ဆေး ကုသ မှူ့ ခံ ယူ ချင် သူ များ အတွက် Paolo ဆေးရုံ

ဆေး ကုသ မှူ့ ခံ ယူ ချင် သူ များ အတွက် Paolo ဆေးရုံ
-----------------------------------------------------------------------
ဘန် ကောက် မှာ ကုန် ကျ စရိတ် သက် သာ ပြီး ဆရာ ဝန် ကောင်း
သမား တော် ကောင်း ရှာ ဖွေ နေ ကြ တဲ့  မိတ် ဆွေ များ အတွက် လမ်း ညွန်ပါ
ဒီ တစ် ပါတ် တော့  Paolo ပေါင် လို ဆေးရုံ အကြောင်း လေး ပြော ပြ
ပါ မယ် ။ သိ သူ ဖော် စား မသိ သူ ကျော် သွား ဆို သလို ဒီ ဆေး ရုံ ဟာ ယခု
မှ နိုင် ငံ ခြား သား လူ နာ များ ကို စတင် လက် ခံ မှာ ဖြစ် တဲ့  အတွက် စရိတ်
လုံး ဝ မကြီး ကြောင်း အာ မခံ ပါရ စေ ၊ နိုင် ငံ သား များ အား ထား ရ တဲ့ 
ဆေး ရုံ တစ် ခု ဖြစ် တဲ့  အတွက် သမား တော်ကြီး များ ၊ ခေတ် မှီ ပစ္စည်း ကိရိ
ယာ များ လည်း ပြည့် စုံ ကုံ လုံ တဲ့ ဆေး ရုံ တစ် ခု ဖြစ် ပါတယ် ။
ဒီ နေ့  Brmurguard , နှင့်  Bangkok ဆေး ရုံ နှစ် ခု က လွဲ ရင် အခြား
အခြား သော ဆေး ရုံ များ မှာ ပြ သလျက် ရှိ ကြ သော မြန်မာ လူနာ များ ၊
Medicial check up လုပ် ချင် သူ များ အတွက် ပေါင် လို ဆေး ရုံ ကို ယုံ ကြည်
စွာ သွား ရောက် ကုသ ကြည့် စေ လို ပါတယ် ။ ဒီ ဆေး ရုံ ရဲ့ ကောင်း သတင်း
နောက် တစ် ခု အနေ ဖြင့်  ကျန်း မာ ရေး အပြင် အလှ အပ များ plastic
surgery လုပ် ချင် သူ များ အတွက် အထူး ဝန် ဆောင် မှူ့ ပေး ပြီး မြန်မာ ပြည်
ရဲ့ အမည် မဖော်လို သူ ..... ကို ဖြတ်ဖောက် ချုပ် လုပ် ပေး ခဲ့  တဲ့ ဆေး ရုံ
လည်း ဖြစ် ပါတယ်။
Paolo ဆေး ရုံ စတင် ပုံ
Paolo ဟာ ကုတင် ၂၆၀ ဆန့် ဆေးရုံဖြစ် ပြီး ၁၉၇၂ ခုနှစ်မှာ စတင်
ဖွင့်လှစ်ခဲ့  ပါ တယ် ။ ယခု ဆိုရင် ကမ္ဘာ့ အဆင့်မီ ကျန်းမာရေး ကုထုံးများနဲ့
ကိရိယာများကို အသုံးပြု ပြီး အဆင့် မြင့်  ရောဂါ ဝေဒနာ ရှာ ဖွေ သည့်  စက်
များ အကျွမ်း ကျင် ဆုံး သမား တော် ကြီး များ ဖြင့်  မည် သည့်  ရော ဂါ
အားလုံး မဆို တစ်နေရာထဲကနေ ကုသပေးနိုင်အောင် စီ မံ ဆောင် ရွက်
ထား တဲ့ ဆေး ရုံ တစ် ခု ဖြစ် ပါတယ် ။ နိုင်ငံတကာ စံချိန်စံညွှန်းများဖြင့်
လူနာများကို ကုသ ၀န်ဆောင်မှုပေးနေပါတယ်။ အထူးကု ဆရာဝန်များ ၊
ကျွမ်းကျင် သူနာပြုများနဲ့ ၀န်ထမ်းများစွာက စိတ်ကျေနပ်အောင်
ဝန်ဆောင်မှုပေး ကြ တဲ့  အတွက် ကျေ နပ် စရာ ကောင်း ပါတယ် ။
အထူးကုဆရာဝန်များက နယ်ပယ်တိုင်းမှာ အကောင်းဆုံး ၀န်ဆောင်မှုကို
ပံ့ပိုးပေး ကြ ပါတယ် ။ သမားတော်များ၊ ခွဲစိတ်ဆရာဝန်များ၊ ကလေးအထူး
ကု ဆရာဝန်များက ၂၄ နာရီ ကျန်းမာရေး စောင့်ရှောက်မှုများကို
ဝန်ဆောင်မှုပေးနေပါတယ်။ လူနာများအတွက် ၂၄ နာရီပတ်လုံး
လုံခြုံစိတ်ချရပါတယ်။
ပေါင် လို ဆေး ရုံ ရှိ စင်တာ များ
နှလုံးရောဂါ စင်တာ
နှလုံးရောဂါ စင်တာမှာ ရောဂါရှာဖွေခြင်း၊ ကုသခြင်း
ဝန်ဆောင်မှုများကို ပြုလုပ်ပေးပါတယ်။ အတွေ့အကြုံရင့်
ဆရာဝန်များ၊ သူနာပြုများနဲ့ ဆေးဝန်ထမ်းများစွာ ရှိပါတယ်။
စိုးရိမ်ရတဲ့ နှလုံးရောဂါ ဝေဒနာရှင်များကို အတွက်
စိတ်ချရတဲ့ နေရာဖြစ်ပါတယ်။

