ထိုင္းဘုရင္မင္းျမတ္ ဘူမိေဘာ အဒူယာဒက္ဂ်္ ၏ေမြးေန ့အခမ္းအနား


ထိုင္းဘုရင္မင္းျမတ္ ဘူမိေဘာ အဒူယာဒက္ဂ်္ ၏ေမြးေန ့အခမ္းအနား
------------------------------------------------------------------------------
2015 ခုႏွစ္ ဒီဇင္ဘာလ 5 ရက္ေန႔သည္ ထုိင္းဘုရင္မင္းျမတ္ ဘူမိေဘာ
အဒူယာဒက္ဂ်္္Bhumibol Adulyadej ၏ (87)ႏွစ္ေျမာက္ ေမြးေန႔ျဖစ္သည္။
5 December 1927 ခုနွစ္ရက္ေန ့တြင္ ခမည္းေတာ္ ေဆာင္ကုလား
Songkla မင္းသား မဟိီဒိုး Mahidol Adulyadej နွင္ ့မယ္ေတာ္
Srinagarindra, တို ့မွ ဖြားျမင္ ေတာ္မူခဲ ့ပါသည္။ ဘူမိေဘာ ဘုရင္သည္
ထုိင္းႏုိင္ငံကုိ စုိးစံခဲ့ေသာ ခ်က္ကရီ မင္းဆက္ ( Chakri Dynasty )
မင္းဆက္၏ နဝမေျမာက္ ဘုရင္မင္းျမတ္ ျဖစ္သည္။
လူငယ္ဘဝ ျဖတ္သန္း ပံု
---------------------------
ငယ္စဥ္ကပင္
ထုိင္းႏုိင္ငံဘန္ေကာက္ၿမိဳ႕ႏွင့္ဆြစ္ဇာလန္ႏုိင္ငံ ေလာ့ဆိန္းၿမိဳ႕တြင္ဥပေဒ
ႏုိင္ငံေရးႏွင့္ လူမႈသိပံၸဘာသာရပ္မ်ားကုိပညာသင္ၾကားခဲ့သည္။
မိဘုရား ၾကီး သီရိေခတ္ကုိ ဆြစ္ဇာလန္ ႏုိင္ငံတြင္ပညာသင္ၾကား
စဥ္ ေတြ႔ျမင္ ေမတၲာမွ်ခဲ့ ျခင္းျဖစ္သည္။ သီရိေခတ္သည္ ႏုပ်ိဳစဥ္အခါက
ကမၻာတစ္ခြင္ အေခ်ာ အလွဆံုးအမ်ိဳးသမီးမ်ားတြင္ တစ္ေယာက္
အပါအဝင္အျဖစ္ ထင္ေပၚေက်ာ္ၾကားခဲ့သည္။ ၁၉၅၀ျပည့္ႏွစ္၊
ဧၿပီလ(၂၈)ရက္ ေန႔တြင္ထုိင္းသံအမတ္ႀကီး ခ်န္ဒရာပူရိဆူနတ္၏
သမီးေတာ္ျဖစ္သူ သီရိေခတ္( Sirikit Kitiyakara ) မင္းသမီးႏွင့္
စုလ်ားရစ္ပတ္ လက္ထပ္ ထိမ္းျမႇားခဲ့၍ ၾကင္ယာေတာ္အား (Queen
Somdej Pranang Chao)မိဖုရားဘြဲ႔ ေပးသနား ေတာ္မူခဲ့သည္။
မင္းၾကီး၏ဝါသနာ
--------------------
မင္းၾကီး သည္ ထုိင္း၊ အဂၤလိပ္၊ျပင္သစ္၊ဂ်ာမန္ အပါအဝင္ ဘာသာစကား
(၅)ခုကုိ သြက္လက္စြာ ေျပာဆုိႏုိင္သူျဖစ္ သည္။ ပန္းခ်ီႏွင့္
ဓါတ္ပံုရုိက္ျခင္းကုိ ဝါသနာထံုၿပီး ေတးဂီတကုိ ငယ္စဥ္ကတည္းက
ဝါသနာထံုခဲ့ သည္။ သီခ်င္းပုဒ္ေရေပါင္း (၅၀)ခန္႔ ေရးသားခဲ့သည္။
နွစ္သက္သည့္ စာအုပ္အခ်ိဳ႕ကုိလည္း ထုိင္းဘာသာသို႔ ျပန္ဆုိ၍ ထုတ္ေဝ
ခဲ့သည္။ပထမတန္းစား၀င္ ဓါတ္ပံုဆရာအဆင္ ့ရိွျပီး ခရီးထြက္တုိင္း
သူ႔လည္ပင္းတြင္ (Nikon) ကင္မရာတစ္လံုးကုိ အၿမဲတမ္း လြယ္ကာ ခရီး
