ဘန်ကောက်ရှိ Asokaram ဘုရားကျောင်း ☝☝

ဘန်ကောက်ရှိ Asokaram ဘုရားကျောင်း
Asokaram ဟာ စမူဖရာ့ကန်Samut Prakan ရှိ
ထိုင်း ဗုဒ္ဓဘာသာ ဘုရားကျောင်း ဖြစ်ပြီး ဗိသုကာ
လက်ရာများ အလွန်တစ်ရာ လှပပါတယ်။ ဘန်ကောက်
ကမ္ဘာလှည့် ခရီးသွားများသွားလေ့ရှိတဲ့ နေရာမဟုတ်ပေမယ့် သွားရောက်ဖို့ အကြံပေးချင်ပါတယ်။ ဘုန်းတော်
ကြီး Phra Acharn Lee Thammawaro က ၁၉၆၂
ခုနှစ်မှာ တည်ဆောက်ခဲ့တာ ဖြစ်ပြီး ဘုရားကျောင်းဟာ အေးချမ်းတိတ်ဆိတ်တဲ့အတွက် တရားထိုင်လို့ ကောင်းမွန်ပါတယ်။ Asokaram ကို ရောက်ရင်တော့ Phra Thutangkha Chedi ဟာ မဖြစ်မနေ လည်ပတ်သင့်တဲ့ နေရာဖြစ်ပါတယ်။ ဘုရားကျောင်းရဲ့ အလင်းရောင
်ကောင်းမွန်စွာ ရရှိမှုနဲ့ ရှုခင်းလှပမှုကြောင့် ဓါတ်ပုံဝါသနာရှင်များစွာကိုလည်း ဘုရားမှာ တွေ့ရပါတယ်။


စိတ်ဝင်စားဖွယ် နေရာ
Asokaram ဘုရားရဲ့ စိတ်ဝင်စားဖွယ် နေရာမှာ အောက်ခြေမှာ ရှိတဲ့ ဘုရားရင်ပြင်ဖြစ်ပါတယ်။ Phra Thutangkha Chedi လို့ အမည်ပေးထားပြီး ဘုန်းကြီးများရဲ့ ၀ိနည်း ၁၃ ချက်ကို ဖော်ညွှန်းတဲ့ အဖြူရောင် စေတီ ၁၃ ခုကို တည်ထားကိုးကွယ်ထားပါတယ်။ အလွန် သပ္ပါယ်ဖို့ ကောင်းပါတယ်။ တရားဓမ္မ သင်ကြားနေတဲ့ ဘုန်းကြီးများနဲ့ ဘုရား သန့်ရှင်းရေး ပြုလုပ်နေတဲ့ ဘုန်း
ကြီးများကိုလည်းတွေ့ရပါတယ်။ ဘုရားကျောင်းကို
တည်ဆောက်သူ ဘုန်းကြီး Ajarn Lee ရဲ့ ဓါတ်ပုံများကိုလည်း မျက်နှာကျက်မှာ ချိတ်ဆွဲထားပါတယ်။

Asokaram ဘုရားကျောင်းဟာ နိုင်ငံခြားသား ခရီးသွားများအတွက် ဗုဒ္ဓ တရားဓမ္မများကို လေ့လာနိုင်တဲ့ ထိုင်းဘုရားကျောင်းများထဲမှ တစ်ခုဖြစ်ပါတယ်။ ဘုရား
ကျောင်းမှ အချို့ဘုန်းကြီးများက အင်္ဂလိပ်လို ပြောနိုင်ပါတယ်။

ဖွင့်ချိန်
နေ့စဉ် နံနက် ၆ နာရီကနေ ညနေ ၅ နာရီ အထိ ဖွင့်
လှစ်ပါတယ်။
သွားရောက်လည်ပါတ်ရန်လိပ်စာ မှာ Soi Sukhaphiban 58, Tambon Tai Ban, Amphoe Mueang, Samut Prakan အသောက ဘုရား ကို BTS နှင့် MRT ရထားများမရောက် သဖြင့် Taxi များငှါးရမ်းသွားကြပါ
The Traveller
#ဘန်ကောက်လမ်းညွန် #ကိုစိုင်း
0827952761,0814291178
Viber+66827952761

0 comments:

Post a Comment