ဘန္ေကာက္ရိွ တန္ခိုးၾကီး ျမဘုရား သမိုင္း

ဘန္ေကာက္ရိွ တန္ခိုးၾကီး ျမဘုရား သမိုင္း
------------------------------------------------
Wat Phra Kaew ျမဘုရား ၏ဘြဲ ့ေတာ္အျပည္ ့အစံုမွာ Wat Phra Si
Rattana Satsadaram ျဖစ္ပါသည္။ယိုဒယားမ်ား က Wat Phra Kaew
ဟုလည္းေခၚ ဆိုၾကပါသည္။ထိုင္းနိုင္ငံရိွ ဘုရားေစတီ ဘုန္းၾကီးေက်ာင္းမ်ား
၏အမည္ေရွ ့တြင္ (wat ) ကို ထည္ ့သြင္းေခၚ ဆိုၾကပါသည္။ wat ဆိုသည္မွာ
သန္ ့ရွင္းျမင္ ့ျမတ္ေသာအဓိပၸါယ္သက္ေရာက္ပါသည္။ျမဘုရားသည္ Phra
Nakhon District ခရိုင္အတြင္းမွာ တည္ရိွျပီး grand palace
နွင္ ့ကပ္လ်က္ ျဖစ္ျပီး ။ျမဘုရား သည္ phra ubosot
ဗိမၼာန္ေတာ္အတြင္းမွာတည္ရိွပါသည္
ေဂါတမဗုဒၶျမတ္စြာဘုရားပရိနိဗၼာန္စံျပီး နွစ္ေပါင္း ( 500 ) ေက်ာ္
အၾကာမွ ျမဘုရား ကို တည္ထားကိုးကြယ္ခဲ ့ျပီး အိႏၵိယ
တို ့၏လက္ရာပင္ျဖစ္ပါသည္။အိႏၵိယ ရိွ သမိုင္းမွတ္တမ္းမ်ား 15
ရာစုအတြင္းကေမၻာဒီးယားနွင္ ့လာအို နုိင္ငံ 16 ရာစုနွစ္တြင္ ဗီယက္နမ္နိုင္ငံ
ထို ့ေနာက္ ထိုင္းနိုင္ငံ သို ့18 ရာစုနွစ္တြင္ ထိုင္းနိုင္ငံသို ့ပင္ ့ေဆာင္ျပီး
ကိုးကြယ္ခဲ ့သည္ ့ ဘုရားျဖစ္ပါသည္။ျမဘုရား ဆင္းတုေတာ္ ရင္ေတာ္မွာ
48.3 စင္တီမီတာရွိျပီး 66 စင္တီမီတာ ျမင္႔ပါသည္။ ဆင္းတုေတာ္မွာ
ဘယ္ေျခေတာ္ေပၚ ညာေျခေတာ္တင္ျပီးတင္ပလႅင္ေခြ ထိုင္လွ်က္
ပံုေတာ္ျဖစ္သည္၊ ျမဘုရားသည္ Lankadvipa (သီရိလကၤာ), Ramalakka,
Dvaravati, Chieng မိုင္ႏွင့္ Lan Chang (လာအို)
စသည္ ့နိုင္ငံမ်ားနွင္ ့နက္နက္ရိွဴင္းရိွဴင္း ပက္သက္ ေနပါသည္ ျမဘုရားသည္
ယခင္ က ယခုလက္ရွိ ဖူးေမွ်ာ္ေနရသည္႔ ေက်ာက္စိမ္းဘုရား ပံုစံမ်ိဳး
မဟုတ္ဘဲ အဂၤေတမ်ားျဖင္႔ ဖံုးလႊမ္းတည္ရွိခဲ႔ ပါသည္။
သမိုင္းအေထာက္ထားမ်ားအရAD -1434 ခုႏွစ္တြင္
ထိုင္းႏိုင္ငံ ေျမာက္ပိုင္း ခ်င္းမိုင္ခရိုင္ အတြင္းရွိ ေစတီေတာ္ တစ္ဆူကို
လွ်ပ္စီးမိုးၾကိဳး ထိမွန္ရာမွ ၄င္းေစတီေတာ္ အတြင္းမွ အဂၤေတမ်ားျဖင္႔
ဖံုးလႊမ္းလွ်က္ရွိေသာ ဘုရားဆင္းတုေတာ္ တစ္ဆူကို ေတြ႔ရွိခဲ႔ပါသည္။