ထြက္ေလ ့ရိွပါသည္။ ေလွေလွာ္ရြက္တုိက္ အားကစားဘက္၌လည္း
ခ်န္ပီယံတစ္ဦးျဖစ္သည္။ ၁၉၆၇ ခုႏွစ္ က က်င္းပခဲ့သည့္ အေရွ႕ေတာ
င္ အာရွ ကၽြန္းဆြယ္ အားကစားၿပိဳင္ပြဲတြင္ ရြက္္လြင့္ၿပိဳင္ပဲြ၌ ေရႊတံဆိပ္
ဆြတ္ခူးရရွိကာ ႏုိင္ငံဂုဏ္ကုိ ဂုဏ္ေဆာင္ခဲ့သည္။
သားသမီးမ်ား
---------------
ဘုရင္ဘူမိေဘာ အဒူယာဒက္ဂ်္ ႏွင့္ မိဖုရား သီရိေခတ္တုိ႔တြင္
သမီးေတာ္(၃)ပါးႏွင့္ သားေတာ္ တစ္ပါးထြန္းကားခဲ့သည္။ သားေတာ္မွာ
လက္ရွိ ထုိင္းႏုိင္ငံ၏ အိမ္ေရွ႕မင္းသား မဟာဗာဂ်ီရာေလာင္ကြန္ ျဖစ္ၿပီး
ၾသစေၾတးလ်ႏုိင္ငံ ဒန္ထရြန္း ဘုရင့္စစ္ တကၠသုိလ္ ေက်ာင္းဆင္း
တစ္ဦးျဖစ္ၿပီး ဂ်က္တုိက္ ေလယာဥ္မ်ားကုိ ကၽြမ္းက်င္စြာ ေမာင္းႏုိင္သူ
တစ္ဦးျဖစ္သည္။. ယခုအခါတြင္ ထုိင္းဘုရင့္ ေလတပ္တြင္ ဂုဏ္ထူးေဆာင္
ဗုိလ္ခ်ဳပ္ႀကီးအျဖစ္ ထမ္းရြက္လ်က္ရွိသည္။ သမီးေတာ္ မဟာခ်က္ကရီ
သီရိဒံုသည္ လူခ်စ္လူခင္ အမ်ားဆံုးေသာ သမီးေတာ္ တစ္ပါးျဖစ္သည္။
ထုိင္းတကၠသုိလ္ အပါအ၀င္ ႏုိင္ငံတကာ တကၠသုိလ္ အသီးသီးမွ
ဂုဏ္ထူးေဆာင္ ပါရဂူဘဲြ႔(၁၁)ဘြဲ႔ကုိ ရရွိထားသူျဖစ္သည္။ သီရိဒံုမင္းသမီး
သည္ သိပၸံ၊ ရာဇဝင္သမုိင္း၊ ပန္းခ်ီအႏုပညာတုိ႔ကုိ စိတ္ပါ၀င္စားသည္။
ထုိင္းမဟာဂီတကုိလည္း ကၽြမ္းက်င္စြာ သီဆုိတီးမႈတ္ႏုိင္ သူလည္း ျဖစ္
သည္။
ထီးနန္းအရိုက္အရာ ဆက္ခံျခင္း
------------------------------------
ေနာင္ေတာ္ဘုရင္ အာနႏၷာမဟီဒုိး နတ္ရြာစံေသာအခါ ဘုရင္ဘူမိေဘာ
အဒူယာဒက္ဂ်္သည္ ေနာင္ေတာ္၏ အရုိက္အရာကုိ ၁၉၄၆ ခုႏွစ္၊ ဇြန္လ
(၉)ရက္ေန႔တြင္ ဆက္ခံေတာ္မူ၍ ယေန႔တုိင္ ထုိင္းႏုိင္ငံကုိ စုိးစံေတာ္မူ
လ်က္ရွိသည္။ထုိင္းႏုိင္ငံ သမုိင္းတေလွ်ာက္တြင္ နန္းသက္္ အရွည္ဆံုး
မင္းတစ္ပါးအျဖစ္ မွတ္တမ္းဝင္ ခဲ့ၿပီးျဖစ္သည္။ သူသည္ နဝမေျမာက္
ရာမဘုရင္ဘဲြ႔ကုိပါ ျပည္သူတုိ႔၏ ဆႏၵႏွင့္အညီ ခံယူခဲ့သည္။
ျပည္သူမ်ား ၏ခ်စ္ခင္မွဴ ့ကို ရရိွျခင္း
---------------------------------------
ထုိင္းဘုရင္ဘူမိေဘာသည္ ေရႊနန္းျပႆဒ္မ်ားေပၚတြင္ အၿငိမ့္စား ထိုင္မေနပဲ
စိတ္ေကာင္း ႏွလံုး ေကာင္းရွိသည္ ့မင္း တစ္ပါး ျဖစ္သည္ ့အတြက္
အမူအရာခက္ထန္ ေမာက္ၾကြားမႈ ကင္းျပီး ယဥ္ေက်းသိမ္ေမြ႔သည္။
