Vana Nava Water Park ဟွာဟင်း ❤❤

Vana Nava Water Park ဟွာဟင်း
Vana Nava Hua Hin Water Park ရေကစားကွင်းဟာ Hua Hin မြို့မှာ
တည်ရှိပါတယ်။
သဘာဝ တောရိုင်းတိရစ္ဆာန်နဲ့ အပင်များ ကျက်စား ပေါက်ရောက်တဲ့ ထိုင်းနိုင်ငံရဲ့
ပထမဆုံး ထူးခြား တဲ့ ရေကစားကွင်းဖြစ်ပါတယ်။
မြေလွတ်မြေရိုင်းများကို တောအဖြစ် ဖန်တီးခဲ့ကြတာ ဖြစ် ပြီး ၃.၂ ဟက်တာ
ကျယ်ဝန်းပြီး တိရိစ္ဆာန်မျိုး စိတ်ပေါင်း ၂၀၀ ၀၀၀ ကျော အဲဒီကစားကွင်း မှာ
ရှိပါ တယ်။ ခေတ်ပေါ် နည်းပညာဖြင့် တည်ဆောက်ထား
ပြီး ကမ္ဘာ့ အကောင်းဆုံး WhiteWater West Industries က တည်ဆောက်
ပေးထားတဲ့ စိတ်လှုပ် ရှားစရာ ရေလွှာလျှောနဲ့ ရဟတ်ပေါင်း ၁၉ ခု ရှိပါတယ်။
ထိုင်းနိုင်ငံရဲ့ ခရီးသွား လုပ်ငန်းမှာတော့ Vana Nava Hua Hin Water Park
ဟာ နာမည်ကျော်ကြားပါ တယ်။
လူတွေ ဖန်တီးထားတဲ့ တောင်များနဲ့ Vana Nava Falls ရေတံခွန်ရှိပြီး အာရှမှာတော့
အမြင့်ဆုံးတောင် ဖြစ်ပါ တယ်။ နေ့ဘက်ရော ညဘက်အတွက်ပါ ဖျော်ဖြေရေး
အစီအစဉ်များ ရှိတဲ့အတွက် သင် ပျင်းဖို့ အချိန် ရှိမှာ မဟုတ်ပါဘူး။
အစားအစာမျိုးစုံလည်း ရှိပါတယ်။ ထိုင်းနိုင်ငံမှာတော့ Vana Nava Hua Hin
Water Park ဟာ မိသားစု အပန်းဖြေဖို့ အကောင်းဆုံး နေရာ
ဖြစ်ပါတယ်။
ထိုင်းနိုင်ငံရဲ့ တစ်ခုတည်းသော ရေကစားကွင်း ဖြစ်ပြီး နိုင်ငံတကာ လုံခြုံရေး
စံချိန် စံညွှန်းများဖြင့် တည်ဆောက်ထားပါတယ်။ ရေကစားသူများရဲ့ အသက်
အန္တရာယ် လုံခြုံစေဖို့ Life Guards များက စောင့်ကြပ်ပေးပါတယ်။
ကလေးငယ်များကို စိတ်ချလက်ချ ဆော့ကစားစေ နိုင်ပါတယ်။
နည်းပညာမြင့် ဒစ်ဂျစ်တယ် ငွေပေးချေမှု စနစ်များ ရှိတဲ့အတွက် ငွေသား
ကိုင်သွားစရာတောင် မလိုပါဘူး။

အဆောက်အဦးများရဲ့ ဒီဇိုင်းများမှာ လှပပြီး အမိုး တည်ဆောက်ပုံကလည်း
အဆင့်မြင့်ပါတယ်။ ရေကူးကန် အားလုံးမှာ LED မီးလုံးများဖြင့်
အလှဆင်ထားပါတယ်။ ဂိမ်းကစားကွင်းများ၊ ဈေးဆိုင်များ၊ အနှိပ်ခန်းများ
အစရှိတဲ့ ၀န်ဆောင်မှုများကိုလည်း ပံ့ပိုးပေးထားပါတယ်။
Vana Nava Hua Hin Water Park ဟာ အသက်အရွယ် အပိုင်းအခြား
မရွေး လူတိုင်းကို ပျော်ရွှင်စေမှာ ဖြစ်ပါတယ်။

