Wat Pha Sorn Kaew ဘုရား ဖူးမြှော် ရအောင်
Wat Pha Sorn Kaew ဘုရားဟာ ထိုင်းနိုင်ငံမြောက်
ပိုင်း Phetchabun ပြည်နယ် Khao Kor တောင် ပေါ်
ဒေသ မှာ တည်ရှိပါတယ်။
ဘန်ကောက် မှ ၅ နာရီခန့် ကားစီးသွားရပါ တယ်။ ဘုရားကို တောင်ထိပ်အမြင့် ၈၃၀ မီိတာမှာ
တည်ထားကိုးကွယ်ထား ပြီး ထိုင်တော် မူ ဗုဒ္ဒရုပ်ပွား
တော် ငါးဆူကိုလည်း ဖူးမျှော်နိုင်ပါတယ်။
ထူးခြား ချက် ကတော့ လဘ်လာဘ များ ပေါကြွယ် ဝစေ တယ် လို့ အဆို ရှိ ကြပါတယ် ။
သမိုင်းကြောင်း
၂၀၀၄ ခုနှစ်မှာ တည်ထားကိုးကွယ်ခဲ့တဲ့ Wat Phra Thart Pha Kaew ဘုရားကို အဲဒီအချိန်တုန်းက Pha Sorn Kaew လို့ ခေါ်ကြပါတယ်။ ထိုင်းနိုင်ငံ သံဃာ့မဟာနာယက အဖွဲ့က ၂၀၁၀ ခုနှစ် ဇူလိုင်လ ၁ ရက်
နေ့မှာ အမည်ပြောင်းလဲခဲ့တာ ဖြစ်ပါတယ်။
ဘုရားဟာ Thang Daeng ရွာရဲ့ တောင်ကုန်းပေါ်မှာ တည်ရှိပါတယ်။
ဘုန်းတော်ကြီး Phra Kru Ajarn Sangkaruk Paramita Surayudtho နဲ့ Phra Kru Bai Deeka Amnard Opaso က ဦးဆောင်၍ တစ်နိုင်ငံလုံးမှ အလှူရှင်များရဲ့ အကူအညီဖြင့် တရားဓမ္မ သင်ကြားပို့ချနိုင်တဲ့ အဆောက်အဦးများကို ဆောက်လုပ်ခဲ့ကြပါတယ်။ တရားထိုင်သူများ၊ တရား ဓမ္မ သင်ကြားချင်သူများစွာက ဘုရားကို လာရောက်ကြပါတယ်။
Pha Sorn Kaew လို့ ခေါ်တဲ့ ဗုဒ္ဓ ရုပ်ပွားတော်ကို မြင့်မားတဲ့ တောင်များက ၀န်းရံထားပါတယ်။ တောင်ရဲ့ အစွန်အဖျားမှာ ရှိတဲ့ ဂူထဲမှာတော့ တရားဓမ္မ ပို့ချတဲ့ ဂူကို တည်ဆောက်ထားပါတယ်။ တိတ်ဆိတ်ငြိမ်သက်ပြီး
တရားထိုင်းလို့ ကောင်းမွန်ပါတယ်။
ရည်ရွယ်ချက်
ဘုရားကျောင်းကို တည်ဆောက်ရတဲ့ ရည်ရွယ်ချက်မှာ ဗုဒ္ဓရဲ့ အဓိက တရားဓမ္မဖြစ်တဲ့ စိတ်ငြိမ်းချမ်းမှုကို လေ့ကျင့်ဖို့ဖြစ်ပါတယ်။ Foundation of Mindfulness ရဲ့ တည်နေရာလည်း ဖြစ်ပါတယ်။ တောတောင် သဘာဝက တိတ်ဆိတ် ငြိမ်သက်တဲ့အတွက် တရား
ထိုင်လို့ အလွန်ကောင်းမွန်ပါတယ်။
The Traveller
#ဘန်ကောက်လမ်းညွန် #ကိုစိုင်း
0827952761,0814291178
+66827952761

0 comments:
Post a Comment