မည္သူ႔ကုိ မဆုိ ကူညီရုိင္းပင္းလိုေသာ လူမႈဝန္ထမ္းစိတ္ အျပည့္ရွိသည္။
တုိင္းျပည္ႏွင့္ လူမ်ိဳးအက်ိဳးရွိမည့္ အလုပ္မွန္လွ်င္ အားမာန္အျပည့္ႏွင့္
တစုိက္မတ္မတ္ အမွ်င္မျပတ္သယ္ပုိးခဲ့သည္။ ဆည္ေျမာင္းႏွင့္ တာတမံ
မ်ားတည္ေဆာက္ျခင္းအၾကင္နာတရားႏွင့္အားေပး ႏွစ္သိမ့္စကား
ေျပာၾကားသူ၊ ေတာင္ေပၚေန ဆင္းရဲသားမ်ားအားဘိန္းအစား အျခား
ေငြရ သီးႏွံမ်ားျဖင့္ အစားထုိး စုိက္ပ်ိဳးရန္ ကုိယ္တုိင္လုိက္လံ စည္းရံုးျခင္း
မ်ိဳးေကာင္းမ်ိဳးသန္႔ စပါးအထြက္မ်ားေစဖုိ႔ အတြက္ လယ္ကြင္းမ်ား အတြင္း
ကိုယ္ တိုင္ ဆင္းျပီး အပင္ပန္းခံကာ ပညာေပးရင္း စည္းရံုး သြန္သင္ျခင္း
လယ္သမားမ်ားႏွင့္ အသိခ်င္း ဖလွယ္ျခင္း ၊တုိင္းခန္းလွည့္လည္ရာ၌
သူ႔ေနာက္ပါးတြင္ပါဝင္ေသာအထူးကု ဆရာဝန္မ်ားႏွင့္ဆရာဝန္
မ်ားက ေဒသခံေဆးရံုမ်ားႏွင့္ ပူးေပါင္းၿပီး ျပည္သူတုိ႔အား အခမဲ့ေဆးဝါးကု
သေပးၾကျခင္း ၊ မိဖုရားသီရိေခတ္ နယ္စြန္နယ္ဖ်ားေန
ဆင္းရဲသားျပည္သူမ်ားအား အေႏြးထည္မ်ား ႏွင့္ၿခံဳေစာင္မ်ားကုိ
လက္ေဆာင္ ေပးျခင္း ေက်းလက္ေတာရြာမ်ားႏွင့္ ေတာင္ေပၚေဒသမ်ား
၊နယ္စပ္ေဒသမ်ားတြင္ ဆင္းရဲမြဲေတမႈႏွင့္ လူမႈျပႆနာမ်ား ကိုပေပ်ာက္ရန္အား
သြန္ခြန္စို္က္ၾကိဳ းပန္းျခင္း တို ့ေၾကာင္ ့ ဘုရင္ မင္းၾကီး သည္ တုိင္း သူျပည္
သား တို ့၏ စိတ္နွလံုး ကို သိမ္း သြင္း စည္းရံုး နုိင္ခဲ ့ ေသာမင္း
ေကာင္းမင္းျမတ္ တစ္ပါးျဖစ္ျခင္းျဖစ္ပါသည္။
စည္းမ်ဥ္းခံဘုရင္ စနစ္ သို ့လြဲေျပာင္းေပးရျခင္း
----------------------------------------------------
1932 ခုနွစ္ ဇြန္ 24တြင္ ေသြးေျမမက် ေတာ္လွန္ေရး ျဖစ္ပြားၿပီးေနာက္
သက္ဦးဆံပုိင္ ဘုရင္စနစ္မွ စည္းမ်ဥ္းခံ ဘုရင္စနစ္သုိ႔ ေျပာင္းလဲ
ေပးခဲ့ရပါ သည္။ဘုရင္ဘူမိေဘာ အဒူယာဒက္ဂ်္ဘူမိေဘာ၏ နန္းသက္
တေလွ်ာက္ ႏုိင္ငံေရးကေမာက္ကမ ျဖစ္မႈမ်ား ႀကံဳေတြ႔ခဲ့ရျပီး ။ စစ္တပ္မွ
အာဏာသိမ္းပုိက္ယူမႈ (၂၂)ႀကိမ္၊ ဖြဲ႔စည္းအုပ္ခ်ဳပ္ပံုအေျခခံဥပေဒသစ္
ေရးဆြဲမႈ (၁၁) ႀကိမ္ႏွင့္ ဝန္ႀကီးအဖြဲ႔ ေျပာင္းလဲ ဖြဲ႔စည္းမႈမ်ား(၃၆)ႀကိမ္
ျဖစ္ခဲ ့ပါသည္။ဘူမိေဘာသည္ လုပ္ပုိင္ခြင့္အာဏာ ကန္႔သတ္ခံ
ထားရေသာ စည္းမ်ဥ္းခံ ဘုရင္တစ္ပါးသာ ျဖစ္ ေသာ္ လည္း ၄င္း၏
အရွိန္အဝါက ျပည္သူမ်ားကုိ ေကာင္းေကာင္း ထိန္းထားႏုိင္ခဲ့သည္။