စိတ်ဝင်စားစရာနေရာများ
Abyss
ထိုင်းမှာ အကြီးမားဆုံး ရေလွှာလျှောဖြစ်ပါတယ်။ လူ ၆ ယောက် အထိ တစ်ပြိုင်နက် အမြင့် ၂၈ မီတာကနေ လျှောစီးရမှာ ဖြစ်ပါတယ်။ တစ်နာရီလျှင် ၄၅ ကီလိုမီတာ အမြန်နှုန်း ရှိပါတယ်။
Boomerango
ထိုင်းမှာ အရှည်ဆုံး ရေလွှာလျှောဖြစ်ပြီး ၁၇၉ မီတာ ရှည်လျားပါတယ်။ တစ်နာရီလျှင် ၄၅ ကီလိုမီတာ အမြန်နှုန်းနဲ့ လျှောစီးရမှာပါ။
RainFortress
ရေလွှာလျှော ၇ ခုနဲ့ ကလေးများအတွက် ရေကူးကန်ငယ်လေးရှိပါတယ်။ ကြီးမားတဲ့ ရေပုံးကြီးက ၅ မိနစ် တစ်ခါ အောက်မှ လူများအား ရေများဖြင့် ဖြန်းပက်ပေးပါတယ်။
AquaCourse
ထိုင်းမှာ ဒီလိုမျိုး ဒီတစ်ခုပဲ ရှိပါတယ်။ ကြိုးများ၊ အတားအဆီးများနဲ့ ရေသေနတ်များကို ကျော်ဖြတ်ရတာ ဖြစ်ပြီး အလွန်ပျော်စရာကောင်းပါတယ်။
Kiddie Cove
Kiddie Cove မှာ ရေလွှာလျှော ၇ ခု၊ ရေတံခွန် ၁၁ ခု ရှိပါတယ်။
Coconut Beach
စတုရန်း မီတာ ၁၆၀၀ ကျယ်ဝန်းပြီး ကမ်းခြေအတု ပုံစံ ဖန်တီးထားပါတယ်။ ကမ်းခြေမှာ ဖျော်ဖြေရေးများ၊ တေးသီချင်းများ နဲ့ အနှိပ်ခန်းများ ရှိပါတယ်။
Vana Nava Falls
အာရှရှိ လူလုပ် ရေတံခွန်များထဲမှာ အမြင့်မားဆုံး ဖြစ်ပါတယ်။ ၃၁ မီတာ အမြင့်ရှိပြီး Coconut Beach နဲ့ Wave Pool ထံ လမ်းလျှောက်သွားနိုင်ပါတယ်။
Slide Jungle
Slide Jungle မှာတော့ ရေလွှာလျှော မျိုးစုံရှိပါတယ်။
Lazy River
၃၄၅ မီတာ အရှည်ရှိတဲ့ လူလုပ် မြစ်ချောင်း ဖြစ်ပါတယ်။ ထိုင်းမှာတော့ အရှည်ဆုံး လူလုပ်မြစ်ဖြစ်ပါတယ်။
Ropes Course
Ropes Course ဟာ ၁၃.၄ မီတာ အမြင့်ကို ကြိုးဖြင့် တက်ရတဲ့ စွန့်စွန့်စားစား ကစားကွင်းဖြစ်ပါတယ်။ အသက်အရွယ်အားလုံး ကစားနိုင်ပြီး အဖွဲ့လိုက် ယှဉ်ပြိုင်နိုင်ပါတယ်။
Climbing Wall
၁၃ မီတာ အမြင့်ရှိတဲ့ နံရံကို တက်ရတဲ့ ကစားနည်း ဖြစ်ပါတယ်။
Chang Surf Zone
ရေလှိုင်းစီးချင်သူများအတွက် ရေလှိုင်းအတုများကို ဖန်တီးပေးထားပါတယ်။ ရေလှိုင်းစီးကို အခုမှ စသင်မယ့် လူများအတွက် လေ့ကျင့်ပေးတဲ့ လူများကို ထားရှိပေးထားပါတယ်။

ဖွင့်ချိန်
နေ့စဉ်နေ့တိုင်း နံနက် ၁၀ နာရီကနေ ညနေ ၆ နာရီအထိ ဖွင့်လှစ်ပေးပါတယ်။

လက်မှတ်
လူကြီး - ဘတ် ၁၀၀၀
ကလေး ( ၉၁ နဲ့ ၁၂၂ စင်တီမီတာကြား ) - ဘတ် ၆၀၀
လူကြီး ( အသက် ၆၀ နဲ့ အထက် ) - ဘတ် ၆၀၀

The Traveller
#ဘန်ကောက်လမ်းညွန် #ကိုစိုင်း
0827952761,0814291178
viber +66827952761

0 comments:

Post a Comment