Bangkok ပင္မ ရထား ဘူ တာ ရံု

Bangkok ပင္မ ရထား ဘူ တာ ရံု
-------------------------------------
ရ ထား စီး ျပီး ထိုင္း နိုင္ ငံ အနွံ ့ သြား ခ်င္ သူ ေတြ အတြက္ ဒီ တစ္ ပါတ္
ေတာ ့ ဘန္ ေကာက္ ပင္ မ မီး ရ ထား ဘူ တာ ရံု အေၾကာင္း ေလး ကို ေျပာ
ျပ ေပး ပါ မယ္ ။
ဘန္ေကာက္ ပင္ မ မီးရထား ဘူတာရံု ကို Hua Lamphong Station
လို႔လည္း ေခၚၾကပါတယ္။
ထိုင္း အခ်ိဳ႕က မူလ နာမည္ ျဖစ္တဲ့ Krungthep ခြန္ေထ ့လို႔ ေခၚၾကပါတယ္။
ဘန္ေကာက္ အပါအ၀င္ ထိုင္းႏုိင္ငံရဲ႕ ပင္မ ဘူတာရံုျဖစ္ၿပီး ၿမိဳ႕လယ္
ေခါင္မွာ တည္ရွိ ျပီး CHINA TOWN နဲ ့ နီး ပါတယ္ ။

ဘူ တာ ရံု သမိုင္းေက်ာင္း
ဘုရင္ ရာမ ၆ လက္ထက္ ၁၉၁၀ ခုႏွစ္မွာ ဘန္ေကာက္ မီးရထား ဘူတာရံု
ကို စတင္ တည္ေဆာက္ခဲ့ပါတယ္။ ၁၉၁၆ ခုႏွစ္ ဇြန္လ ၂၅ ရက္ေန႔မွာ
တရား၀င္ဖြင့္လွစ္ခဲ့ပါတယ္။ နယ္သာလန္နဲ႔ အီတလီ ဗိသုကာ ပညာရွင္
မ်ား ပူးေပါင္း တည္ေဆာက္ခဲ့တာပါ။ အီတလီ ဗိသုကာ ပညာရွင္ Mario
Tamagno ရဲ႕ ဂုဏ္သတင္းကေတာ့ တည္ေဆာက္သူမ်ားထဲမွာ
အေက်ာ္ၾကားဆံုးပါ။
သူဟာ Ananta Samakhom Throne Hall အပါအ၀င္ ၁၉၀၀
ခုႏွစ္အေစာပိုင္းက ဘန္ေကာက္မွာ စီမံကိန္းမ်ားစြာကို
တည္ေဆာက္ခဲ့ပါတယ္။
အေစာပိုင္းမွာ ဘူတာရံုဟာ ခရီးသည္မ်ားသာမက ကုန္ပစၥည္းမ်ားကိုလည္း
သယ္ယူပို႔ေဆာင္ေပးပါတယ္။ ၁၉၆၀ ခုႏွစ္မွာ ခရီးသည္မ်ားကိုသာ
စီးနင္းခြင့္ျပဳပါေတာ့တယ္။

ထိုင္း နိုင္ငံ ရဲ ့ ခရီးစဥ္မ်ား
ထိုင္းႏို္င္ငံ အႏွံ႔ ခရီးသြားၾကသူမ်ားက အဓိကအားျဖင့္ ဘန္ေကာက္
ဘူတာရံုကို သံုးၾကပါတယ္။ ဒါေပမယ့္ Kanchanaburi နဲ႔ River Kwai
ကို အသြား၊ အျပန္ လုပ္ၾကသူ အခ်ိဳ႕ကေတာ့ Thonburi ဘူတာရံုေလး
ကို သံုးၾကပါတယ္။

ရထားခ်ိန္မ်ား
ဘန္ေကာက္ ဘူတာရံုမွ ရထားမ်ားဟာ အခ်ိန္မီ ေျပးဆြဲၾကပါတယ္။
ဒါေပမယ့္ ဆိုက္ေရာက္ခ်ိန္ကေတာ့ ခရီးေ၀းရင္ ေ၀းသလို
ေနာက္က်တတ္ပါတယ္။
ရထားထြက္ခြာခ်ိန္နဲ႔ ဆိုက္ကပ္ခ်ိန္ကို ဘူတာမွာ ကြန္ျပဴတာ စနစ္မ်ားျဖင့္
တြက္ခ်က္ ျပသထားပါတယ္။