ထုိင္းစစ္တပ္ကလည္း အစုိးရေတြ တစ္ဖဲြ႔ၿပီးတစ္ ဖြဲ႔သာ ျဖဳတ္ခ်ခဲ့သည္။
ဘုရင္ ဘူမိေဘာကုိေတာ့သစၥာရွိၾကသည္။ ေလးစားၾကသည္။
ျမတ္ႏုိးၾကသည္။ထုိင္းဘုရင္မင္းျမတ္ႏွင့္ ျပည္သူတုိ႔သည္ ေရကုိျခား၍ ၾကား
မထင္သကဲ့သုိ႔ ခဲြျခားမရေအာင္ပင္ သေဘာၾကည္ျဖဴခ်စ္ခင္ေလး
စားေသာ ေႏွာင္ႀကိဳးမ်ားကုိ မည္သူကမွျဖတ္ ေတာက္၍ မရႏုိင္ေအာင္
ခုိင္ၿမဲတည္တံ့လ်က္ရွိေပသည္။ ထုိ႔ေၾကာင့္ ျပည္သူ တစ္ရပ္လံုးက
ထုိင္းဘုရင္အား “ဆြမ္ဒက္ဖ်ာ ပတၲရာမဟာရာဇာ” ဟူေသာဘဲြ႔ထူးကုိ
ေပးအပ္ခ်ီးျမွင့္ခဲ့သည္။ ယင္းဘဲြ႔၏အဓိပၸာယ္မွာ ျပည္သူအားလံုးက
ျမတ္ႏုိး ေလးစားရပါေသာ ဘုရင္ႀကီး (The Great Beloved King)
ဟူ၍ အနက္ရေပသည္။
တရားစီရင္ ပံု
----------------
ထုိင္းဘုရင္သည္ အေနမွန္သည္။ အာဏာရယူေရး ကိစၥမ်ားတြင္
မည္သည့္ဘက္မွ မပါဝင္ဘဲသိကၡာသမာဓိ ႏွင့္သာေနသည္။
ေက်ာသားရင္သား မခဲြျခားဘဲ တရားနည္းလမ္းက်စြာ ဆံုးျဖတ္
ေပးသည္။ သူ၏အေျပာအဆုိ အဆံုးအမ ႏွင့္ အဆံုးအျဖတ္ ကုိ
တစ္ျပည္လံုးက နာခံၾကသည္။ အားလံုးက မင္းၾကီးအေပၚ တြင္
သစၥာရွိ၍ ရုိေသေလးစားၾကသည္။
ေပ်ာ္ပြဲရြင္ပြဲမ်ားက်င္းပေပးျခင္း
---------------------------------
ထုိင္းဘုရင္မင္းျမတ္၏ ေမြးေန႕အထိမ္းအမွတ္တြင္ ေမြးေန႔အႀကိဳ
နွစ္စဥ္ ေတာ္၀င္လြတ္ၿငိမ္း ခ်မ္းသာခြင့္ ထုတ္ျပန္၍ အက်ဥ္းသား ကို
လြပ္ျငိမ္းခ်မ္းသာခြင္ ့ေပးျခင္း ၊ျမဘုရား အနီးတစ္ဝိုက္တြင္ ေပ်ာ္ပြဲရြင္ပြဲမ်ား
နွင္ ့စတုဒီသာမ်ား ေကၽြး ေမြးျခင္း အခမ္းအနားမ်ားကိုလည္းစည္ကားသိုက္
ျမိဳက္စြာနွစ္စဥ္ က်င္းပေပးေလ့ ရိွပါသည္။ မွတ္ ခ်က္ ယခု နွစ္တြင္ ေလးမ်က္
နွာဘုရား တြင္ ဗုန္းေဖာက္ခြဲ မွဴ ့အၾကမ္း ဖက္ တိုက္ ခိုက္ျခင္းေၾကာင္ ့လံုျခံဳ
ေရး အရ အထူး တင္းၾကပ္ နုိင္ဖြယ္ရိွပါသည္။
က်မ္းကိုး .. ဆရာသန္း၀င္းလိႈင္၏ ေဆာင္းပါး
wikipedia
ထိုင္းနိုင္ငံမွ website အသီးသီးမွ ေကာက္နူတ္ေဖာ္ျပပါသည္။
Thai ph,0827952761 , 0814291178 ,
viber +66827952761
saithu102@gmail.com
ထိုင်းဘုရင်မင်းမြတ်  ဘူမိဘော အဒူယာဒက်ဂ်ျ ၏မွေးနေ့အခမ်းအနား
------------------------------------------------------------------------------

