္ လက္ရပ္ေခၚသူကေခၚနွင္ ့patong ကမ္း
ေျခ၏ walking street စတင္နိုးထလာပံုရပါသည္။စာေရးသူလည္း walking
street မွ အာရုဏ္ေပါင္းမ်ားစြာကိုခံစားရင္းဟိုတယ္သို ့ျဖည္းျဖည္းခ်င္းျပန္ခဲ ့ရ
ပါသည္ေငးလုိ ့ကုိမကုန္နိုင္သည္ သမင္လည္ျပန္ ျခေသၤ ့လည္ျပန္ ကာရန္ပါ
ညိွဖို ့ေနာက္တစ္ခါမွ ၾကိဳ းစားေတာ ့မည္ဟုဆံုးျဖတ္ခ်က္ဒံုးဒံုးခ်ခဲ ့ရပါသည္။
တစ္ေနကုန္ဘာမွမစားရေသးသည္ ့အတြက္ ညစာသံုးေဆာင္ဖို ့ကိုေစ်းသက္
သက္သာသာနွင္ ့ထမင္းတစ္နပ္ေလာက္ကို စားေသာက္ဖို ့အေတာ္ပင္ေဇာ
ေခ်ြးျပန္ခဲ ့ပါသည္။အေၾကာင္းမူကားဖူးခက္ျမိဳ ့သည္ နိုင္ငံအသီးသီးမွ ဂရိတ္မ်ား
လာေရာက္အပန္းေျဖသည္ ့ျမိဳ ့ျဖစ္သည္ ့အတြက္ စပါယ္ရွယ္ကိုေစ်းၾကီးျခင္း
ပင္ျဖစ္ပါသည္။ညစာသံုးေဆာင္ျပီး ကၽြန္းမ်ားသို ့သြားေရာက္လည္ပါတ္ရန္စိတ္
ဆႏၵျပင္းျပသျဖင္ ့ လမ္းေဘးဝဲယာမ်ားတစ္ေလ်ာက္တြင္ေရာင္းေသာ tour
package မ်ားကိုစံုစမ္းရင္းေစ်းနွဴ န္းမ်ားသည္ ့အတြက္ဘဝင္မက်ျဖစ္ကာ
ဟိုတယ္တြင္အလုပ္လုပ္ကိုင္ေနသည္ ့ျမန္မာတစ္ဦးအား ေစ်းနွဴ န္းၾကီးေၾကာင္း
စကားစျမည္စအေျပာမွာေဒသခံျဖစ္တဲ ့ျမန္မာေကာင္ေလးမွအစ္ကိုကၽြန္းသြား
ဖို ့3000 package ကိုကၽြန္ေတာ္ 1600 နွင္ ့ဝယ္ေပးမည္ျဖစ္ေၾကာင္း ၄င္းတြင္
အသိမ်ားမွတဆင္ ့သက္သက္သာသာနွင္ ့ဝယ္ယူရရိွနိုင္ေၾကာင္းေျပာျပေပး
သျဖင္ ့၄င္းအကူအညီျဖင္ ့ဂ်ိန္းစဘြန္းကၽြန္သို ့အလည္တစ္ေခါက္ ေရာက္ရိွခဲ ့
ကာ package Day tour မွေကၽြးသည္ ့ဘူေဖးထမင္းကိုကမ္းေျခမွာေပ်ာ္ေပ်ာ္
ပါးပါးသံုးေဆာင္ရင္းအေဆာ ့သန္သည္ ့monkey beach , ဂ်ိန္းစဘြန္းက်ြမ္း
စသည္ ့အထင္ကရေနရာမ်ားအားလည္ပါတ္ျပီး ညေန တြင္ဟိုတယ္တြင္ျပန္
လည္အိပ္စက္အနားယူခဲ ့ပါသည္။နံက္ေစာေစာ နူတ္ဆက္သည္ ့အေနျဖင္ ့
patong ကမ္းေျခသို ့ဆင္းကာေလေကာင္းေလသန္ ့ရွဴ ရိွဳ က္ရင္း patong
ကမ္းေျခတြင္ အနားယူေရကစားကာ နံက္စာကိုဟုိတယ္မွာသံုးေဆာင္ျပီး