လက္မွတ္၀ယ္ျခင္း
ဘန္ေကာက္ ဘူတာမွာ အဂၤလိပ္လိုေရာ ထိုင္းလိုပါ သတင္းအခ်က္
အလက္ မ်ား ပံ့ပိုးေပးထားတဲ့ အတြက္ လက္မွတ္ ၀ယ္ရတာ လြယ္ကူ
ပါတယ္။ ရထား အမ်ိဳးအစားနဲ႔ ထိုင္ခံုအလိုက္ ေစ်းႏႈန္းမ်ား ကြာျခား
ပါတယ္။ လက္မွတ္၀ယ္ရင္ Passport ျပရမွာကို သတိျပဳပါ။
နိုင္ငံျခားသားမ်ားအတြက္ လက္မွတ္ဌာနကို
ဖြင့္ေပးထားပါတယ္။ ခို္ေတာင္နဲ႔ ေကာ့စေမြ ကရာဘီ၊ ဖူးခက္တို႔
တို႔လို နာမည္ေက်ာ္ ေ နရာမ်ားအတြက္ ရထား၊ ေလွ လက္မွတ္
မ်ားကို ေရာင္းခ်ေပး တဲ ့ ဝန္ ေဆာင္ မွဴ ့ မ်ား ကို အဲဒီ ေန ရာ မွာ
ဝယ္ ယူ လုိ ့ ရ ပါ တယ္ ။
ပံုမွန္အားျဖင့္ေတာ့ လက္မွတ္မ်ားကို သြားမယ့္ေန႔မွ ၀ယ္ယူႏုိင္ေပမယ့္
ခရီးသြားမ်ားတဲ့ ရာသီနဲ႔ ဘန္ေကာက္မွ ခ်င္းမိုင္လို နာမည္ႀကီး
ခရီးစဥ္မ်ားအတြက္ေတာ့ လက္မွတ္ကို ႀကိဳတင္၀ယ္ရမွာပါ။
ဒီဇင္ဘာလကုန္ ႏွစ္သစ္ကူးနဲ႔ ဧၿပီလလယ္ ဆုန္ ကရန္ ေရသဘင္
ပြဲေတာ္ရက္မ်ားမွာလည္း လက္မွတ္မ်ား ကုန္တတ္ပါတယ္။ လက္ မွတ္ ကို
ဘူတာရံုမွာ သာမက အြန္လိုင္း မွ ေသာ္ လည္ ေကာင္း လက္မွတ္ ေအးဂ်င့္
မ်ားကေနလည္း ၀ယ္ႏုိင္ပါတယ္။
အစားအစာမ်ား
ဘန္ေကာက္ ဘူတာမွာ အစားအေသာက္မ်ား
မစံုလင္ေပမယ့္ ေစ်းသက္သာတဲ့ ထို္င္းစားေသာက္ဆိုင္၊ ေကာ္ဖီဆိုင္၊
အသင့္စား စားေသာက္ဆိုင္နဲ႔ ေစ်းဆိုင္ငယ္ေလးမ်ား ရွိပါတယ္။
အခ်ိဳရည္မ်ားကိုလည္း ေရြ႕လ်ား အေရာင္းဆုိင္မ်ားျဖင့္ ေရာင္းခ်ေပးပါတယ္။
၂၀၁၄ ခုႏွစ္ ႏွစ္လယ္ေလာက္ကတည္းက ရထားနဲ႔ ဘူတာရံုမွာ အရက္၊
ဘီယာ ေသာက္သံုးျခင္းကို တားျမစ္ထားပါတယ္။

အိမ္သာနဲ႔ ေရခ်ိဳးခန္း
အိမ္သာနဲ႔ ေရခ်ိဳးခန္းမ်ားဟာ ဘူတာရဲ႕ ညာဘက္ေထာင့္နားမွာ တည္ရွိၿပီး
အဂၤလိပ္လိုေရာ ထိုင္းလိုပါ ဆိုင္းဘုတ္မ်ား တပ္ဆင္ထားပါတယ္။
အိမ္သာသြားရင္ ၃ ဘတ္နဲ႔ ေရခ်ိဳးရင္ ၁၀ ဘတ္ က်သင့္ပါတယ္။ ပင္မ
ဘူတာရံုအတြင္းမွာ ထိုင္းရိုးရာ အႏွိပ္ခန္းရွိပါတယ္။

