တိမ်တွေ နေတဲ့ အရပ် ဆီ က Phetchabun Province
😍
😍
ဖစ်ချဘွန် လို့ခေါ်တဲ့ ဒေသဟာ ထိုင်းမြောက်ပိုင်း ပြည်
နယ်ရဲ့ အလယ်ဗဟိုကျတဲ့ နေရာ ဖြစ်ပါတယ်။ သဘာဝ အလှအပ များ နှင့် ထိုင်း နိုင်ငံ ရဲ့ အလှ ဆုံး တောင်
ပေါ်ဒေသ နေရာ များ ထဲ မှာ တစ်ခု အပါ အဝင် ဖြစ် ပါတယ်။
Loei, Khon Kaen, Chaiyaphum, Lopburi, Nakhon Sawan, Phichit, Phitsanulok စတဲ့ မြို့ များ နှင့် နယ် နိမိတ် ထိစပ်နေပြီး တိမ်တွေ ပေါ် မှာ တည် ထား တဲ့ တောင်ပေါ် ဒေသ လေး တစ်ခု ဖြစ်ပါတယ် ။
ပထ၀ီအနေအထား
ဖစ်ချ ဘွန် မြို့ လေး ဟာ ထိုင်းမြောက်ပိုင်းထဲမှာ
အောက်ပိုင်းကျတဲ့ ဒေသဖြစ်ပြီး မြောက်ပိုင်းနဲ့ အလယ်ဗဟိုကြားမှာ တည်ရှိပါတယ်။
ဖစ်ချ ဘွန် ဒေသ လေးမှာ တောင်တန်းများနဲ့ သီးနှံ
ှံစိုက်ခင်းများ ပေါကြွယ်ဝတဲ့ ဒေသလည်း ဖြစ်ပါတယ်။ သဘာဝဥယာဉ်၊ ရေတံခွန်နဲ့ ရေကန်များလည်း ရှိ ပြီး
အပန်း ဖြေ အလည် သွား ရောက် သူများရဲ့ စိတ် နုလုံး ကို ဖမ်း စားနိုင် တဲ့တောင်ပေါ်ဒေသ လေး တစ်ခု ဖြစ်ပါတယ်
မြို့နယ်များ
ဖစ်ချ ဘွန် ဒေသ တွင်ွ မြို့နယ် ၁၁ ခု ရှိပြီး ရပ်ကွက် ၁၁၇ ခု ရှိပါတယ်။ ကျေးရွာပေါင်း ၁၂၆၁ ရွာ ရှိပါတယ်။
မြို့နယ် ၁၁ ခုတိတိရှိပါတယ်
ဖစ်ချဘွန် အမည် ဖြစ်ပေါ်လာပုံ
ဖက်ချာ ( Phetcha ) ဟာ Sanskrit စကားကနေ ဆင်းသက်လာပြီး စိန်လို့ အဓိပ္ပါယ်ရပါတယ်။ ဘန် ( Bun ) ကတော့ ပေါကြွယ်ဝသောလို့ အဓိပ္ပါယ် ရပါတယ်။ အဲဒီအတွက် ဖန်ချာဘန်ဟာ စိန်ပေါကြွယ်ဝသော ဒေသလို့ အဓိပ္ပါယ်ရပါတယ်။ အစောပိုင်းမှာတော့ ဖစ်ချာ ဘွန် ကို ဖစ်ချာဘွတ် ( Phe-Cha-Buth) လို့ ခေါ်ကြပါတယ်။ ကောက်ပဲ သီးနှံများ ပေါကြွယ်ဝတဲ့ ဒေသလို့ အဓိပ္ပါယ်ရပါတယ်။ လယ်ယာစိုက်ပျိုးနိုင်တဲ့ မြေဆီသြဇာ
ကြွယ်ဝပါတယ်။
သမိုင်းကြောင်း
ဖစ်ချ ဘွန် ဒေသ သည် ဘုရင် နာရိုင်းခေတ်မှာ စူကို
ထိုင်း နေပြည်တော်နဲ့ အယုဒ္ဓယ နေပြည်တော်အဖြစ် တည်ရှိခဲ့ပါတယ်။ ၁၉၃၂ ခုနှစ်မှာ လွန်ဆတ် ပြည်နယ်ကို ဖစ်ချဘွန် ပြည်နယ်ထဲမှာ ပေါင်းထည့်လိုက်ပါတယ်။ ၁၉၆၈ နဲ့ ၁၉၈၂ ခုနှစ်အတွင်းမှာ ကွန်မြူနစ်တွေက
ဖက်ချာဘန် တောင်တန်းများမှာ အခြေစိုက်စခန်းများ တည်ဆောက်ပြီး ကြီးစိုးခဲ့ပါတယ်။ ကွန်မြူနစ်များက အဲဒီဒေသမှာ ထိုင်းစစ်တပ်ကို ပျောက်ကြား တိုက်ခိုက်ခဲ့
ကြပါတယ်။
ဒေသထွက် အရာများ