ကုသမှုများ
လေ့ကျင့်ခန်းဖြင့် စမ်းသပ်ခြင်း
ဒီစမ်းသပ်မှုဟာ အထူးကု ဆရာဝန်များရဲ့ ကြီးကြပ်မှုဖြင့်
လေ့ကျင့်ခန်းပြုလုပ်စဉ်မှာ နှလုံးရဲ့ စွမ်းရည်ကို စစ်ဆေးတာ ဖြစ်ပါတယ်။
သာမာန်ထက် နှလုံးခုန်နှုန်းမြင့်မားလာတဲ့အခါမှာ နှလုံးရှိ
လျှပ်စစ်စီးကြောင်းများနဲ့ သွေးခုန်နှုန်းတို့ကို ပြသပေးပါတယ်။
ဒီနည်းလမ်းဖြင့် နှလုံးခုန်နှုန်း မမှန်မှုများနဲ့ နှလုံးသွေးကြောရောဂါများကို
စစ်ဆေးပေးနိုင်ပါတယ်။

Echocardiography
Echocardiography ဟာ နှလုံးအဆို့ရှင် ၊ နံရံနဲ့ ကြွက်သားများရဲ့ စွမ်းရည်ကို
စစ်ဆေးဖို့ နှလုံးကြွက်သားများထံ အသံလှိုင်းများကို ထုတ်လွှင့်ပေးတဲ့
ဖြစ်စဉ် ဖြစ်ပါတယ်။ဒီနည်းပညာဟာ နှလုံးရောဂါများ၊ နှလုံးသွေးကြော
ရောဂါများကို စစ်ဆေးဖို့ အလွန် အသုံးဝင်ပါတယ်။