check out လုပ္ကာဖူးခက္ျမိဳ ့ထဲ သို ့tuk tuk ျဖင္ ့သြားေရာက္ကာအမွတ္တရ
ဓါတ္ပံုမ်ားရိုက္ကူးျပီးေန ့လည္စာသံုးေဆာင္ကာ ဖူးခက္ကားဂိတ္သို ့ထြက္ခြါ
ခဲ ့ပါေတာ ့သည္။ဖူးခက္ျမိဳ ့၏ပံုပန္းသ႑န္မွာ ျမိဳ ့ေဟာင္းေလးျဖစ္ျပီးသပ္သပ္
ရပ္ရပ္နွင္ ့ေနခ်င္စရာေကာင္းေသာျမိဳ ့ကေလးျဖစ္ပါသည္။ဖူးခက္ျမိဳ ့ေဟာင္း
ေလးကိုမျပင္မဆင္ပဲ ျမိဳ ့ေဟာင္းေလးအတိုင္းထားကာနိုင္ငံျခားသားမ်ားကို
တမင္တကာပင္ဆြဲေဆာင္ထားရိွျပီးေန ့စဥ္လာေရာက္လည္ပါတ္သည္ ့နုိင္ငံ
ျခားသားဧည္ ့သည္မ်ား ဓါတ္ပံုအလွလာေရာက္ရိုက္ကူးၾကသူမ်ား နွင္ ့
pre-wedding လာေရာက္ရိုက္ကူးၾကသည္ ့တရုတ္စံုတြဲတစ္တြဲ ကိုပါစာေရးသူ
တို ့ေတြ ့ရိွခဲ ့ပါသည္။ဖူးခက္မွမျပန္ခ်င္သည္ ့တိုင္ အခ်ိန္တန္ေတာ ့
လည္းအိမ္ျပန္ရအံုးမည္ျဖစ္ေပသည္စိတ္ကိုဒုန္းဒုန္းခ်ရင္းဖူးခက္ျမိဳ ့ကေလး
ကိုေက်ာခိုင္းျပီးသကာလ လြန္ခဲ ့တဲ ့နွစ္ေပါငး္မ်ားစြာကအေတြ ့အၾကံုကိုျပန္
လည္မ်ွေဝေပးလိုက္ပါတယ္။
ဘန္ေကာက္လမ္းညြန္ (ကိုစိုင္း )
Thai ph,0827952761 , 0814291178 ,
viber +66827952761
saithu102@gmail.com
ဖူးခက်ကမ်းခြေ ခရီးစဉ်
--------------------------
မိန်းမရေ အထုတ်အပိုးတွေအဆင်သင့်ဖြစ်ပြီလားဟေ့...လေသံခပ်တင်းတင်း
--------------------------
မိန်းမရေ အထုတ်အပိုးတွေအဆင်သင့်ဖြစ်ပြီလားဟေ့...လေသံခပ်တင်းတင်း
လေးနဲ့နိုးဆော်လိုက်မှ "ပြီးပါပြီ " ဆိုတဲ့အသံမျိုး ကြားရတာနားဝမှာရိုးအီနေပါ
ပြီ....ဒီနေ့ဖူးခက်သွားလည်မယ်ဆိုကတည်းကဒင်းကအပြတ်ကိုရွိုင်းနေတာ
မပြီးနိုင်မစီးနိုင်ပါ။ကားလက်မှတ်မဝယ်ရသေးတာရယ်အချိန်ကလည်းနေ့
လည် ၃ နာရီလောက်ရှိပြီမို ဖူးခက်ကားဂိတ်ရှိရာ (Sai Tai Mai)
တောင်ပိုင်းကားဂိတ် သို့လိုင်းကားစီးပြီး လိုက်လာခဲ့ပါတော့တယ်။
ဘာလိုင်းကားစီးလဲ လို့မေးရင် 19, 28, 30, 40, 57, 66,
79, 123, 124, 125, 127, 146, 149, 159, 164, 170, 174, 177, 183,
