
-------------------------------------------
၎) ၄၉% သောခရီးသည်များဟာ

လေယာဉ် ပေါ်တွင်မယဉ်ကျေးသည်အပြုအမူ များ
-------------------------------------------
London city airport line မှတွေ့ရှိလေ့လာထားသော လေယာဉ်ပေါ်တွင်မယဉ်ကျေး သည့် ခရီးသည်များ၏အပြုအမူများ...

၁) ၆၃% သောခရီးသည်များဟာ နောက်မှီကို
အစွန်းကုန်လှန်ချကာအိပ်စက်ခြင်းကြောင့်
၎င်းရဲ့နောက်ကျောမှီဟာ နောက်လူရဲ့ပေါင်ပေါ်နားအထိရောက်နေပြီး
နောက်လူရဲ့ ခြေထောက်လွတ်လပ်မှုကို အနှောက်အယှက်ဖြစ်တယ်။

၂) ၅၅% သောခရီးသည်များဟာ ဘေးလက်တင်များကို
အပြည့်အဝမောင်ပိုင်စီးထားပြီး ဘေးသူများ၏လွတ်လပ်မှုကို
နှောက်ယှက်ရာရောက်နေတယ်။

၃) ၅၃% သောခရီးသည်များဟာ လေယာဉ်မောင်/မယ်များကို
ရင့်သီးရိုင်းပျစွာပြောဆိုဆကိဆံကြတယ်။

၄) ၄၉% သောခရီးသည်များဟာ
အလွန်ကြီးမားသောလက်ဆွဲအိတ်များကို
ပေါင်ပေါ်တင်၍ကိုင်ထားခြင်း

၅) ၄၃% သောခရီးသည်များဟာ ၎င်းတို့အချင်းချင်း
ကျယ်လောင်စွာစကားပြောကြတယ်။

၆) ၄၀% သောခရီးသည်များဟာ လေယာဉ်ရပ်တာနဲ့
လူဝင်မှုကြီးကြပ်ရေး အစစ်ဆေးခံဖို့
အလျင်အမြန်တိုးထွက်ကြတယ်။

၇) ၃၄% သောခရီးသည်များဟာ ခေါင်းပေါ်ရှိ
ပစ္စည်းထားရာအခန်းရှိ ၎င်းတို့ပိုင်အိတ်မျာအတွင်းမှ
ပစ္စည်းထုတ်/သွင်းခြင်းများကို ကြိမ်ဖန်များစွာပြုတတ်တယ်။

၈) ၃၃% သောခရီးသည်များဟာ ၎င်းတို့ရဲ့ခြေထောက်ကို
ရှေ့ထိုင်ခုံ ၂ လုံးကြားမှာတင်ပြီးအနားယူတဲ့အတွက်
ရှေ့လူများရဲ့ပုခုံးကို မကြာခဏထိမိပြီး အနှောက်အယှက်ဖြစ်စေတယ်။

၉) ၂၄% သောခရီးသည်များဟာ ဘေးလူများကိုအားမနာပဲ
၎င်းတို့ရဲ့ကလေးငယ်များကို ဆဲဆိုနေတတ်တယ်။

၁၀) ၁၉% သောခရီးသည်များက ဘေးရှိမှန်ပြူတင်းကို
ခေါင်းအပြည့်ကာပြီးကြည့်နေလို့ အခြားသူများအတွက်
မြင်ကွင်းကိုပိတ်ထားသလိုဖြစ်နေတယ်။

0 comments:

Post a Comment