24 hours Holter Monitor
ဒီနည်းဟာ နှလုံးခုန်နှုန်းကို တိုင်းတာပေးပါတယ်။ ဆရာဝန်ထံ
လာရောက် ပြသချိန်မှာ ရောဂါလက္ခဏာများ မပြသဘဲ နှလုံးခုန်နှုန်း
မမှန်သူများအတွက် သင့်တော်ပါတယ်။ ဆရာဝန်က ၂၄
နာရီကြာ နှလုံးခုန်နှုန်း တိုင်းတာဖို့အတွက် ကိရိယာကို တပ်ဆင်ရပါတယ်။
တပ်ဆင်ပြီးရင် လူနာက အိမ်ပြန်နိုင်ပြီး ၂၄ နာရီနောက်ပိုင်းမှာ
ကိရိယာကို ဖြုတ်ဖို့ ဆရာဝန်ထံ ပြန်လာရပါတယ်။

Cardiac Catheterization CAG
CAG ဟာ နှလုံးအဆို့ရှင်များကို စစ်ဆေးဖို့ အကောင်းဆုံး နည်းလမ်းများထဲ
မှ တစ်ခုပါ။ ဒီနည်းက နှလုံးသွေးကြော ရောဂါများနဲ့ ပတ်သက်ပြီး
တိကျတဲ့ ဆေးစစ်ချက်များကို ပံ့ပိုးပေးပါတယ်။

Percutaneous Transluminal Coronary Angioplasty PTCA
PTCA ဟာ ခွဲစိတ်မှု မလိုအပ်တဲ့ နှလုံးသွေးကြောရောဂါ ကုသတဲ့ နည်းပါ။
ဒီနည်းကို CAG နည်းလမ်းပြီးရင် ပြုလုပ်ရပါတယ်။

Bypass Surgery/Coronary Artery Bypass Grafting CABG
CABG ဟာ နှလုံးထံ သွေးလုံလောက်စွာ မရောက်လို့ ရင်ဘတ်
အောင့်ခြင်းနဲ့ နှလုံးသွေးကြောရောဂါများကြောင့် သေဆုံးမှုကို လျှော့ချ
ပေးပါတယ်။ ဒီကုထုံးဟာ နှလုံးထံသို့ သွေးလုံလောက်စွာ ရောက်ရှိအောင်
လမ်းကြောင်း အသစ်များကို တည်ဆောက်ပေးပါတယ်။

Women Center
ကလေးမွေးခြင်း၊ ကလေးရရှိဖို့ ခက်ခဲခြင်း စတာတွေ အပါအ၀င် အမျိုးသမီး
နဲ့ ပတ်သက်တဲ့ ရောဂါဝေဒနာများအား ရောဂါရှာဖွေပေးခြင်း၊ အကြံပေးခြင်း၊
ကုသခြင်းများကို ပြုလုပ်ပေးပါတယ်။ သားဖွားမီးယပ် အထူးကု
ဆရာဝန်များက ခေတ်မီ ကိရိယာများဖြင့် အကောင်းဆုံး
ဝန်ဆောင်မှုပေးမှာ ဖြစ်ပါတယ်။
သားအိမ်အကျိတ်နဲ့ သားအိမ်ရောဂါများကို ခွဲစိတ်ကုသပေးပါတယ်။
သားအိမ်ခေါင်း၊ သားဥပြွန်နဲ့ သားဥ အလုပ်လုပ်ပုံ မမှန်ခြင်းများအတွက်
ခွဲစိတ်ကုသပေးပါတယ်။ ဒါ့အပြင် မျိုးပွားအင်္ဂါ ကင်ဆာများကိုလည်း
ကုသပေးပါတယ်။ အတိတ်မှာတော့ အမျိုးသမီးရောဂါများကို စစ်ဆေးဖို့
ဝမ်းဗိုက်ကို ခွဲစိတ်ရပါတယ်။ အခုတော့ နည်းပညာ မြင့်မားလာမှုကြောင့်
ဒီလိုခွဲစိတ်မှုမျိုး မရှိတော့ပါဘူး။