201, 507, 511, 515, 516, 524, 539, 542, 556 ဒီBus ကားတွေကိုမိမိတို့
ရောက်ရှိနေသည့်နေရာကနေရှာစီးကြပါ ။ပို့မယ့်ပို ကူးတို့ရောက်အောင်ပို့ပေး
ခဲ့ပါတယ်။ရောက်ရောက်ခြင်းအားချင်းဆိုသလိုအပြေးကလေးဂိတ်မှာ vip
လက်မှတ်တစ်စောင်ကိုဘတ် (1010 ) နှင့်ဝယ်ယူပြီးလင်မယားနှစ်ယောက်
ကားအလာကိုစောင့်ဆိုင်းနေလိုက်ပြီး ညနေ (6:30 ) မှာဘန်ကောက်မှ
ဖူးခက်သို့ပြေးဆွဲသည့် VIP ကားရှိရာစင်္ကြန်သို့သွက်သွက်လေးလျောက်
လှမ်းလာရင်းစာရေးသူရဲ့ဟန်နီးမွန်းခရီးစဉ်လေးကိုစတင်ဖွင့်လှစ်လိုက်ပါ
တယ်။ထိုင်းနိုင်ငံexpress လိုင်းကားတွေရဲ့ထုံးစံအတိုင်းအရိုးကွဲမတတ်
အေးတဲ့အအေးဒဏ်ကိုအံတုဖို့စောင်အသီးသီးခြုံကာ အသာအယာပင်မှေး
ပြီးလိုက်ပါလာခဲ့ပါ တယ်။တစ်နေကုန်ပင်ပန်းတဲ့ဒဏ်ကြောင့်မှေးခနဲ
အိပ်ပျော်သွားလိုက်တာ ဖူးခက်မြို့ကိုမည်သို့မည်ပုံရောက်လာသည်ကိုပင်ပြော
ပြမတတ်တော့ပါ။ကားလည်းဂိတ်ဆုံးပြီဖြစ်တဲ့အတွက် ဖူးခက် မှ Patong
ပါတောင် ကမ်းခြေသို့ပြေးဆွဲ သည့်လိုင်းကားကို ဂျင်ကလယ်လိုက်နေအောင်
ရှာရင်း patong ကမ်းခြေကိုခရီးဆက်ခဲ့ပါတယ်။ ဖူးခက်မြို့ထဲမှာမတည်းပဲ
ဘာဖြစ်လို့patong ကမ်းခြေ မှာတည်းလဲလို့မေးရင် စာရေးသူအ
ဖြေကရှင်းပါတယ်..အရင့်အရင်သွားဖူးတဲ့မိတ်ဆွေတွေက patong ကမ်းခြေ
ကိုပဲသွားပြီးတည်းခိုဖို့တိုက်တွန်းခဲ့တာရယ် ဖူးခက်မှာ patong ကမ်းခြေသည်
အလှဆုံးနှင့်အစည်ကားဆုံးနေရာဖြစ်သည့်အတွက်ကြောင့်ပဲဖြစ်ပါတယ်။
patong ကမ်းခြေ မှာခရီးရောက်မဆိုက်ဟိုတယ်သက်သက်သာသာလေးနှင့်
location ကောင်းကောင်းလေးကိုရှာဖွေရင်း patong walking street နားတွင်
ပြင်သစ်ဘာသာဖြင့်နာမည်ပေးထားသည့် Neptuna ဟိုတည်သို့တစ်ရက်
လျင်တည်းခိုခ ဘတ် ၄၉၀ နှင့်သက်တောင့်သက်သာရရှိခဲ့ပါသည်။အဆိုပါ
ဟိုတယ်သည် ဖူးခက် patong ကမ်းခြေလိုနေရာမျိုးတွင် ကျွမ်းကျင်မှု ့နဲ့သာ
ရှာဖွေလို့ရနိုင်သည့်နေရာတွင်တည်ရှိခြင်း ဈေးနှူ န်းသက်သာခြင်း ဝန်ဆောင်
