ဘန်ကောက်ရှိ အကြီးမားဆုံး shopping mall CentralPlaza WestGate
😍
😍
CentralPlaza WestGate ဟာ နောင်ထဘူရီ ( Nonthaburi ) ရှိ ဈေးဝယ် ပလာဇာ ဖြစ်ပါတယ်။
ဈေးဆိုင်များ၊ ရုပ်ရှင်ရုံများ ပါရှိတဲ့ Complex ဖြစ်ပြီး Central Pattana က ပိုင်ဆိုင်ပါတယ်။
၂၀၁၅ ခုနှစ်သြဂုတ်လမှာ ဖွင့်လှစ်ခဲ့ ပြီး Bangyai
လမ်းဆုံမှာ CentralPlaza WestGate တည်ရှိပါတယ်။ CentralPlaza WestGate ဟာ လမ်းမများနဲ့ အဝေးပြေးလမ်းများစွာ ဖောက်လုပ်ထားတဲ့ နေရာမှာ တည်ရှိပါ
တယ်။
အမြန်လမ်း၊ Kanchanaphisek လမ်း၊ Rattanathibet လမ်းများ ၊ MRT Purple Line နဲ့ အနောက်မြောက်
ဘက်ရှိ ထားဝယ်ဆိပ်ရေနက်ဆိပ်ကမ်းသို့ သွားတဲ့ အဝေးပြေးလမ်းမများမှ ခရီးသွားများအတွက် ရည်ရွယ်
ပြီး CentralPlaza WestGate ကို တည်ဆောက်ထားပါတယ်။
CentralPlaza WestGate ကို ကြီးမား ခမ်းနားစွာ
တည်ဆောက်ခဲ့တာ ဖြစ်ပါတယ်။
အတွင်းပိုင်း အပြင်အဆင်များဟာ ကြီးမား ခမ်းနားပြီး အရောင်အသွေး စုံလင်ပါတယ်။
Welcome Gate , Green Courtyard Meeting Point , Rainbow Bridge, တို့လို အံ့သြစရာကောင်းတဲ့ အစိတ်အပိုင်းများကို တည်ဆောက်ဖို့ အထူး နည်း
ပညာများကို အသုံးပြုထားပါတယ်။
စတုရန်း မီတာ ၅၀၀ ၀၀၀ ကျယ်ဝန်း သည့် အတွက်
နေရာလွတ်များ စွာ ရှိ သည့် အတွက် ပွဲလန်း.သဘင် များ promotion ပွဲ တော် များ ပြု လုပ် ရန် အထူး အဆင် ပြေ ပါတယ်။ ဒါ့ကြောင့် ဈေး ဝယ် နှစ်သက် သူ များ အတွက် အထူး သင့်တော် ပါတယ်။
WestGate Cineplex မှာ ရုပ်ရှင်ရုံ ၁၂ ခုရှိပြီး ထိုင်ခုံ
ပေါင်း ၃ ၀၀၀ ရှိပါတယ်။
အဲဒီရုပ်ရှင်ရုံတွေထဲမှာ Kid Cinema, SB Design Square , Virginn Active Clubs , Doraemon Comic World တို့ ပါရှိပြီး ခရီးသွားများကို စွဲဆောင်
နိုင်တဲ့ ကမ္ဘာ့ ထိပ်တန်း နေရာတစ်ခု ဖြစ် လို့ သွား ရောက် လည် ပါတ် သင့် တဲ့ ဘန်ကောက် ရှိ ထူးခြားတဲ့ Shopping mall,ထဲမှာ တစ်ခု အပါအဝင် ဖြစ်ပါတယ်။
CentralPlaza WestGate မှာ ဈေးဆိုင်ပေါင်း ၅၀၀ ရှိပြီး နာမည်ကျော် ထိုင်းနဲ့ နိုင်ငံတကာ Brands များကို
ရောင်းချပေးပါတယ်။
ကုန်ပစ္စည်း အမျိုးအစား အစုံအလင်ကို တစ်နေရာထဲကနေ ရရှိနိုင်တဲ့ ပလာဇာဖြစ်ပါတယ်။
နိုင်ငံတကာ အစားအစာ စင်တာနဲ့ အသင့်စား အစား
အစာများကိုလည်း ရောင်းချပေးပါတယ်။
အနာဂတ်မှာ IKEA Store များကို ဖွင့်လှစ်ဖို့ Central Pattana Plc နဲ့ Ikano Private Limited တို့ သဘောတူညီထားကြပါတယ်။
၁၄ ဘီလီယမ် ဘတ် အကုန်အကျခံ တည်ဆောက်ထားတဲ့ CentralPlaza WestGate ဟာ အရှေ့တောင်အာရှမှာ အကြီးမားဆုံး ဈေးဝယ်စင်တာတွေ ထဲက
တစ်ခုအပါအဝင် ဖြစ်ပါတယ်။
The Traveller
#ဘန်ကောက်လမ်းညွန် #ကိုစိုင်း
0827952761,0814291178
Viber +66827952761

0 comments:
Post a Comment