အရွယ်အစားသေးငယ်တဲ့ ကိရိယာများဖြင့်
လူ့ခန္တာကိုယ်အတွင်းပိုင်းကို လေ့လာစစ်ဆေးနိုင်ပါပြီ။ အဲဒီအတွက်
လူနာများရဲ့ ၀မ်းဗိုက်ကို ၀.၅ ကနေ ၁စင်တီမီတာလောက်ပဲ
ဖောက်ထွင်းရုံနဲ့ ရောဂါရှာဖွေ စစ်ဆေးနိုင်ပါပြီ။ ဒီလို ခွဲစိတ်မှုမျိုးဟာ
လက်ရှိမှာ ရေပန်းအစားဆုံးပါ။

အသုံးဝင်တဲ့ သတင်းအချက်အလက်များ
Gynecologic Endoscope နည်းပညာအကြောင်း
Gynecologic Endoscope နည်းပညာကို ရောဂါရှာဖွေဖို့အတွက်
အသုံးပြုကြပါတယ်။ သားအိမ်ရဲ့ အရွယ်အစား၊ မျိုးဥ အခြေအနေ၊
တင်ပါးဆုံအနေအထား မမှန်ခြင်းများကို စစ်ဆေးဖို့အတွက် Endoscope
ကို ကိုယ်ခန္တာထဲထည့်ရပါတယ်။ ရောဂါရှာဖွေရာမှာ တိကျစေဖို့အတွက်
တစ်သျှူးများကိုလည်း ရယူနိုင်ပါတယ်။ ကိုယ်တွင်း ရောဂါပိုးမွှားများကို
လည်း ထင်ရှားစွာ တွေ့မြင်နိုင်ပါတယ်။ ဒီနည်းပညာက ဆရာဝန်များ
အတွက် သင့်တော်တဲ့ ကုထုံးကို ရွေးချယ်နိုင်စေပါတယ်။

Endoscope ခွဲစိတ်မှုရဲ့ အကျိုးကျေးဇူးများ
၁။ ကိုယ်တွင်း အင်္ဂါများ ထိခိုက်မှုကို လျှော့ချပေးပါတယ်။
၂။ ခွဲစိတ်ပြီးနောက်မှာလည်း ဘေးထွက်ဆိုးကျိုးများ လျော့နည်းပါတယ်။
၃။ နာကျင်မှုကို လျော့နည်းစေပြီး လျှင်မြန်စွာ သက်သာပျောက်ကင်းပါတယ်။
၎။ အလွန်သေးငယ်တဲ့ ခွဲစိတ်မှု ဖြစ်တဲ့အတွက် သွေးဆုံးရှုံးမှုကို နည်းပါးစေပါတယ်။
၅။ ၁ ရက် ၂ ရက်လောက်သာ ဆေးရုံတက်ရပြီး ၅ နှစ်ကနေ
၇ နှစ်အတွင်း ရောဂါပျောက်ကင်းပါတယ်။

အရိုး၊ အဆစ် စင်တာ
အရိုး၊ အဆစ်နဲ့ ပတ်သက်တဲ့ ရောဂါများကို ရှာဖွေစစ်ဆေး ကုသပေးပါတယ်။
အထူးကု ဆရာဝန်များစွာ ထားရှိပေးထားပါတယ်။ ခေတ်မီ ကိရိယာများနဲ့
နည်းပညာများကို အသုံးပြုတဲ့အတွက် လုံခြုံစိတ်ချရပါတယ်။

ကုသနည်းများ
ကွန်ပြူတာ စနစ်ဖြင့် ဒူးခေါင်း လဲလှယ်ပေးခြင်း
ကွန်ပြူတာ အသုံးပြု ခွဲစိတ်နည်းက ဆရာဝန်များအတွက်
တိကျစွာ ပြုလုပ်နိုင်စေပါတယ်။ ခွဲစိတ်ရတဲ့ အရွယ်ပမာဏဟာ သေးငယ်ပြီး
တစ်သျှူးပျက်ဆီးမှုကို လျှော့ချပေးပါတယ်။ ခွဲစိတ်မှုပြီးတဲ့အခါမှာလည်း
လျှင်မြန်စွာ သက်သာပျောက်ကင်းပါတယ်။ ဒီနည်းပညာက အဆစ်များကို
ခိုင်မာစွာ တွဲဆက်စေပါတယ်။ ၁၅ နှစ်ကနေ နှစ် ၂၀ အထိ စိတ်ချရပါတယ်။
အသုံးပြုတဲ့ အဆစ်အတုဟာ ၀န်အားနဲ့ လှုပ်ရှားမှုကို
ခံနိုင်ရည်ရှိပါတယ်။ ကွေးနိုင်၊ ဆန့်နိုင်ပါတယ်။ Artificial Joint Center
မှာ ကျောရိုး ခွဲစိတ်မှုအတွက်လည်း ကွန်ပြူတာများကို အသုံးပြုပါတယ်။