ဖစ်ချဘွန် စိန်များလည်း ထွက်ရှိပါတယ်။ ကောက်ပဲသီးနှံများနဲ့ ဆေးရွက်ကြီးပင်များလည်း ပေါ များပါ
တယ်။ မန်ကျည်းပင်များ ပေါကြွယ်ဝတဲ့ ဒေသဖြစ်
ပါတယ်။
တည်နေရာ
ဖစ်ချဘွန် ဒေသ သည် ဘန်ကောက် မှ ၃၄၀ ကီလိုမီတာ အကွာအဝေးမှာ တည်ရှိပြီး 5 နာ ရီ ခန့်
ကားမောင်း နှင် သွား နိုင်ပါသည်။
ခရီးသွားလုပ်ငန်း များ
Khao Kho National Park
ဖက်ချာဘန်ရဲ့ အနောက်ပိုင်းမှာ တည်ရှိတဲ့ အမျိုးသားဥယျာဉ်ဖြစ်ပါတယ်။ စမ်းချောင်းများစွာဖြင့် လှပတဲ့ နေရာလည်း ဖြစ်ပါတယ်။ဆုတောင်း ပြည့် တဲ့ မျက် နှာ အများ ကြီး နှင့် wat pra that pha son kaew ဘုရား
ကြီး ကို ပူဇော် ရင်း နှင်း မှုန် တွေ ကြား မှာ လာရောက်
အပန်းဖြေ ကြသူ များ နှင့် ပျော် စရာ အလွန် ကောင်း ပါသည် ။
Nam Nao National Park
သဘာဝ အလှအပများ မပျက်ဆီးဘဲ အရိုင်းဆန်ဆန်လှပနေတဲ့ တောဖြစ်ပါတယ်။အများစု ကတော့ တဲအိမ်ငယ်လေးတွေ နှင့် ဆောင်း ခို ကြတဲ့ ဥယျာဉ် တစ်ခု
လည်း ဖြစ်ပါတယ်
Tat Mok National Park
ကြီးမားတဲ့ ရေတံခွန်ကြီးများ တည်ရှိတဲ့ အမျိုးသား
ဥယျာဉ်ဖြစ်ပါတယ်။ရေတံခွန် သွားရောက် လည် ပါတ် ချင် သူ များ အနေဖြင့် အထူး ပင်နှစ်သက် ပါလိမ့်မည်။
The Phetchabun City Pillar Shrine
Si Thep မြို့ဟောင်းဖြစ်ပြီး ထိုင်းမှာတော့ ရှေးအကျဆုံး အဆောက်အဦးများ တည်ရှိတဲ့ ဒေသဖြစ်ပါတယ်။
ပွဲတော်များ
Um Pra Dam Nam Festival
ဖစ်ချဘွန် မှာ အန်ဖဒန်နန် လို့ အမည်ရတဲ့ပွဲတော်ကို နှစ်စဉ်ကျင်းပကြပါတယ်။ ဗုဒ္ဓ ဆင်းတုတော်ကို
မြို့အနှံ့လှည့်ပတ် အပူဇော်ခံကြပါတယ်။
ရေသင်္ကန်းများလည်း ဆပ်ကပ်ကြပါတယ်။ ဘုန်းကြီးများအတွက် အစားအစာများ၊ အသုံးအဆောင်များကို လှူဒါန်းကြပါတယ်။ ဖက်ချာဘန် မြို့တော်ဝန်က
Pah Sak မြစ်အတွင်းမှာ ဗုဒ္ဓဆင်းတုတော်ကို ရေသ
ပ္ပါယ်ပါတယ်။ ပွဲတော်ပြီးတဲ့နောက်မှာ မြစ်ရေဟာ အန္တရာယ်ကင်းတယ်လို့ အယူရှိကြပြီး ဒေသခံများက ရေကူးခြင်း၊ သောက်သုံးခြင်းများကို ပြုလုပ်ကြပါတယ်။
Sweet Tamarind Fair
အေးမြတဲ့ ရာသီဥတုကြောင့် မန်ကျီး အချိုပင်များဟာ ဖစချဘွန် အရပ် ဒေသမှာ ပေါကြွယ်ဝပါတယ်။ မန်ကျီးပွဲတော်ကို ဇန်န၀ါရီလ ၁၇ ရက်ကနေ ၂၅ ရက်အတွင်းမှာ ကျင်းပလေ့ရှိပါတယ်။
The Traveller
#ဘန်ကောက်လမ်းညွန် #ကိုစိုင်း
0827952761,0814291178
Viber+66827952761

0 comments:
Post a Comment