ခရီးေဆာင္အိတ္မ်ား ထားႏုိင္တဲ့ ေနရာ
ဘူတာရဲ႕ အေရွ႕ကေန ၀င္လာရင္ ATM စက္မ်ားရဲ႕ ဘယ္ဘက္နားမွာ
ခရီးေဆာင္အိတ္မ်ား ထားႏုိင္တဲ့ ေနရာရွိပါတယ္။ နံနက္ ၄ နာရီကေန ည
၁၁ အထိ ဖြင့္လွစ္ပါတယ္။ အိတ္အရြယ္အစားနဲ႔ အေလးခ်ိန္အေပၚမူတည္ၿပီး
၀န္ေဆာင္ခ ကြဲျပားပါတယ္။ ၁၀ ကီလိုဂရမ္ေအာက္ ေလ်ာ့နည္းတဲ့
အိတ္ငယ္ေလးကို တစ္ေန႔လွ်င္ ဘတ္ ၂၀ က်သင့္ပါတယ္။
၁၀ ကီလိုဂရမ္ အထက္ကို တစ္ေန႔လွ်င္ ဘတ္ ၄၀ ကေန ၈၀ က်သင့္ပါတယ္။

အရိုအေသေပးပါ။
ဘန္ေကာက္ ဘူတာရံုမွာ နံနက္ ၈ နာရီနဲ႔ ညေန ၆
နာရီမွာ ႏိုင္ငံေတာ္သီခ်င္းကို ဖြင့္ေပးပါတယ္။ ထိုင္းလူမ်ိဳးမ်ားလိုပဲ
ရပ္တန္႔ျခင္းျဖင့္ အရုိအေသေပးပါ။ ဗုဒၶဘာသာ ဘုန္းႀကီးမ်ား သီးသန္႔
အသံုးျပဳႏုိင္တဲ့ ထိုင္ခံု ဧရိယာကိုလည္း ဘူတာရဲ႕ အေရွ႕မွာ ေတြ႔ႏိုင္ပါတယ္။
အဲဒီထိုင္ခံုမ်ားဟာ ဘုန္းႀကီးမ်ားအတြက္သာ ျဖစ္ေၾကာင္း ထိုင္းနဲ႔
အဂၤလိပ္လို ေရးသားထားတဲ့ သတိေပးစာကို ေတြ႔ႏုိင္ပါတယ္။

The Traveller
#ဘန္ေကာက္လမ္းၫြန္ #ကိုစိုင္း
📞0827957261,0814291178
📱Viber +66827952761
📱Line -0827952761
📩Saithu102@gmail.com
Bangkok ပင်မ ရထား ဘူ တာ ရုံ
-------------------------------------

