ကြက်ဆီထမင်းချက်နည်း
-------------------------------
ကြက်ရိုး ၃၀ကျပ်သား
ကြက်သွန်ဖြူ ၃ဥ (၁၅မွှာ)
ချင်း အနည်းငယ်
ဆား အနည်းငယ်
နာနတ်ပွင့် ၁ပွင့်
မုန်လာဥအနေတော် ၁ဥ
နံနံပင် အနည်းငယ်
သခွားသီး ၁လုံး
ပြင်ဆင်ပုံလမ်းညွန်
ကြက်ဆီထမင်းအတွက်:
ကြက်သားအတွက်:
ဟင်းချိုအတွက်:
အရသာ အပေါ့အငန်ပြင်ပါ။
အချဉ်အတွက်:
ပြင်ဆင်ပုံ
Credit to orginial uploader
ကြက်ဆီထမင်းချက်နည် း
-------------------------------
အားလပ်ရက်မှာ ကြက်ဆီထမင်း လုပ်စားရအောင်
ကြက်ဆီထမင်းကို ၄ယောက်စာအတွက်ချက်ပြုတ်နည်းလေးကို ပြန်လည်မျှဝေပေးပါတယ်ခင်ဗျာ..
လိုအပ်သောပစ္စည်းများ
ထမင်း ဆန်ချိန်ခွက် ၃ခွက်
ကြက်ပေါင်ခြမ်း ၃ခြမ်း (အဆီများများ)
ကြက်ရိုး ၃ဝကျပ်သား
ကြက်သွန်ဖြူ ၃ဥ (၁၅မွှာ)
ချင်း အနည်းငယ်
ဆား အနည်းငယ်
နာနတ်ပွင့် ၁ပွင့်
ပဲငံပြာရည်အကျဲ ထမင်းစားဇွန်း ၁ဇွန်း
ငရုတ်ကောင်းမှုန့် အနည်းငယ်
သကြား ထမင်းစားဇွန်း ၁ဇွန်း
ပျားရည် ဇွန်းသေး ၁ဇွန်း
မုန်လာဥအနေတော် ၁ဥ
ငရုတ်သီးအနီတောင့် ၅တောင့်
သံပုရာရည် ထမင်းစားဇွန်း ၁ဇွန်း (သို့) ရှာလကာရည် ဇွန်းသေး ၁ဇွန်း
ပဲငပိအချို ထမင်းစားဇွန်း ၁ဇွန်း
နံနံပင် အနည်းငယ်
သခွားသီး ၁လုံး
ပြင်ဆင်ပုံလမ်းညွန်
ကြက်ဆီထမင်းအတွက်:
(၁) ကြက်ပြုတ်ရည်အတွက် ကြက်ရိုးများကို ရေဆေး ခုတ်ထစ်ပြီး ကြက်သွန်ဖြူ ၄မွှာကို ဓားပြားရိုက်၊ ချင်း၊ဆား၊နနွင်းမှုန့်အနည်းငယ်တို့နှင့် နယ်ပြီး ရေ ၁.၅လီတာထည့်ပြီး ၁နာရီခန့် မီးအေးအေးဖြင့် တည်ပါ။
(၂) ကြက်ပေါင်ခြမ်းတွေမှ ကြက်အရေခွံနဲ့အဆီတွေကို ခွာပြီး ပန်းကန်တလုံးထည့်ပြီး ဆား၊နနွင်းမှုန့်အနည်းငယ်တို့နှင့် နယ်ထားပါ။
(၃) ဒယ်အိုးထဲ ဆီအနည်းငယ်ထည့်ပြီး ဆီဆူလာလျှင် ကြက်အရေခွံနဲ့အဆီတွေ ထည့်ကြော်ပေးပါ။ ကြက်ဆီမွှေးမွှေးလေး ရလာပါမည်။
(၄) ထမင်းပေါင်းအိုးထဲ ဆေးပြီးသားဆန်ကို ထည့်၊အဆင်(၃)မှ ကြက်ဆီ ဆန်ချိန်ခွက် တဝက်၊ ကြက်ပြုတ်ရည်ကို ဆန်ချိန်ခွက် ၄.၅ခွက်၊ ဆားအနည်းငယ်၊ နာနတ်ပွင့်ကို အဖတ်လေးတွေခွာထည့်ပြီး ခလုတ်နှိပ်ပါ။
(၅) ထမင်းမကျက်ခင် ကြက်ဆီတွေနှံ့အောင် ထမင်းကို အပေါ်အောက် လှည့်ပေးပါ။ (အပူငွေ့ကို သတိထားပါ)
ကြက်သားအတွက်:
(၆) ကြက်ပေါင်တွေကို ပဲငံပြာရည်အကျဲ၊ငရုတ်ကောင်းမှုန့်၊သကြား၊ပျားရည်၊ ဆား အနည်းငယ်တို့နှင့်နယ်ပြီး နာရီဝက်ခန့်နှပ်ပါ။
(၇) ဒယ်အိုးထဲ ဆီအနည်းငယ်ထည့်ပြီး ဆီဆူလာလျှင် ကြက်ပေါင်တွေကို ထည့်ကြော်ပါ။ အပေါ်ယံအလွှာ နီညိုရောင်ရလာလျှင် ကြက်ပြုတ်ရည်အနည်းငယ်ထည့်ပြီး ကျက်အောင် ကြော်ပါ။
ဟင်းချိုအတွက်:
(၈) မုန်လာဥကို ပါးပါးလှီး၊ ဆားနှင့်နယ်ပြီး ရေဆေးထားပါ။ ကြက်ပြုတ်ရည်ကို ဆူအောင် ပြန်တည်ပြီး ဆူလာလျှင် ကြက်သွန်ဖြူ ၄မွှာကို ဓားပြားရိုက်ပြီး ထည့်ပါ။ ပြီးလျှင် မုန်လာဥတွေ ထည့်ပြီး ဆူအောင်ထည်ပါ။
အရသာ အပေါ့အငန်ပြင်ပါ။
အချဉ်အတွက်:
(၉) ကြက်သွန်ဖြူ ၄မွှာ၊ငရုတ်သီးအနီတောင့် ၅တောင့်ကို ရောကြိတ်ပြီး ဆား အနည်းငယ်၊သံပုရာရည် ထမင်းစားဇွန်း ၁ဇွန်း၊ကြက်ပြုတ်ရည်အနည်းငယ်ထည့်ပြီး ရောမွှေပါ။
(၁၀) ပဲငပိအချိုနဲ့ကြက်ပြုတ်ရည်အနည်းငယ်ထည့်ပြီး ရောမွှေပါ။
ပြင်ဆင်ပုံ
ပန်းကန်ထဲ ကြက်ဆီထမင်းကို အလယ်မှာ ထည့်၊ ကြက်သားတွေကို အရှည်လိုက်လှီးပြီး စီထည့်၊ သခွားသီးကို စောင်းစောင်းလေးတွေလှီးပြီးစီထည့်၊ နံနံပင်ကို စီထည့်ပါ။
ငရုတ်ချဉ်၊ ပဲငပိ နှင့် မုန်လာဥဟင်းရည် တို့ကို ပန်းကန်လေးတွေနဲ့ ထည့်ပြီး ပြင်ပေးလိုက်လျှင် အမြင်လည်းလှ၊ စားလို့ကောင်းတဲ့ ကြက်ဆီထမင်း ရပါပြီခင်ဗျာ