ထိုဆင္းတုေတာ္ကို ေစတီအနီးရွိ ဘုန္းေတာ္ၾကီး တစ္ပါး မွ
ေက်ာင္းေဆာင္သို႔ ပင္႔ကာ ကိုးကြယ္၍ ထားခဲ႔ပါသည္။
တစ္ေန႔တြင္ ၄င္းဆင္းတုေတာ္မွ အဂၤေတသားမ်ား အထပ္လိုက္
ကြာက် လ်က္ရိွျပီး အထဲ ဆင္းတုေတာ္ မွ ေက်ာက္စိမ္းသားမ်ား
ေပၚေနသည္ကို ဆရာေတာ္က သိလိုက္ရသျဖင္ ့
ဆင္းတုေတာ္ ၏ အဂၤေတသားမ်ားကို ဆက္လက္ဖယ္ရွားလိုက္ရာတြင္
ျမဘုရား ဆင္းတုေတာ္ကို ေတြ႔ရွိ ဖူးေျမာ္ခဲ ့ရပါသည္။
၄င္း သတင္းမွာ တစ္ႏိုင္ငံလံုးသို႔ ပ်ံ႕ႏံွ႔သြား ျပီး အနယ္နယ္အရပ္ရပ္မွ
ထူးဆန္းေသာ ျမဘုရားကို လာေရာက္ ဖူးေမွ်ာ္ၾကေလသည္။
၄င္းအခ်ိန္အခါတြင္ ခ်င္းရုိင္ျပည္နယ္သည္ ခ်င္းမုိင္ (Chiangmai)
ဘုရင္၏ လက္ေအာက္တြင္ ရွိေနသည္ ့အခ်ိန္အခါ ျဖစ္ ျပီး
ဘုရင္ဆမ္ဖန္ကင္န္က ျမဘုရား သတင္း ကုိ ၾကားသိ ျပီး
ခ်င္းမုိင္သု႔ိ ပင့္ေဆာင္ရန္ ရဲမက္မ်ားနွင္ ့အတူဆင္ေတာ္ကုိလႊတ္ခဲ ့ပါသည္။
သုိ႔ေသာ္လည္း လမ္းခရီး တြင္ ဆင္ေတာ္သည္ Lampang လမ္းဆုံ
သို ့ေရာက္ေသာ အခါ၌ လမ္းပန္း (Lampang ) ၿမိဳ႕တြင္းသုိ႔ဦးတည္ျပီး
သံုးၾကိမ္တိုင္တိုင္ဝင္ေရာက္ခဲ ့သျဖင္ ့ဘုရင္က ျမဘုရားသည္
(Lampang ) လမ္းပန္းၿမိဳ႕၌ စံပယ္ေတာ္မူလုိသည္ဟု မွတ္ယူျပီး
ခ်င္းမုိင္ဘုရင္ Tiloka စုိးစံေသာ AD- 1468 အထိ
လမ္းပန္းၿမိဳ႕တြင္ ႏွစ္ေပါင္း32 ႏွစ္တုိင္တုိင္စံပါယ္ထား ခဲ ့ပါ သည္။
AD- 1551 တြင္ ခ်င္းမုိင္ဘုရင္သည္ သားေတာ္မက်န္ရစ္ ဘဲ
နတ္ရြာစံ ခဲ ့သည္ ့အတြက္ေၾကာင္ ့က်န္ရစ္သူ သမီးေတာ္ မွ
လာအုိဘုရင္ႏွင့္ စုလ်ားရစ္ပတ္ ခဲ ့ပါ သည္။
ထို သမီးေတာ္ မွ Chaichettha မင္းသားဖြား ျမင္ေတာ္မူ ခဲ ့ပါသည္။
Chaichettha မင္းသားကို ၁၅ ႏွစ္အရြယ္တြင္ ခ်င္းမုိင္၀န္ႀကီးမ်ားက
ထီးနန္း အပ္ ခဲ ့ျပီးခမည္းေတာ္၏အရိုက္အရာ ကို ဆက္ခံေစခဲ ့ပါသည္။
ခမည္းေတာ္ လာအုိဘုရင္ နတ္ရြာစံ ျပီးေနာက္Chaichettha မင္းသားသည္
၄င္း၏တုိင္းျပည္ သုိ႔ ျပန္ခ်င္ သည္ ့အတြက္ AD- 1552 တြင္
မင္းသားသည္ လာအုိႏုိင္ငံ၏ ၿမိဳ႕ေတာ္ျဖစ္ေသာ Luang Prabang
သုိ႔ေျပာင္းေရြ ့စိုးစံ ျပီး ျမဘုရားကုိတစ္ပါတည္း ပင့္ေဆာင္သြားခဲ့ပါသည္။
ထို ့ေနာက္ ျမဘုရားသည္Luang Prabang တြင္ ၁၂ ႏွစ္တုိင္တုိင္