မှူ ့ကောင်းခြင်း သန့်ရှင်းသပ်ရပ်ခြင်း တို့အပြင် နံက်စာပါကျွေးမွေးသည့်
အတွက်စာရေးသူတို့အတွက်အရမ်းကိုအဆင်ပြေချောမွေ့ခဲ့ပါသည်။
ရောက်ရောက်ခြင်းခရီးပန်းလာသည်ကတစ်မုံ့ဟန်းနီးမွန်းခရီးစဉ်ဖြစ်တာက
တစ်ကြောင်း ဟိုတယ်မှာပင်တစ်နေကုန်အနားယူအိပ်စက်ပြီး...ခ်ခ် ညနေမှ
patong ကမ်းခြေ သို့ဟိုတယ်မှစာရေးသူတို့လမ်းလျောက်ထွက်ခဲ့ကြပါသည်
patong ကမ်းခြေ ရှိသောင်မွမွလေးများပေါ်တွင်ထိုင်ရင်း နေဝင်ချိန်တွေကို
ငေးရင်း ခံစားရသည်မှတစ်သက်တာတွက်အမှတ်တရများစွာပင်ဖြစ်ပါသည်။
အိမ်ပြန်ချိန်ကိုတောင်မေ့ ပြီး ထိုင်းနေအုံးမည်စိတ်က ဒုန်းဒုန်းဒိုင်းဒိုင်းအသံများ
ကိုအဝေးမှကြားနေရသည့်အတွက်စူးစမ်းလိုစိတ်ဖြင့်ကြည့်လိုက်မိရာ..
ဟိုး နိုင်ငံခြားရုပ်ရှင်ဇတ်ဝင်ခန်းတွေထဲ ကဘားတွေ ကလပ်တွေ များပြား
လိုက်တာ ..အပြင်ထွက်ရပ်သူကရပ် လက်ရပ်ခေါ်သူကခေါ်နှင့်patong ကမ်း
ခြေ၏ walking street စတင်နိုးထလာပုံရပါသည်။စာရေးသူလည်း walking
street မှ အာရုဏ်ပေါင်းများစွာကိုခံစားရင်းဟိုတယ်သို့ဖြည်းဖြည်းချင်းပြန်ခဲ့ရ
ပါသည်ငေးလို့ကိုမကုန်နိုင်သည် သမင်လည်ပြန် ခြင်္သေ့လည်ပြန် ကာရန်ပါ
ညှိဖို့နောက်တစ်ခါမှ ကြို းစားတော့မည်ဟုဆုံးဖြတ်ချက်ဒုံးဒုံးချခဲ့ရပါသည်။
တစ်နေကုန်ဘာမှမစားရသေးသည့်အတွက် ညစာသုံးဆောင်ဖို့ကိုဈေးသက်
သက်သာသာနှင့်ထမင်းတစ်နပ်လောက်ကို စားသောက်ဖို့အတော်ပင်ဇော
ချွေးပြန်ခဲ့ပါသည်။အကြောင်းမူကားဖူးခက်မြို့သည် နိုင်ငံအသီးသီးမှ ဂရိတ်များ
လာရောက်အပန်းဖြေသည့်မြို့ဖြစ်သည့်အတွက် စပါယ်ရှယ်ကိုဈေးကြီးခြင်း
ပင်ဖြစ်ပါသည်။ညစာသုံးဆောင်ပြီး ကျွန်းများသို့သွားရောက်လည်ပါတ်ရန်စိတ်
ဆန္ဒပြင်းပြသဖြင့် လမ်းဘေးဝဲယာများတစ်လျောက်တွင်ရောင်းသော tour
package များကိုစုံစမ်းရင်းဈေးနှူ န်းများသည့်အတွက်ဘဝင်မကျဖြစ်ကာ
ဟိုတယ်တွင်အလုပ်လုပ်ကိုင်နေသည့်မြန်မာတစ်ဦးအား ဈေးနှူ န်းကြီးကြောင်း