2015 ခုနှစ် ဒီဇင်ဘာလ 5 ရက်နေ့သည် ထိုင်းဘုရင်မင်းမြတ် ဘူမိဘော

အဒူယာဒက်ဂ်ျ္Bhumibol Adulyadej  ၏ (87)နှစ်မြောက် မွေးနေ့ဖြစ်သည်။

5 December 1927 ခုနှစ်ရက်နေ့တွင် ခမည်းတော် ဆောင်ကုလား

Songkla မင်းသား  မဟီဒိုး Mahidol Adulyadej   နှင့်မယ်တော်

Srinagarindra,  တို့မှ ဖွားမြင် တော်မူခဲ့ပါသည်။ ဘူမိဘော ဘုရင်သည်

ထိုင်းနိုင်ငံကို စိုးစံခဲ့သော ချက်ကရီ မင်းဆက် ( Chakri Dynasty )

မင်းဆက်၏ နဝမမြောက် ဘုရင်မင်းမြတ် ဖြစ်သည်။



လူငယ်ဘဝ ဖြတ်သန်း ပုံ
---------------------------
ငယ်စဉ်ကပင်

ထိုင်းနိုင်ငံဘန်ကောက်မြို့နှင့်ဆွစ်ဇာလန်နိုင်ငံ လော့ဆိန်းမြို့တွင်ဥပဒေ

 နိုင်ငံရေးနှင့် လူမှုသိပ္ပံဘာသာရပ်များကိုပညာသင်ကြားခဲ့သည်။

မိဘုရား ကြီး သီရိခေတ်ကို ဆွစ်ဇာလန် နိုင်ငံတွင်ပညာသင်ကြား

စဉ် တွေ့မြင် မေတ္တာမျှခဲ့ ခြင်းဖြစ်သည်။ သီရိခေတ်သည် နုပျိုစဉ်အခါက

ကမ္ဘာတစ်ခွင် အချော အလှဆုံးအမျိုးသမီးများတွင် တစ်ယောက်

အပါအဝင်အဖြစ် ထင်ပေါ်ကျော်ကြားခဲ့သည်။ ၁၉၅၀ပြည့်နှစ်၊

ဧပြီလ(၂၈)ရက် နေ့တွင်ထိုင်းသံအမတ်ကြီး ချန်ဒရာပူရိဆူနတ်၏

သမီးတော်ဖြစ်သူ သီရိခေတ်( Sirikit Kitiyakara ) မင်းသမီးနှင့်

စုလျားရစ်ပတ် လက်ထပ် ထိမ်းမြှားခဲ့၍ ကြင်ယာတော်အား (Queen

Somdej Pranang Chao)မိဖုရားဘွဲ့ ပေးသနား တော်မူခဲ့သည်။

မင်းကြီး၏ဝါသနာ
--------------------

မင်းကြီး သည် ထိုင်း၊ အင်္ဂလိပ်၊ပြင်သစ်၊ဂျာမန် အပါအဝင် ဘာသာစကား

(၅)ခုကို သွက်လက်စွာ ပြောဆိုနိုင်သူဖြစ် သည်။ ပန်းချီနှင့်

ဓါတ်ပုံရိုက်ခြင်းကို ဝါသနာထုံပြီး  တေးဂီတကို ငယ်စဉ်ကတည်းက

ဝါသနာထုံခဲ့ သည်။ သီချင်းပုဒ်ရေပေါင်း (၅၀)ခန့် ရေးသားခဲ့သည်။

နှစ်သက်သည့် စာအုပ်အချို့ကိုလည်း ထိုင်းဘာသာသို့ ပြန်ဆို၍ ထုတ်ဝေ

 ခဲ့သည်။ပထမတန်းစားဝင် ဓါတ်ပုံဆရာအဆင့်ရှိပြီး  ခရီးထွက်တိုင်း

သူ့လည်ပင်းတွင် (Nikon) ကင်မရာတစ်လုံးကို အမြဲတမ်း လွယ်ကာ ခရီး

ထွက်လေ့ရှိပါသည်။  လှေလှော်ရွက်တိုက် အားကစားဘက်၌လည်း