ေျပာင္းေရြ ့စံပယ္ေနခဲ့ရျပန္ပါသည္။
AD- 1564 တြင္ ဘုရင္Chaichettha သည္ ျမန္မာဘုရင္ ဘုရင့္ေနာင္ကုိ
စစ္ရွံုဳ းသျဖင့္ သူ၏ၿမိဳ႕ေတာ္ကုိ ဗီရန္တိန္ Vientiane
သုိ႔ ေျပာင္းေရႊ႕စုိးစံခဲ့ပါသည္။ ျမဘုရားသည္ ဗီရန္တိန္း
ျမိဳ ့တြင္ ႏွစ္ေပါင္း ၂၁၄ ႏွစ္တုိင္ေအာင္ စံပယ္ေနခဲ့ရ ျပန္ပါသည္။
AD- 1778 တြင္ ဘန္ေကာက္၏ RAMA I Chao Phraya chakri သည္
ဗီရန္တိန္းကုိ သိမ္းပုိက္လုိက္ၿပီးေနာက္ ျမဘုရား ကုိ ထုိင္းႏုိင္ငံ
ဘန္ေကာက္သုိ႔ ပင့္ေဆာင္လာခဲ့ေလသည္။ဘန္ေကာက္ကုိ
ၿမိဳ႕ေတာ္အျဖစ္ တည္ေဆာက္လုိက္ၿပီး ျမဘုရားကုိနန္းေတာ္အတြင္း၌
ထည့္သြင္း စံပယ္ေတာ္မူေစခဲ ့ပါသည္။
ထုိအခ်ိန္မွစ၍ ျမဘုရားသည္ ထုိင္းႏုိင္ငံကုိ ကာကြယ္ေစာင့္ေရွာက္ေပးေသာ
တန္ခိုးႀကီး ဘုရားအျဖစ္ ေက်ာ္ၾကားခဲ့ပါသည္။ ဆင္းတုေတာ္ကုိ
Thonburi ခရိုင္ မွ ဘန္ေကာက္ၿမိဳ႕ေတာ္ နန္းေတာ္ဘုရားေက်ာင္းသုိ႔ AD-
1784 March 22 တြင္ပင့္ေဆာင္ခဲ့ၾကေလသည္။ RAMA ဘုရင္ I
လက္ထက္တြင္ ျမဆင္းဆင္းတုေတာ္ကုိ တစ္ႏွစ္လွ်င္ ႏွစ္ႀကိမ္ ေႏြႏွင့္
မုိိးတြင္ သကၤန္းကပ္ ခဲ ့ပါသည္။RAMA ဘုရင္ III လက္ထက္တြင္
(1824 – 1851) တြင္တစ္ႀကိမ္ထပ္တုိး၍ ေဆာင္းသကၤန္းပါ
ကပ္လွဴ ခဲ႕ ျပီးေနာက္ ျမဆင္းဆင္းတုေတာ္ကို ေနြ ။မိုး ။ေဆာင္းသကၤန္း
ကပ္ပြဲေတာ္ကုိ တစ္နွစ္လ်င္ သုံးႀကိမ္တုိင္တုိင္ က်င္းပခဲ့ ပါသည္။
ဆင္းတုေတာ္၏ ကုိယ္ေန ဟန္ပန္ တရားထုိင္ေနပုံမွာ ေတာင္ပုိင္း
အိႏိၵယႏွင့္ သီရိလကၤာ ဟန္ႏွင့္ ဆင္တူပါသည္။ ျမဘုရားကုိ
ထုိင္းလူမ်ိဴ းမ်ားက ၀ပ္ဖကေရာက္ Wat Phra Kaew ဟုေခၚသည္။ (၀ပ္ )
ဆုိသည္မွာ ဘုရား၊ (ကေရာက္ ) ေက်ာက္စိမ္း ဟုအဓိပၸါယ္ရပါသည္။
ျမဘုရားသမိုင္း ကို ေရးသားဖို ့အတြက္ သက္ဆိုင္ရာ က်မ္းကိုးကားမ်ားကို
WIKIPEDIA ,
တကၠသိုလ္ရဟန္းပ်ိဴ စာေစာင္
LCDR. WUTTIPONG PONGSUWAN
နွင္ ့ထိုင္းနိုင္ငံ WEB ဆိုဒ္မ်ားအသီးသီးမွ ကိုးကားမီွျငမ္းေလ့လာျပီး ေရး
သား ခဲ ့ရပါသည္။
----------------------------------------------------------------------------
ဘန္ေကာက္လမ္းညြန္