ရ ထား စီး ပြီး ထိုင်း နိုင် ငံ အနှံ ့ သွား ချင် သူ တွေ အတွက် ဒီ တစ် ပါတ်

တော ့ ဘန် ကောက် ပင် မ မီး ရ ထား ဘူ တာ ရုံ အကြောင်း လေး ကို ပြော

ပြ ပေး ပါ မယ် ။

ဘန်ကောက် ပင် မ မီးရထား ဘူတာရုံ ကို Hua Lamphong Station

လို့လည်း ခေါ်ကြပါတယ်။

ထိုင်း အချို့က မူလ နာမည် ဖြစ်တဲ့ Krungthep ခွန်ထေ ့လို့ ခေါ်ကြပါတယ်။

ဘန်ကောက် အပါအဝင် ထိုင်းနိုင်ငံရဲ့ ပင်မ ဘူတာရုံဖြစ်ပြီး မြို့လယ်

ခေါင်မှာ တည်ရှိ ပြီး CHINA TOWN နဲ ့ နီး ပါတယ် ။

ဘူ တာ ရုံ သမိုင်းကျောင်း

ဘုရင် ရာမ ၆ လက်ထက် ၁၉၁၀ ခုနှစ်မှာ ဘန်ကောက် မီးရထား ဘူတာရုံ

ကို စတင် တည်ဆောက်ခဲ့ပါတယ်။ ၁၉၁၆ ခုနှစ် ဇွန်လ ၂၅ ရက်နေ့မှာ

တရားဝင်ဖွင့်လှစ်ခဲ့ပါတယ်။ နယ်သာလန်နဲ့ အီတလီ ဗိသုကာ ပညာရှင်

များ ပူးပေါင်း တည်ဆောက်ခဲ့တာပါ။ အီတလီ ဗိသုကာ ပညာရှင် Mario

Tamagno ရဲ့ ဂုဏ်သတင်းကတော့ တည်ဆောက်သူများထဲမှာ

အကျော်ကြားဆုံးပါ။

သူဟာ Ananta Samakhom Throne Hall အပါအဝင် ၁၉၀၀

ခုနှစ်အစောပိုင်းက ဘန်ကောက်မှာ စီမံကိန်းများစွာကို

တည်ဆောက်ခဲ့ပါတယ်။

အစောပိုင်းမှာ ဘူတာရုံဟာ ခရီးသည်များသာမက ကုန်ပစ္စည်းများကိုလည်း

သယ်ယူပို့ဆောင်ပေးပါတယ်။ ၁၉၆၀ ခုနှစ်မှာ ခရီးသည်များကိုသာ

စီးနင်းခွင့်ပြုပါတော့တယ်။

ထိုင်း နိုင်ငံ ရဲ ့ ခရီးစဉ်များ

ထိုင်းနို်င်ငံ အနှံ့ ခရီးသွားကြသူများက အဓိကအားဖြင့် ဘန်ကောက်

ဘူတာရုံကို သုံးကြပါတယ်။ ဒါပေမယ့် Kanchanaburi နဲ့ River Kwai

ကို အသွား၊ အပြန် လုပ်ကြသူ အချို့ကတော့ Thonburi ဘူတာရုံလေး

ကို သုံးကြပါတယ်။

ရထားချိန်များ

ဘန်ကောက် ဘူတာရုံမှ ရထားများဟာ အချိန်မီ ပြေးဆွဲကြပါတယ်။

ဒါပေမယ့် ဆိုက်ရောက်ချိန်ကတော့ ခရီးဝေးရင် ဝေးသလို

နောက်ကျတတ်ပါတယ်။

ရထားထွက်ခွာချိန်နဲ့ ဆိုက်ကပ်ချိန်ကို ဘူတာမှာ ကွန်ပြူတာ စနစ်များဖြင့်

တွက်ချက် ပြသထားပါတယ်။

လက်မှတ်ဝယ်ခြင်း

ဘန်ကောက် ဘူတာမှာ အင်္ဂလိပ်လိုရော ထိုင်းလိုပါ သတင်းအချက်

အလက် များ ပံ့ပိုးပေးထားတဲ့ အတွက် လက်မှတ် ၀ယ်ရတာ လွယ်ကူ

ပါတယ်။ ရထား အမျိုးအစားနဲ့ ထိုင်ခုံအလိုက် စျေးနှုန်းများ ကွာခြား

ပါတယ်။ လက်မှတ်ဝယ်ရင် Passport ပြရမှာကို သတိပြုပါ။

နိုင်ငံခြားသားများအတွက် လက်မှတ်ဌာနကို

ဖွင့်ပေးထားပါတယ်။ ခို်တောင်နဲ့ ကော့စမွေ ကရာဘီ၊ ဖူးခက်တို့

တို့လို နာမည်ကျော် ေ နရာများအတွက် ရထား၊ လှေ လက်မှတ်

များကို ရောင်းချပေး တဲ ့ ဝန် ဆောင် မှူ ့ များ ကို အဲဒီ နေ ရာ မှာ

