-----------------------------------------------------------
ပစ္စည်း အရောင်းဆိုင်များ သည် ၄င်းတို့ အား ဧည့် သည်များ ၏ဝယ်ယူသည့် 
သို့ သော်လည်း ၄င်း အခြင်းအရာ ကို စတင်သိရှိ သည့် နေရက်မှစပြီး
တော့ ပါ။ဒီအကြောင်း အရာ တွေ ကို ဖော် ပြပေး ဖို့  အတန်တန် စဉ်းစား ခဲံ့ 
viber ,+ 66827952761
saithu102@gmail.com
ဘန်ကောက်တွင် ရှောင်ရန် ဈေးဝယ်လမ်းညွန်
-----------------------------------------------------------
ထိုင်းနိုင်ငံ သို့ဗီဇာ မလို ပဲ 14 ရက်သွား လာခွင့်ရလာပြီး ကတည်း ကမြန်
မာနိုင်ငံမှ ခရီးသွား ဧည့်သည်များ တစ်ဖွဲဖွဲ နှင့် ဘန်ကောက် သို့
လာရောက် လည် ပါတ်ကြ ပြီး တွေ့သမျှ မြင်သမျှ နေရာ တိုင်း တွင် မြန်မာ
နိုင်ငံမှ ဆေးလာရောက်ကုသသည့် ပုဂ္ဂိုလ်များ အလည်အပါတ် နှင့်ဈေး ဝယ်
လာရောက်ကြသူများ ဖြင့် ဘန်ကောက် တွင် တစ်စစနှင့်စည် ကား လာပြီ
ဖြစ်ပါသည်။ ပထမဆုံး အနေနှင့် ဘန်ကောက် မှာ လာရောက် လည်ပါတ်
ဈေးဝယ်ကြတော့မည် ဆိုလျင် ကျောက်မျက်ရတနာ ဖန်စီပစ္စည်းများ
ဖြစ်သည့်ငွေထည် လက်ဝတ်ရတနာများ စသည် တို့နှင့်လက်ဆောင်
ပစ္စည်း ဆိုင်များတွင်မဝယ်ယူသင့်ပါ။ ထိုင်း နိုင်ငံ မှ လက်ဝတ်ရတနာများ
သည်ဒီဇိုင်း အမြင်ဆန်း ပြီး လိုချင်စရာ များ ပင် ဖြစ်ပါသည်။သို့သော် လည်း
အဆင်းသာရှိ ပြီး အချင်း မရှိ သည့်ကျီးအာသီး ကဲ့သို့ပင် ဖြစ်ပါလိမ့်မည်။
ဝေးဝေး ကရှောင်မနှစ်သက်ပဲ ..စိတ်ထဲ တစ်စုံတစ်ရာ စွဲ လန်း မထား ဖို့
တိုက်တွန်း လိုပါသည်။အကြောင်း မှူ ကား ကျောက်မျက်ရတနာများ နှင့်
လက်ဝတ် ရတနာ ပစ္စည်း ဆိုင်များ သို့ tuk tuk များ taxi သမားများ မှာ စပွန်
ဆာ ယူ ကာ ခရီးသွားဧည့်သည်များ ကို ဆိုင်သို့လိုက်လံ ပို့ဆောင် ပေး
တတ် သည့်အတွက် ကြောင့်ဖြစ်ပါသည်။အချို့အချို ့taxi သမားများနှင့်tuk
tuk သမားများသည် ခဏလေးပါ လိုက်ကြည့်ပေးပါ ဆီဖိုး ရလို့စသည်ဖြင့်
ခေါ် ဆောင်သွားတတ်ကြပါသည်။၎င်း တို့ ဝင်ရောက် ပြသပေး သည့်
ကျောက်မျက်ရတနာနှင့် လက်ဝတ်ပစ္စည်းအရောင်းဆိုင် ၊ အမှတ်တရ
ပစ္စည်း အရောင်းဆိုင်များ သည် ၎င်းတို့အား ဧည့်သည်များ ၏ဝယ်ယူသည့်
ငွေတန်ဖိုး စုစုပေါင်း မှ 35 ရာခိုင်နှူ န်း ကို ပြန်လည်ခွဲ ဝေ ပေးသော
ကြောင့်ဝယ်ယူ သူမှာ အရမ်း ကို နစ်နာပြီး မိမိ နှစ်သက် သည့်ပစ္စည်းတစ်ခု
ကိုတန်ဖိုးကြီးကြီး ပေးဝယ် ရပါတော့သည်။ဘန်ကောက်လမ်းညွန် လည်း နူ
စဉ်ဘဝတုန်း က မိမိဧည့်သည်များ ကို လိုက်လံပို့ဆောင် ပေးဖူးခဲ့ပါသည်။
သို့သော်လည်း ၎င်း အခြင်းအရာ ကို စတင်သိရှိ သည့်နေရက်မှစပြီး
အဆိုပါ ဆိုင်များသို့ခေါ် ဆောင် သွားခြင်းအမှူ ့ကို လုံးဝ (လုံးဝ ) မပြု လုပ်
တော့ပါ။ဒီအကြောင်း အရာ တွေ ကို ဖော် ပြပေး ဖို့ အတန်တန် စဉ်းစား ခဲ့
ပါသည်။သို့ပါသော်လည်း လုပ်စားနေသည့်သူများ ကို ထောက် ထားခြင်း
မအားလပ်ခြင်း တို့ကြောင့်အချိန်ယူပြီး ရေးသင့်မရေး သင့်ကို ဆုံးဖြတ် ခဲ့
ပါသည်။ယခု အခါတွင် မိမိမျက်စိရှေ့တွင် ခဏခဏ ကြုံ လာတာ များသည်
ကတစ်ကြောင်း မတန်မရာ ဈေးကြီးကြီးပေးပြီး ဝယ်ယူနေသူများ နှင့် အဆို
ပါနေရာများသို့ဖျားရောင်း ပြီး လိုက်ပါ ပို့ဆောင် ပေး သူများ ဘေးမှကင်း
ဝေး စေရန် ပြန်လည်မျှဝေ ခြင်းဖြစ်ပါသည်။ မယုံကြည်သူများ အတွက်
ယုံပါဟု အတင်းမတိုက်တွန်း ပါ ။
ဘန်ကောက်လမ်းညွန် (ကိုစိုင်း )
Thai ph,0827952761 ,0814291178 ,
viber ,+ 66827952761
saithu102@gmail.com
0 comments:
Post a Comment