ချန်ပီယံတစ်ဦးဖြစ်သည်။ ၁၉၆၇ ခုနှစ် က ကျင်းပခဲ့သည့် အရှေ့တော

င် အာရှ ကျွန်းဆွယ် အားကစားပြိုင်ပွဲတွင် ရွက်လွင့်ပြိုင်ပွဲ၌ ရွှေတံဆိပ်

ဆွတ်ခူးရရှိကာ နိုင်ငံဂုဏ်ကို ဂုဏ်ဆောင်ခဲ့သည်။ 


သားသမီးများ
---------------

ဘုရင်ဘူမိဘော အဒူယာဒက်ဂ်ျ နှင့် မိဖုရား သီရိခေတ်တို့တွင်

သမီးတော်(၃)ပါးနှင့် သားတော် တစ်ပါးထွန်းကားခဲ့သည်။ သားတော်မှာ

လက်ရှိ ထိုင်းနိုင်ငံ၏ အိမ်ရှေ့မင်းသား မဟာဗာဂျီရာလောင်ကွန် ဖြစ်ပြီး

ဩစတြေးလျနိုင်ငံ ဒန်ထရွန်း ဘုရင့်စစ် တက္ကသိုလ် ကျောင်းဆင်း

တစ်ဦးဖြစ်ပြီး ဂျက်တိုက် လေယာဉ်များကို ကျွမ်းကျင်စွာ မောင်းနိုင်သူ

တစ်ဦးဖြစ်သည်။. ယခုအခါတွင် ထိုင်းဘုရင့် လေတပ်တွင် ဂုဏ်ထူးဆောင်

ဗိုလ်ချုပ်ကြီးအဖြစ် ထမ်းရွက်လျက်ရှိသည်။ သမီးတော် မဟာချက်ကရီ

သီရိဒုံသည် လူချစ်လူခင် အများဆုံးသော သမီးတော် တစ်ပါးဖြစ်သည်။

ထိုင်းတက္ကသိုလ် အပါအဝင် နိုင်ငံတကာ တက္ကသိုလ် အသီးသီးမှ

ဂုဏ်ထူးဆောင် ပါရဂူဘွဲ့(၁၁)ဘွဲ့ကို ရရှိထားသူဖြစ်သည်။ သီရိဒုံမင်းသမီး

သည် သိပ္ပံ၊ ရာဇဝင်သမိုင်း၊ ပန်းချီအနုပညာတို့ကို စိတ်ပါဝင်စားသည်။

ထိုင်းမဟာဂီတကိုလည်း ကျွမ်းကျင်စွာ သီဆိုတီးမှုတ်နိုင် သူလည်း ဖြစ်

သည်။

ထီးနန်းအရိုက်အရာ ဆက်ခံခြင်း
------------------------------------

 နောင်တော်ဘုရင် အာနန္နာမဟီဒိုး နတ်ရွာစံသောအခါ ဘုရင်ဘူမိဘော

 အဒူယာဒက်ဂ်ျသည် နောင်တော်၏ အရိုက်အရာကို ၁၉၄၆ ခုနှစ်၊ ဇွန်လ

(၉)ရက်နေ့တွင် ဆက်ခံတော်မူ၍ ယနေ့တိုင် ထိုင်းနိုင်ငံကို စိုးစံတော်မူ

လျက်ရှိသည်။ထိုင်းနိုင်ငံ သမိုင်းတလျှောက်တွင် နန်းသက် အရှည်ဆုံး

မင်းတစ်ပါးအဖြစ် မှတ်တမ်းဝင် ခဲ့ပြီးဖြစ်သည်။ သူသည် နဝမမြောက်

ရာမဘုရင်ဘွဲ့ကိုပါ ပြည်သူတို့၏ ဆန္ဒနှင့်အညီ ခံယူခဲ့သည်။

ပြည်သူများ ၏ချစ်ခင်မှူ့ကို ရရှိခြင်း
---------------------------------------

ထိုင်းဘုရင်ဘူမိဘောသည် ရွှေနန်းပြဿဒ်များပေါ်တွင် အငြိမ့်စား ထိုင်မနေပဲ

 စိတ်ကောင်း နှလုံး ကောင်းရှိသည့်မင်း တစ်ပါး ဖြစ်သည့်အတွက်