ဝယ် ယူ လို ့ ရ ပါ တယ် ။

ပုံမှန်အားဖြင့်တော့ လက်မှတ်များကို သွားမယ့်နေ့မှ ၀ယ်ယူနိုင်ပေမယ့်

ခရီးသွားများတဲ့ ရာသီနဲ့ ဘန်ကောက်မှ ချင်းမိုင်လို နာမည်ကြီး

ခရီးစဉ်များအတွက်တော့ လက်မှတ်ကို ကြိုတင်ဝယ်ရမှာပါ။

ဒီဇင်ဘာလကုန် နှစ်သစ်ကူးနဲ့ ဧပြီလလယ် ဆုန် ကရန် ရေသဘင်

ပွဲတော်ရက်များမှာလည်း လက်မှတ်များ ကုန်တတ်ပါတယ်။ လက် မှတ် ကို

ဘူတာရုံမှာ သာမက အွန်လိုင်း မှ သော် လည် ကောင်း လက်မှတ် အေးဂျင့်

များကနေလည်း ၀ယ်နိုင်ပါတယ်။

အစားအစာများ

ဘန်ကောက် ဘူတာမှာ အစားအသောက်များ

မစုံလင်ပေမယ့် စျေးသက်သာတဲ့ ထို်င်းစားသောက်ဆိုင်၊ ကော်ဖီဆိုင်၊

အသင့်စား စားသောက်ဆိုင်နဲ့ စျေးဆိုင်ငယ်လေးများ ရှိပါတယ်။

အချိုရည်များကိုလည်း ရွေ့လျား အရောင်းဆိုင်များဖြင့် ရောင်းချပေးပါတယ်။

၂၀၁၄ ခုနှစ် နှစ်လယ်လောက်ကတည်းက ရထားနဲ့ ဘူတာရုံမှာ အရက်၊

ဘီယာ သောက်သုံးခြင်းကို တားမြစ်ထားပါတယ်။

အိမ်သာနဲ့ ရေချိုးခန်း

အိမ်သာနဲ့ ရေချိုးခန်းများဟာ ဘူတာရဲ့ ညာဘက်ထောင့်နားမှာ တည်ရှိပြီး

အင်္ဂလိပ်လိုရော ထိုင်းလိုပါ ဆိုင်းဘုတ်များ တပ်ဆင်ထားပါတယ်။

အိမ်သာသွားရင် ၃ ဘတ်နဲ့ ရေချိုးရင် ၁၀ ဘတ် ကျသင့်ပါတယ်။ ပင်မ

ဘူတာရုံအတွင်းမှာ ထိုင်းရိုးရာ အနှိပ်ခန်းရှိပါတယ်။

ခရီးဆောင်အိတ်များ ထားနိုင်တဲ့ နေရာ

ဘူတာရဲ့ အရှေ့ကနေ ၀င်လာရင် ATM စက်များရဲ့ ဘယ်ဘက်နားမှာ

ခရီးဆောင်အိတ်များ ထားနိုင်တဲ့ နေရာရှိပါတယ်။ နံနက် ၄ နာရီကနေ ည

၁၁ အထိ ဖွင့်လှစ်ပါတယ်။ အိတ်အရွယ်အစားနဲ့ အလေးချိန်အပေါ်မူတည်ပြီး

၀န်ဆောင်ခ ကွဲပြားပါတယ်။ ၁၀ ကီလိုဂရမ်အောက် လျော့နည်းတဲ့

အိတ်ငယ်လေးကို တစ်နေ့လျှင် ဘတ် ၂၀ ကျသင့်ပါတယ်။

၁၀ ကီလိုဂရမ် အထက်ကို တစ်နေ့လျှင် ဘတ် ၄၀ ကနေ ၈၀ ကျသင့်ပါတယ်။

အရိုအသေပေးပါ။

ဘန်ကောက် ဘူတာရုံမှာ နံနက် ၈ နာရီနဲ့ ညနေ ၆

နာရီမှာ နိုင်ငံတော်သီချင်းကို ဖွင့်ပေးပါတယ်။ ထိုင်းလူမျိုးများလိုပဲ

ရပ်တန့်ခြင်းဖြင့် အရိုအသေပေးပါ။ ဗုဒ္ဓဘာသာ ဘုန်းကြီးများ သီးသန့်

အသုံးပြုနိုင်တဲ့ ထိုင်ခုံ ဧရိယာကိုလည်း ဘူတာရဲ့ အရှေ့မှာ တွေ့နိုင်ပါတယ်။

အဲဒီထိုင်ခုံများဟာ ဘုန်းကြီးများအတွက်သာ ဖြစ်ကြောင်း ထိုင်းနဲ့

အင်္ဂလိပ်လို ရေးသားထားတဲ့ သတိပေးစာကို တွေ့နိုင်ပါတယ်။

The Traveller

#ဘန်ကောက်လမ်းညွန် #ကိုစိုင်း

📞0827957261,0814291178

📱Viber +66827952761

📱Line -0827952761

📩Saithu102@gmail.com

0 comments:

Post a Comment