ဘန်ကောက်ရှိ တန်ခိုးကြီး မြဘုရား သမိုင်း

------------------------------------------------

Wat Phra Kaew မြဘုရား ၏ဘွဲ့တော်အပြည့်အစုံမှာ Wat Phra Si

Rattana Satsadaram ဖြစ်ပါသည်။ယိုဒယားများ က Wat Phra Kaew

ဟုလည်းခေါ် ဆိုကြပါသည်။ထိုင်းနိုင်ငံရှိ ဘုရားစေတီ ဘုန်းကြီးကျောင်းများ

၏အမည်ရှေ့တွင် (wat ) ကို ထည့်သွင်းခေါ် ဆိုကြပါသည်။ wat ဆိုသည်မှာ

သန့်ရှင်းမြင့်မြတ်သောအဓိပ္ပါယ်သက်ရောက်ပါသည်။မြဘုရားသည် Phra

Nakhon District ခရိုင်အတွင်းမှာ တည်ရှိပြီး grand palace

နှင့်ကပ်လျက် ဖြစ်ပြီး ။မြဘုရား သည် phra ubosot

ဗိမ္မာန်တော်အတွင်းမှာတည်ရှိပါသည်

ဂေါတမဗုဒ္ဓမြတ်စွာဘုရားပရိနိဗ္မာန်စံပြီး နှစ်ပေါင်း ( 500 ) ကျော်

အကြာမှ မြဘုရား ကို တည်ထားကိုးကွယ်ခဲ့ပြီး အိန္ဒိယ

တို့၏လက်ရာပင်ဖြစ်ပါသည်။အိန္ဒိယ ရှိ သမိုင်းမှတ်တမ်းများ 15

ရာစုအတွင်းကမ္ဘောဒီးယားနှင့်လာအို နိုင်ငံ 16 ရာစုနှစ်တွင် ဗီယက်နမ်နိုင်ငံ

ထို့နောက် ထိုင်းနိုင်ငံ သို့18 ရာစုနှစ်တွင် ထိုင်းနိုင်ငံသို့ပင့်ဆောင်ပြီး

ကိုးကွယ်ခဲ့သည့် ဘုရားဖြစ်ပါသည်။မြဘုရား ဆင်းတုတော် ရင်တော်မှာ

48.3 စင်တီမီတာရှိပြီး 66 စင်တီမီတာ မြင့်ပါသည်။ ဆင်းတုတော်မှာ

ဘယ်ခြေတော်ပေါ် ညာခြေတော်တင်ပြီးတင်ပလ္လင်ခွေ ထိုင်လျှက်

ပုံတော်ဖြစ်သည်၊ မြဘုရားသည် Lankadvipa (သီရိလင်္ကာ), Ramalakka,

Dvaravati, Chieng မိုင်နှင့် Lan Chang (လာအို)

