ဘန်ကောက် အမြင့်ဆုံး MahaNakhon tower
🏢
🏢
MahaNakhon ဟာ ဘန်ကောက်ရဲ့ Silom/Sathon
ပင်မ စီးပွားရေး ဇုန်မှာ တည်ရှိတဲ့ မိုးမျှော်အဆောက်
အဦးအသစ် ဖြစ်ပါတယ်။
၂၀၁၆ ခုနှစ် သြဂုတ်လ အစော ပိုင်းမှာ စတင် ဖွင့်လှစ်ခဲ
့တာ ဖြစ်ပါတယ်။ အဆောက်အဦး မျက် နှာပြင် ကို
လေးထောင့် ဘလောက်တုံးများဖြင့် ဆန်းသစ်စွာ
ဒီဇိုင်းထွင်ထားပါတယ်။
ယခင်က အဝေး ကလှမ်း ကြည့် ရင် ဆောက်လက်
စ ပြိုလဲ တော့မဲ့ပုံစံ နဲ့ မိုးမျော် တိုက်ကြီး ဟာ ယခုဆို
စလိုက်မီးများနှင့် လှပစွာပေါ်ထွက်လာခဲ့ပါပြီ ။
ယနေ့ Facebook လူမူ့ကွန်ရက် နှင့် ထိုင်း နိုင်ငံ
သတင်း ဌာ နများတွင် အကျယ် တစ်ဝင့် အလေးပေး
ဖော် ပြ ခဲ့ကြပါသည် ။
Mahanakhon tower မှာ လူနေအိမ်ခန်းများ သာမက စီးပွားရေးလုပ်ငန်းများ အတွက် ရုံးခန်းများ ပါရှိပါတယ်။
လူနေအိမ်ခန်းများကိုတော့ ဧပြီလမှာ စတင်
နေထိုင်ခွင့်ပြုခဲ့ပါတယ်။
MahaNakhon ဟာ ထိုင်းနိုင်ငံရဲ့ အမြင့်မားဆုံး
အ ဆောက်အဦး ဖြစ်လာခဲ့ပြီး ၃၁၄.၂ မီတာ
( ၁၀၃၁ ပေ ) အမြင့်ရှိပါတယ်။
အထပ်ပေါင်း ၇၇ ထပ်ပါရှိပါတယ်။ ဟိုတယ်ခန်းများ၊
ဈေးဆိုင်များ၊ လူနေအိမ်ခန်းများနဲ့ The Ritz-Carlton Residences များ ပါရှိပြီး အခန်းတန်ဖိုးဟာ အမေရိ
ကန်ဒေါ်လာ ၁ ၁၀၀ ၀၀၀ ကနေ ၁၇ ၀၀၀ ၀၀၀ အထိ ရှိတဲ့ အတွက် ဘန်ကောက်ရဲ့ တန်ဖိုးအကြီးဆုံး ကွန်ဒိုမီနီယမ် ဖြစ်လာပါတယ်။
သမိုင်းကျောင်း
MahaNakhon စီမံကိန်းကို ၂၀၀၉ ခုနှစ် ဇူလိုင်လ ၂၃ ရက်နေ့မှာစတင် ကြေညာခဲ့ပါတယ်။
ဒီဇိုင်းကုမ္ပဏီ Office for Metropolitan ရဲ့ ယခင် ပါတနာဖြစ်တဲ့ ဂျာမန် ဗိသုကာ ပညာရှင် Ole Scheeren ၊ ထိုင်း ကုမ္ပဏီ Pace Development ၊ လန်ဒန်အခြေ
စိုက် David Collins Studio နဲ့ Industrial Buildings Corporation PLC တို့ ပူးပေါင်း တည်ဆောက်ခဲ့တာ
ဖြစ်ပါတယ်။
၂၀၁၅ မှာ Pace Development က Industrial Buildings Corporation PLC ရဲ့ လက်ကျန် ရှယ်ယာများကို ၀ယ်ယူခဲ့ပါတယ်။
အဲဒီအတွက် Pace Development ဟာ စီမံကိန်းရဲ့ အဓိက ရှယ်ယာရှင် ဖြစ်လာပါတယ်။