အမူအရာခက်ထန် မောက်ကြွားမှု ကင်းပြီး ယဉ်ကျေးသိမ်မွေ့သည်။

မည်သူ့ကို မဆို ကူညီရိုင်းပင်းလိုသော လူမှုဝန်ထမ်းစိတ် အပြည့်ရှိသည်။

တိုင်းပြည်နှင့် လူမျိုးအကျိုးရှိမည့် အလုပ်မှန်လျှင် အားမာန်အပြည့်နှင့်

တစိုက်မတ်မတ် အမျှင်မပြတ်သယ်ပိုးခဲ့သည်။ ဆည်မြောင်းနှင့် တာတမံ

များတည်ဆောက်ခြင်းအကြင်နာတရားနှင့်အားပေး နှစ်သိမ့်စကား

 ပြောကြားသူ၊ တောင်ပေါ်နေ ဆင်းရဲသားများအားဘိန်းအစား အခြား

ငွေရ သီးနှံများဖြင့် အစားထိုး စိုက်ပျိုးရန် ကိုယ်တိုင်လိုက်လံ စည်းရုံးခြင်း

မျိုးကောင်းမျိုးသန့် စပါးအထွက်များစေဖို့ အတွက် လယ်ကွင်းများ အတွင်း

ကိုယ် တိုင် ဆင်းပြီး အပင်ပန်းခံကာ ပညာပေးရင်း စည်းရုံး သွန်သင်ခြင်း

လယ်သမားများနှင့် အသိချင်း ဖလှယ်ခြင်း ၊တိုင်းခန်းလှည့်လည်ရာ၌

သူ့နောက်ပါးတွင်ပါဝင်သောအထူးကု ဆရာဝန်များနှင့်ဆရာဝန်

များက ဒေသခံဆေးရုံများနှင့် ပူးပေါင်းပြီး ပြည်သူတို့အား အခမဲ့ဆေးဝါးကု

သပေးကြခြင်း ၊ မိဖုရားသီရိခေတ်  နယ်စွန်နယ်ဖျားနေ

ဆင်းရဲသားပြည်သူများအား အနွေးထည်များ နှင့်ခြုံစောင်များကို

လက်ဆောင် ပေးခြင်း ကျေးလက်တောရွာများနှင့် တောင်ပေါ်ဒေသများ

၊နယ်စပ်ဒေသများတွင် ဆင်းရဲမွဲတေမှုနှင့် လူမှုပြဿနာများ ကိုပပျောက်ရန်အား

သွန်ခွန်စ်ိုက်ကြို းပန်းခြင်း တို့ကြောင့် ဘုရင် မင်းကြီး သည် တိုင်း သူပြည်

သား တို့၏ စိတ်နှလုံး ကို သိမ်း သွင်း စည်းရုံး နိုင်ခဲ့ သောမင်း

ကောင်းမင်းမြတ် တစ်ပါးဖြစ်ခြင်းဖြစ်ပါသည်။

စည်းမျဉ်းခံဘုရင် စနစ် သို့လွဲပြောင်းပေးရခြင်း
----------------------------------------------------


1932 ခုနှစ် ဇွန် 24တွင် သွေးမြေမကျ တော်လှန်ရေး ဖြစ်ပွားပြီးနောက်

သက်ဦးဆံပိုင် ဘုရင်စနစ်မှ စည်းမျဉ်းခံ ဘုရင်စနစ်သို့ ပြောင်းလဲ

ပေးခဲ့ရပါ သည်။ဘုရင်ဘူမိဘော အဒူယာဒက်ဂ်ျဘူမိဘော၏ နန်းသက်

တလျှောက် နိုင်ငံရေးကမောက်ကမ ဖြစ်မှုများ  ကြုံတွေ့ခဲ့ရပြီး ။ စစ်တပ်မှ

အာဏာသိမ်းပိုက်ယူမှု (၂၂)ကြိမ်၊ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေသစ်