စသည့်နိုင်ငံများနှင့်နက်နက်ရှိူင်းရှိူင်း ပက်သက် နေပါသည် မြဘုရားသည်

ယခင် က ယခုလက်ရှိ ဖူးမျှော်နေရသည့် ကျောက်စိမ်းဘုရား ပုံစံမျိုး

မဟုတ်ဘဲ အင်္ဂတေများဖြင့် ဖုံးလွှမ်းတည်ရှိခဲ့ ပါသည်။

သမိုင်းအထောက်ထားများအရAD -1434 ခုနှစ်တွင်

ထိုင်းနိုင်ငံ မြောက်ပိုင်း ချင်းမိုင်ခရိုင် အတွင်းရှိ စေတီတော် တစ်ဆူကို

လျှပ်စီးမိုးကြိုး ထိမှန်ရာမှ ၎င်းစေတီတော် အတွင်းမှ အင်္ဂတေများဖြင့်

ဖုံးလွှမ်းလျှက်ရှိသော ဘုရားဆင်းတုတော် တစ်ဆူကို တွေ့ရှိခဲ့ပါသည်။

ထိုဆင်းတုတော်ကို စေတီအနီးရှိ ဘုန်းတော်ကြီး တစ်ပါး မှ

ကျောင်းဆောင်သို့ ပင့်ကာ ကိုးကွယ်၍ ထားခဲ့ပါသည်။

တစ်နေ့တွင် ၎င်းဆင်းတုတော်မှ အင်္ဂတေသားများ အထပ်လိုက်

ကွာကျ လျက်ရှိပြီး အထဲ ဆင်းတုတော် မှ ကျောက်စိမ်းသားများ

ပေါ်နေသည်ကို ဆရာတော်က သိလိုက်ရသဖြင့်

ဆင်းတုတော် ၏ အင်္ဂတေသားများကို ဆက်လက်ဖယ်ရှားလိုက်ရာတွင်

မြဘုရား ဆင်းတုတော်ကို တွေ့ရှိ ဖူးမြော်ခဲ့ရပါသည်။

၎င်း သတင်းမှာ တစ်နိုင်ငံလုံးသို့ ပျံ့နှံ့သွား ပြီး အနယ်နယ်အရပ်ရပ်မှ

ထူးဆန်းသော မြဘုရားကို လာရောက် ဖူးမျှော်ကြလေသည်။

၎င်းအချိန်အခါတွင် ချင်းရိုင်ပြည်နယ်သည် ချင်းမိုင် (Chiangmai)

