--------------------------------------------------------
ထုံဘူရီ (thonburi ) အနောက်ဘက် ကျောက်ဖရားမြစ်ကမ်းနဘေးတွင်
တွင်တည်ရှိပြီး ၄င်းရွာ၏အဓိပ္ပါယ်မှာ Makok အသီးတစ်မျိုး၏
viber +66827952761
saithu102@gmail.com
Wat Arun (အာရုဏ်ဦးစေတီတော် )သမိုင်းအကျဉ်း
--------------------------------------------------------
wat arun ဘုရားသည်ဘန်ကောက်တွင်အထင်ကရ ဘုရားတစ်ဆူ
ဖြစ်ပြီးအဝေးကပင်လှမ်းမြင်နိုင်ပြီး မြင်ရသူအပေါင်းကို အေးချမ်း
မှူ ့၊စိတ်ကြည်နူးမှူ ့ရသများကိုပေးစွမ်းနိုင်သည့်စေတီတစ်ဆူပင်ဖြစ်ပါသည်။
အဆိုပါ wat arun ဘုရားသည် Bangkok Yai ခရိုင်အတွင်းတွင်တည်ရှိပြီး
ထုံဘူရီ (thonburi ) အနောက်ဘက် ကျောက်ဖရားမြစ်ကနဘေးတွင်
တည်ရှိပါသည်။wat (ဝပ် ) ဆိုသည့်အဓိပ္ပါယ်မှာသန့်ရှင့်မြတ်မြင့်သည်ဟု
အဓိပ္ပါယ်ရပါသည်၊ arun ဆိုသည့်မှာ ဟိန္ဒူ နတ်ဘုရားနေမင်း၏သားတော်
Aruna၏နာမည်ကိုအစွဲပြု ပြီးမှည့်ယူခဲ့ခြင်းဖြစ်ပါသည်။ဗိမ္မာန်တော်ကို 17
ရာစုနှစ်ကတည်းကတည်ဆောက်ခဲ့ပြီး ပုထိုးတော်ကို 19 ရာစုနှစ်ရာမဘုရင်
Rama II လက်ထက်တွင်တည်ဆောက်ခဲ့ခြင်းဖြစ်ပါသည်။ wat arun
ဘုရားသည် အယုဒ္ဓရာနေပြည်လက်ထက်မတိုင်ခင် တည်ရှိခဲ့သည့်စေတီ
တော်ဖြစ်ပြီး ကျောက်ဖရားမြစ်ကမ်းနဘေး Bang Makok ရွာလေးတစ်ရွာ
တွင်တည်ရှိပြီး ၎င်းရွာ၏အဓိပ္ပါယ်မှာ Makok အသီးတစ်မျိုး၏
နာမည်ပင်ဖြစ်ပါသည် အယုဒ္ဓရာနေပြည်တော်ပျက်သုန်းပြီးနောက်
(thonburi )ထုံဘူရီနေပြည်တော်ကိုစတင်တည်ထောင်သူဘုရင်
Taksin လက်ထက်အာရုဏ်ဦးအချိန်တွင်ပြန်လည်ပြင်ဆင်မည်ဟု
ကတိပြုဆုတောင်းခဲ့ပြီး Wat Chaeng ဟုနာမည်ကိုပြောင်းလဲ
ခေါ်ဝေါစေခဲ့ပါသည်။စေတီ၏အပြင်အဆင်လက်ရာဒီဇိုင်းများမှာ ခမာတို့
၏လက်ရာများဖြစ်ပြီး ပုထိုးတော်ကို မှန်စီ များဖြင့်တရုတ်မှလာသော
ကုန်သည်များထံမှဝယ်ယူပြီးတည်ဆောက်ခဲ့ခြင်းပင်ဖြစ်ပါသည်။
ဘုရင်ရာမ Rama II လက်ထက်တွင်ပုထိုးတော်ကို 70 မီတာအမြင့်အထိ
ပြန်လည်ပြုပြင်တည်ဆောက်ခဲ့ကြောင့်သိရှိရပါသည်။
ဘန်ကောက်လမ်းညွန် (ကိုစိုင်း )
Thai ph,0827952761 , 0814291178 ,
telenor myanmar ph, 09792721758
viber +66827952761
saithu102@gmail.com
0 comments:
Post a Comment