 ရေးဆွဲမှု (၁၁) ကြိမ်နှင့် ဝန်ကြီးအဖွဲ့ ပြောင်းလဲ ဖွဲ့စည်းမှုများ(၃၆)ကြိမ်

ဖြစ်ခဲ့ပါသည်။ဘူမိဘောသည် လုပ်ပိုင်ခွင့်အာဏာ ကန့်သတ်ခံ

ထားရသော စည်းမျဉ်းခံ ဘုရင်တစ်ပါးသာ ဖြစ် သော် လည်း ၎င်း၏

အရှိန်အဝါက ပြည်သူများကို ကောင်းကောင်း ထိန်းထားနိုင်ခဲ့သည်။

ထိုင်းစစ်တပ်ကလည်း အစိုးရတွေ တစ်ဖွဲ့ပြီးတစ် ဖွဲ့သာ ဖြုတ်ချခဲ့သည်။

ဘုရင် ဘူမိဘောကိုတော့သစ္စာရှိကြသည်။ လေးစားကြသည်။

 မြတ်နိုးကြသည်။ထိုင်းဘုရင်မင်းမြတ်နှင့် ပြည်သူတို့သည် ရေကိုခြား၍ ကြား

မထင်သကဲ့သို့ ခွဲခြားမရအောင်ပင် သဘောကြည်ဖြူချစ်ခင်လေး

စားသော နှောင်ကြိုးများကို မည်သူကမှဖြတ် တောက်၍ မရနိုင်အောင်

ခိုင်မြဲတည်တံ့လျက်ရှိပေသည်။ ထို့ကြောင့် ပြည်သူ တစ်ရပ်လုံးက

 ထိုင်းဘုရင်အား “ဆွမ်ဒက်ဖျာ ပတ္တရာမဟာရာဇာ” ဟူသောဘွဲ့ထူးကို

 ပေးအပ်ချီးမြှင့်ခဲ့သည်။ ယင်းဘွဲ့၏အဓိပ္ပာယ်မှာ ပြည်သူအားလုံးက

 မြတ်နိုး လေးစားရပါသော ဘုရင်ကြီး (The Great Beloved King)

ဟူ၍ အနက်ရပေသည်။

တရားစီရင် ပုံ
----------------

ထိုင်းဘုရင်သည် အနေမှန်သည်။ အာဏာရယူရေး ကိစ္စများတွင်

မည်သည့်ဘက်မှ မပါဝင်ဘဲသိက္ခာသမာဓိ နှင့်သာနေသည်။

 ကျောသားရင်သား မခွဲခြားဘဲ တရားနည်းလမ်းကျစွာ ဆုံးဖြတ်

ပေးသည်။ သူ၏အပြောအဆို အဆုံးအမ နှင့် အဆုံးအဖြတ် ကို

တစ်ပြည်လုံးက နာခံကြသည်။  အားလုံးက မင်းကြီးအပေါ် တွင်

သစ္စာရှိ၍ ရိုသေလေးစားကြသည်။

ပျော်ပွဲရွင်ပွဲများကျင်းပပေးခြင်း
---------------------------------

ထိုင်းဘုရင်မင်းမြတ်၏ မွေးနေ့အထိမ်းအမှတ်တွင်  မွေးနေ့အကြို

နှစ်စဉ် တော်ဝင်လွတ်ငြိမ်း ချမ်းသာခွင့် ထုတ်ပြန်၍ အကျဉ်းသား ကို

လွပ်ငြိမ်းချမ်းသာခွင့်ပေးခြင်း ၊မြဘုရား အနီးတစ်ဝိုက်တွင် ပျော်ပွဲရွင်ပွဲများ

နှင့်စတုဒီသာများ ကျွေး မွေးခြင်း အခမ်းအနားများကိုလည်းစည်ကားသိုက်

မြိုက်စွာနှစ်စဉ် ကျင်းပပေးလေ့ ရှိပါသည်။ မှတ် ချက် ယခု နှစ်တွင် လေးမျက်

နှာဘုရား တွင် ဗုန်းဖောက်ခွဲ မှူ့အကြမ်း ဖက် တိုက် ခိုက်ခြင်းကြောင့်လုံခြုံ

ရေး အရ အထူး တင်းကြပ် နိုင်ဖွယ်ရှိပါသည်။

ကျမ်းကိုး .. ဆရာသန်းဝင်းလှိုင်၏ ဆောင်းပါး

wikipedia

ထိုင်းနိုင်ငံမှ website အသီးသီးမှ ကောက်နူတ်ဖော်ပြပါသည်။

ဘန်ကောက်လမ်းညွန်-ကိုစိုင်း

Thai ph,0827952761 , 0814291178 ,

viber +66827952761

saithu102@gmail.com

http://www.bangkoktraveldirectory.info

0 comments:

Post a Comment