ကျောရိုး ရောဂါ ကုသခြင်း
ကျောရိုးများ သန်မာစေဖို့ အပေါက်ဖောက်ပြီး စပရေးဖြန်းပေးတဲ့ Drilling &
Cementing ကုသနည်းကို ၀န်ဆောင်မှုပေးပါတယ်။
အာရုံကြောကို ထောက်နေတဲ့ အရိုးအပိုင်းအစကို
အပေါက်ငယ်လေး ဖေါက်ပြီး ကွန်ပြူတာ စက်ရုပ်လက်တံဖြင့် ဖယ်ရှားပေးတဲ့
Endoscopic Surgery ကုသနည်းကို
ကျွမ်းကျင်ဆရာဝန်များက ပြုလုပ်ပေးပါတယ်။
အလုပ်ကောင်းစွာ မလုပ်နိုင်တော့တဲ့ ကျောရိုးထဲမှာ စတီးချောင်း
ထည့်သွင်းထောက်ကူပေးတဲ့ Invasive Steel Implant Surgery
ကုထုံးလည်း ရှိပါတယ်။ ဒီကုသနည်းဟာ ကျောရိုးကြွက်သားများ
နာကျင်မှုကို လျှော့ချပေးပြီး လူနာလည်း လျှင်မြန်စွာ
သက်သာပျောက်ကင်းစေပါတယ်။

Navigator Assisted Arthroscopic ACL reconstruction
Navigation နည်းပညာကို ခွဲစိတ်ကုသမှု ဆေးနယ်ပယ်မှာ အသုံးပြုနေတာ
၁၀ နှစ်ကျော်ကြာခဲ့ပါပြီ။ အရင်တုန်းက အူမခွဲစိတ်မှုအတွက်သာ
အသုံပြုခဲ့ကြတာ ဖြစ်ပြီး လွန်ခဲ့တဲ့ နှစ်အနည်းငယ်အကြာက စပြီး ဒူးခေါင်း
လဲလှယ်တဲ့ ခွဲစိတ်မှုများမှာပါ အသုံးပြုလာကြပါတယ်။ ဒီနည်းပညာက
ဆရာဝန်များ ပိုမို တိကျစွာ ခွဲစိတ်နိုင်ပြီး ရှုပ်ထွေးမှုများကို
လျော့နည်းစေပါတယ်။ အပေါက်သေးသေးလေးသာ ဖေါက်ဖို့လိုတဲ့
အတွက် လူနာဟာ လျှင်မြန်စွာ ကျန်းမာလာပါတယ်။

ခွဲစိတ်ကုသမှု စင်တာ
ဝန်ဆောင်မှုနဲ့ အထူး ခွဲစိတ်မှုများ
· အထွေထွေ ခွဲစိတ်မှု
· ရင်သား ခွဲစိတ်မှု
· သွေးကြော ခွဲစိတ်မှု
· ကလေး ခွဲစိတ်မှု
· နှလုံးနဲ့ အဆုတ် ခွဲစိတ်မှု
· အူ ခွဲစိတ်မှု
· အလှအပဆိုင်ရာ ခွဲစိတ်မှု
တို့ဖြစ်ပါတယ်။