အုတ်မြစ်ချ အခမ်းအနားကို ၂၀၁၁ ဇွန်လ ၂၀ ရက်
နေ့မှာ ခမ်းနားစွာ ကျင်းပခဲ့ပါတယ်။
တည်ဆောက်ဆဲ ၂၀၁၅ ခုနှစ်မှာ MahaNakhon ဟာ ထိုင်းရဲ့ အမြင့်ဆုံး အဆောက်အဦးဖြစ်ခဲ့ပြီး ၂၀၁၆ ခုနှစ်မှာ အပြီးသတ်ခဲ့ပါတယ်။
တည်ဆောက်မှု ကုန်ကျစားရိတ်မှာ ဘတ် ၂၁ ဘီလီယမ်( အမေရိကန် ဒေါ်လာ သန်း ၆၂၀ ) ဖြစ်ပါတယ်။
၂၀၁၃ ခုနှစ်မှာ ပင်မ တာဝါဟာ ၄ ထပ် အထိ ရောက်ရှိခဲ့ပြီး တစ်လလျှင် ၂ ထပ်ကနေ ၃ ထပ် အထိ တည်ဆောက်နိုင်ခဲ့ပါတယ်။ ၂၀၁၄ ခုနှစ် စက်တင်ဘာလမှာ ၄၅ ထပ်နဲ့ ဒီဇင်ဘာလမှာ အထပ် ၆၀ အထိ တည်ဆောက်နိုင်ခဲ့ပါတယ်။ ၂၀၁၅ ခုနှစ် ဧပြီလမှာ တာဝါ ထိပ်ဖျားကို အပြီးသတ်ခဲ့ပြီး ၃၁၄ မီတာ အမြင့်ရှိလာပါတယ်။ ၂၀၁၆ ခုနှစ်မှာ ကျန်တဲ့ အစိတ်အပိုင်းများအားလုံးကို အပြီးသတ်ခဲ့ပါတယ်။
၂၀၁၄ ခုနှစ် စက်တင်ဘာလမှာ MahaNakhon ရှိ The Ritz-Carlton Residences ကို ဘန်ကောက်ရဲ့ ၂၀၁၄ ခုနှစ်အတွက် အကောင်းဆုံး တန်ဖိုးကြီး ဇိမ်ခံ ကွန်ဒို တည်ဆောက်မှု ဆုကို ထိုင်း အိမ်ခြံမြေ ဆုပေးပွဲမှာ ပေးအပ်ခဲ့ပါတယ်။ အဲဒီနှစ် အောက်တိုဘာလမှာပဲ The Ritz-Carlton Residences ကို အကောင်းဆုံး ထိုင်း အဆောက်အဦးနဲ့ အကောင်းဆုံး ဇိမ်ခံ ကွန်ဒို တည်ဆောက်မှု ဆုများကို SE Asia Property Awards မှာ ချီးမြှင့်ခဲ့ပါတယ်။ အဲဒီဆုများကို စင်ကာပူမှာ Pace ရဲ့ ဈေးကွက်
ဖြန့်ချီရေး အရာရှိ Kipsan Beckk က တက်ယူခဲ့ပါတယ်။
၂၀၁၅ ခုနှစ်မှာ MahaNakhon ဟာ အာရှ-ပစိဖိတ် အိမ်ခြံမြေ ဆုပေးပွဲမှာ ဆု ၃ ဆုရရှိခဲ့ပါတယ်။ အကောင်းဆုံး လူနေအိမ်နဲ့၊ စီပွားရေးသုံး ရုံး ဆု၊ အကောင်းဆုံး လူနေတိုက်ခန်း ဆုနဲ့ အကောင်းဆုံး မိုးမျှော် လူနေ
တိုက်ခန်း ဆုများ ဖြစ်ပါတယ်။
ကမ္ဘာ့ အဆင့် သတ်မှတ်ချက်
MahaNakhon ဟာ ကမ္ဘာ့အမြင့်ဆုံး မိုး မျှော် အ
ဆောက်အဦး စာရင်းမှာ အဆင့် ၆၆ ရှိပြီး အာရှမှာတော့ အဆင့် ၃၄ ဖြစ်ပါတယ်။ ထိုင်းနဲ့ ဘန်ကောက်မှာတော့
အမြင့်ဆုံး အဆောက်အဦး ဖြစ်လာပါတယ်။
The Traveller
#ဘန်ကောက်လမ်းညွန် #ကိုစိုင်း
0827952761,0814291178
Viber +66827952761

0 comments:
Post a Comment