စကားစမြည်စအပြောမှာဒေသခံဖြစ်တဲ့မြန်မာကောင်လေးမှအစ်ကိုကျွန်းသွား
ဖို့3000 package ကိုကျွန်တော် 1600 နှင့်ဝယ်ပေးမည်ဖြစ်ကြောင်း ၎င်းတွင်
အသိများမှတဆင့်သက်သက်သာသာနှင့်ဝယ်ယူရရှိနိုင်ကြောင်းပြောပြပေး
သဖြင့်၎င်းအကူအညီဖြင့်ဂျိန်းစဘွန်းကျွန်သို့အလည်တစ်ခေါက် ရောက်ရှိခဲ့
ကာ package Day tour မှကျွေးသည့်ဘူဖေးထမင်းကိုကမ်းခြေမှာပျော်ပျော်
ပါးပါးသုံးဆောင်ရင်းအဆော့သန်သည့်monkey beach , ဂျိန်းစဘွန်းကျွမ်း
စသည့်အထင်ကရနေရာများအားလည်ပါတ်ပြီး ညနေ တွင်ဟိုတယ်တွင်ပြန်
လည်အိပ်စက်အနားယူခဲ့ပါသည်။နံက်စောစော နူတ်ဆက်သည့်အနေဖြင့်
patong ကမ်းခြေသို့ဆင်းကာလေကောင်းလေသန့်ရှူ ရှို က်ရင်း patong
ကမ်းခြေတွင် အနားယူရေကစားကာ နံက်စာကိုဟိုတယ်မှာသုံးဆောင်ပြီး
check out လုပ်ကာဖူးခက်မြို့ထဲ သို့tuk tuk ဖြင့်သွားရောက်ကာအမှတ်တရ
ဓါတ်ပုံများရိုက်ကူးပြီးနေ့လည်စာသုံးဆောင်ကာ ဖူးခက်ကားဂိတ်သို့ထွက်ခွါ
ခဲ့ပါတော့သည်။ဖူးခက်မြို ့၏ပုံပန်းသဏ္ဍန်မှာ မြို့ဟောင်းလေးဖြစ်ပြီးသပ်သပ်
ရပ်ရပ်နှင့်နေချင်စရာကောင်းသောမြို့ကလေးဖြစ်ပါသည်။ဖူးခက်မြို့ဟောင်း
လေးကိုမပြင်မဆင်ပဲ မြို ့ဟောင်းလေးအတိုင်းထားကာနိုင်ငံခြားသားများကို
တမင်တကာပင်ဆွဲဆောင်ထားရှိပြီးနေ့စဉ်လာရောက်လည်ပါတ်သည့်နိုင်ငံ
ခြားသားဧည့်သည်များ ဓါတ်ပုံအလှလာရောက်ရိုက်ကူးကြသူများ နှင့်
pre-wedding လာရောက်ရိုက်ကူးကြသည့်တရုတ်စုံတွဲတစ်တွဲ ကိုပါစာရေးသူ
တို့တွေ့ရှိခဲ့ပါသည်။ဖူးခက်မှမပြန်ချင်သည့်တိုင် အချိန်တန်တော့
လည်းအိမ်ပြန်ရအုံးမည်ဖြစ်ပေသည်စိတ်ကိုဒုန်းဒုန်းချရင်းဖူးခက်မြို့ကလေး
ကိုကျောခိုင်းပြီးသကာလ လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကအတွေ့အကြုံကိုပြန်
လည်မျှဝေပေးလိုက်ပါတယ်။
ဘန်ကောက်လမ်းညွန် (ကိုစိုင်း )
Thai ph,0827952761 , 0814291178 ,
viber +66827952761
saithu102@gmail.com
0 comments:
Post a Comment