အလှအပဆိုင်ရာ ခွဲစိတ်မှု
အဆင့်မြင့် နည်းပညာများဖြင့် အလှအပ ဆိုင်ရာ
ခွဲစိတ်မှုကို ပြုလုပ်ပေးနေပါတယ်။ ပလတ်စတစ် ခွဲစိတ်မှု စင်တာဟာ
ကမ္ဘာ့အဆင့်မီတဲ့အတွက် ထိုင်းနဲ့ အခြားနိုင်ငံများမှ လှပချင်သူများကို
စွဲဆောင်နိုင်ပါတယ်။ ခန္တာကိုယ် အစိတ်အပိုင်းများ လှပစေဖို့အတွက်
အလှအပဆိုင်ရာ ခွဲစိတ်ဆရာဝန်များက ၀န်ဆောင်မှုပေးနေပါတယ်။
ခန္တာကိုယ် အစိတ်အပိုင်းများရဲ့ လုပ်ငန်းများကို မထိခိုက်အောင်
ခွဲစိတ်ပေးနိုင်ပါတယ်။ အမျိုးသား ၊ အမျိုးသမီးများအတွက်
ဝန်ဆောင်မှုပေးပါတယ်။

မျိုးပွား စင်တာ
Paolo ဆေးရုံဟာ သားဖွားမီးယပ်နဲ့ ကလေးမရတဲ့
အိမ်ထောင်သည်များအတွက် မျိုးပွား ကုသပေးခဲ့တာ နှစ်ပေါင်း
၄၃ နှစ်ရှိပါပြီ။ ဆေးရုံက ကလေးရရှိအောင် ကုသပေးခဲ့တဲ့
အိမ်ထောင်သည်များစွာ ရှိပါတယ်။ လူနာများအတွက် ရွေးချယ်စရာ မျိုးပွား
ကုထုံးများကို ပံ့ပိုးပေးထားပါတယ်။

In Vitro Fertilization (IVF)
IVF အကြောင်း
IVF နည်းလမ်းဟာ အမျိုးသား သုတ်ပိုးနဲ့ အမျိုးသမီး မျိုးဥတို့ကို
ဓါတ်ခွဲခန်းထဲမှာ မျိုးစပ်ခြင်း ဖြစ်ပါတယ်။ ခန္တာကိုယ်ရဲ့ ပြင်ပမှာ မျိုးစပ်တဲ့
နည်းလမ်းအားလုံးကို IVF လို့ ခေါ်ကြပါတယ်။ အမျိုးသမီး မျိုးဥများ
သားအိမ်သို့ သွားရာလမ်းကြောင်းဖြစ်တဲ့ မျိုးဥပြွန် မပါရှိသူများ၊
ပိတ်ဆို့နေမှုများကြောင့် ကလေးမရရှိတဲ့ လူများကို ကုသပေးဖို့အတွက် IVF
နည်းလမ်းကို စတင် တီထွင်ခဲ့တာ ဖြစ်ပါတယ်။ ဒီနေ့ခေတ်မှာတော့
မျိုးဥကြွေမှု မမှန်ခြင်း၊ သုတ်ပိုး အရေအတွက် နည်းပါးခြင်း အပါအ၀င်
သန္ဓေမအောင်တဲ့ ပြဿနာများစွာကို IVF က ဖြေရှင်းပေးနိုင်လာပါပြီ။