ဘုရင်၏ လက်အောက်တွင် ရှိနေသည့်အချိန်အခါ ဖြစ် ပြီး

ဘုရင်ဆမ်ဖန်ကင်န်က မြဘုရား သတင်း ကို ကြားသိ ပြီး

ချင်းမိုင်သို့ ပင့်ဆောင်ရန် ရဲမက်များနှင့်အတူဆင်တော်ကိုလွှတ်ခဲ့ပါသည်။

သို့သော်လည်း လမ်းခရီး တွင် ဆင်တော်သည် Lampang လမ်းဆုံ

သို့ရောက်သော အခါ၌ လမ်းပန်း (Lampang ) မြို့တွင်းသို့ဦးတည်ပြီး

သုံးကြိမ်တိုင်တိုင်ဝင်ရောက်ခဲ့သဖြင့်ဘုရင်က မြဘုရားသည်

(Lampang ) လမ်းပန်းမြို့၌ စံပယ်တော်မူလိုသည်ဟု မှတ်ယူပြီး

ချင်းမိုင်ဘုရင် Tiloka စိုးစံသော AD- 1468 အထိ

လမ်းပန်းမြို့တွင် နှစ်ပေါင်း32 နှစ်တိုင်တိုင်စံပါယ်ထား ခဲ့ပါ သည်။

AD- 1551 တွင် ချင်းမိုင်ဘုရင်သည် သားတော်မကျန်ရစ် ဘဲ

နတ်ရွာစံ ခဲ့သည့်အတွက်ကြောင့်ကျန်ရစ်သူ သမီးတော် မှ

လာအိုဘုရင်နှင့် စုလျားရစ်ပတ် ခဲ့ပါ သည်။

ထို သမီးတော် မှ Chaichettha မင်းသားဖွား မြင်တော်မူ ခဲ့ပါသည်။

Chaichettha မင်းသားကို ၁၅ နှစ်အရွယ်တွင် ချင်းမိုင်ဝန်ကြီးများက

ထီးနန်း အပ် ခဲ့ပြီးခမည်းတော်၏အရိုက်အရာ ကို ဆက်ခံစေခဲ့ပါသည်။

ခမည်းတော် လာအိုဘုရင် နတ်ရွာစံ ပြီးနောက်Chaichettha မင်းသားသည်

၎င်း၏တိုင်းပြည် သို့ ပြန်ချင် သည့်အတွက် AD- 1552 တွင်

မင်းသားသည် လာအိုနိုင်ငံ၏ မြို့တော်ဖြစ်သော Luang Prabang

သို့ပြောင်းရွေ့စိုးစံ ပြီး မြဘုရားကိုတစ်ပါတည်း ပင့်ဆောင်သွားခဲ့ပါသည်။

ထို့နောက် မြဘုရားသည်Luang Prabang တွင် ၁၂ နှစ်တိုင်တိုင်

ပြောင်းရွေ့စံပယ်နေခဲ့ရပြန်ပါသည်။

AD- 1564 တွင် ဘုရင်Chaichettha သည် မြန်မာဘုရင် ဘုရင့်နောင်ကို

စစ်ရှုံ းသဖြင့် သူ၏မြို့တော်ကို ဗီရန်တိန် Vientiane

သို့ ပြောင်းရွှေ့စိုးစံခဲ့ပါသည်။ မြဘုရားသည် ဗီရန်တိန်း

မြို့တွင် နှစ်ပေါင်း ၂၁၄ နှစ်တိုင်အောင် စံပယ်နေခဲ့ရ ပြန်ပါသည်။

AD- 1778 တွင် ဘန်ကောက်၏ RAMA I Chao Phraya chakri သည်

ဗီရန်တိန်းကို သိမ်းပိုက်လိုက်ပြီးနောက် မြဘုရား ကို ထိုင်းနိုင်ငံ

ဘန်ကောက်သို့ ပင့်ဆောင်လာခဲ့လေသည်။ဘန်ကောက်ကို

မြို့တော်အဖြစ် တည်ဆောက်လိုက်ပြီး မြဘုရားကိုနန်းတော်အတွင်း၌

ထည့်သွင်း စံပယ်တော်မူစေခဲ့ပါသည်။

ထိုအချိန်မှစ၍ မြဘုရားသည် ထိုင်းနိုင်ငံကို ကာကွယ်စောင့်ရှောက်ပေးသော

တန်ခိုးကြီး ဘုရားအဖြစ် ကျော်ကြားခဲ့ပါသည်။ ဆင်းတုတော်ကို

Thonburi ခရိုင် မှ ဘန်ကောက်မြို့တော် နန်းတော်ဘုရားကျောင်းသို့ AD-

1784 March 22 တွင်ပင့်ဆောင်ခဲ့ကြလေသည်။ RAMA ဘုရင် I

လက်ထက်တွင် မြဆင်းဆင်းတုတော်ကို တစ်နှစ်လျှင် နှစ်ကြိမ် နွေနှင့်

မိုးတွင် သင်္ကန်းကပ် ခဲ့ပါသည်။RAMA ဘုရင် III လက်ထက်တွင်

(1824 – 1851) တွင်တစ်ကြိမ်ထပ်တိုး၍ ဆောင်းသင်္ကန်းပါ

ကပ်လှူ ခဲ့ ပြီးနောက် မြဆင်းဆင်းတုတော်ကို နွေ ။မိုး ။ဆောင်းသင်္ကန်း

ကပ်ပွဲတော်ကို တစ်နှစ်လျင် သုံးကြိမ်တိုင်တိုင် ကျင်းပခဲ့ ပါသည်။

ဆင်းတုတော်၏ ကိုယ်နေ ဟန်ပန် တရားထိုင်နေပုံမှာ တောင်ပိုင်း

အိန္ဒိယနှင့် သီရိလင်္ကာ ဟန်နှင့် ဆင်တူပါသည်။ မြဘုရားကို

ထိုင်းလူမျိူ းများက ဝပ်ဖကရောက် Wat Phra Kaew ဟုခေါ်သည်။ (ဝပ် )

ဆိုသည်မှာ ဘုရား၊ (ကရောက် ) ကျောက်စိမ်း ဟုအဓိပ္ပါယ်ရပါသည်။

မြဘုရားသမိုင်း ကို ရေးသားဖို့အတွက် သက်ဆိုင်ရာ ကျမ်းကိုးကားများကို

WIKIPEDIA ,

တက္ကသိုလ်ရဟန်းပျိူ စာစောင်

LCDR. WUTTIPONG PONGSUWAN

နှင့်ထိုင်းနိုင်ငံ WEB ဆိုဒ်များအသီးသီးမှ ကိုးကားမှီငြမ်းလေ့လာပြီး ရေး

သား ခဲ့ရပါသည်။

----------------------------------------------------------------------------

ဘန်ကောက်လမ်းညွန်

0 comments:

Post a Comment