IVF ရဲ့ အလုပ်လုပ်ပုံ
အမျိုးသမီးများရဲ့ အသက်အရွယ်အလိုက် လစဉ် မမျိုးဥ ၁ ခုကနေ ၃၀
အတွင်း ထုတ်လုပ်ပေးပါတယ်။ အဲဒီ မမျိုးဥများဟာ အမျိုးသမီးရဲ့
ကိုယ်ခန္တာက သဘာဝအတိုင်း ထုတ်လုပ်တဲ့ FSH ဟော်မုန်း လိုအပ်ပါတယ်။
FSH ဟော်မုန်း ပမာဏ တစ်ခုမှာမှ ဥများက အသက်ရှင်ကြပါတယ်။
IVF က အဲဒီ FSH ဟော်မုန်း ပမာဏကို ထိန်းသိမ်းပေးပြီး ဥများကို
ကြီးထွားစေပါတယ်။ အဲဒီနောက်မှာ ဥများကို အမျိုးသမီး ကိုယ်အင်္ဂါထဲကနေ
ထုတ်ပြီး ဓါတ်ခွဲခန်းထဲမှာ အမျိုးသား သုတ်ပိုးနဲ့ မျိုးစပ်ပါတယ်။
ရက်အနည်းငယ်ကြာ မျိုးစပ်ပြီးနောက်မှာ သန္ဓေသားလောင်းများကို
အမျိုးသမီး သားအိမ်ထဲသို့ ပြန်လည် ထည့်သွင်းပေးရပါတယ်။

ကလေးစင်တာ
ကလေးများ ကိုယ်ခန္တာနဲ့ စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုအတွက် ဆေးရုံက
အကြံပေး ၀န်ဆောင်မှုကို ပြုလုပ်ပေးထားပါတယ်။ ဖွံ့ဖြိုးတိုးတက်မှု ပြဿနာ
ရှိနေတဲ့ ကလေးများကိုလည်း ဆေးရုံက ကုသပေးပါတယ်။

အသက် ၁၅ နှစ်အထိ ၀န်ဆောင်မှုများ

၁။ ကုသမှုများ
· ဖွံ့ဖြိုးတိုးတက်မှု နှေးကွေးခြင်း
· အရပ်ပုခြင်း
· လမစေ့ဘဲ မွေးဖွားလာတဲ့ ကလေးများ
· ဘာသာစကား သင်ယူုမှု နှေးကွေးခြင်း
· ပေါင်းသင်းဆက်ဆံရေးမှာ ပြဿနာ ဖြစ်နေတဲ့ Autisms ကလေးများ
· စိတ်ကျန်းမာရေး ချွတ်ယွင်းမှုများ
· စာရေးသားဖို့ ခက်ခဲနေသူများ
· အပြုအမူဆိုင်ရာ ပြဿနာ ရှိသူများ
· အစာ မစားတဲ့ ကလေးများ

သွားနဲ့ ခံတွင်း စင်တာ

သွားနဲ့ ခံတွင်း စင်တာမှာ အထူးကု ဆရာဝန်ပေါင်း ၃၀ ကျော်ရှိပါတယ်။
သွားနဲ့ ခံတွင်း ရောဂါများ ရှာဖွေခြင်း၊ ကုသခြင်းနဲ့
အကြံပေးခြင်းများကို ပြုလုပ်ပေးပါတယ်။ ကိုယ်ဝန်ဆောင်များ၊
သက်ကြီးရွယ်အိုများ၊ သွေးချို၊ဆီးချိုရှိသူများ၊ နှလုံးရောဂါရှိသူများ
အတွက်လည်း သက်ဆိုင်ရာ နယ်ပယ်မှ ဆရာဝန်များနဲ့ ပူးပေါင်း
ကုသပေးပါတယ်။

ကုသမှုများ
အထွေထွေ
သားနဲ့ ခံတွင်းနဲ့ ပတ်သက်တဲ့ အထွေထွေ ရောဂါများကို စစ်ဆေးခြင်း၊ ကုသပေးခြင်းများကို ပြုလုပ်ပေးပါတယ်။
ကလေး
ကလေးများအတွက် အထူးကု သွားနဲ့ ခံတွင်း ဆရာဝန်များ ရှိပြီး ခေတ်မီ
ကိရိယာများကို အသုံးပြုထားပါတယ်။
သွားကိုက်ခြင်း၊ သွားပိုးစားခြင်း
သွားကိုက်ခြင်း၊ သွားပိုးစားခြင်းများကို မူလအခြေအနေအတိုင်း
ပြန်ဖြစ်အောင် ကုသပေးပါတယ်။
ရေစီးကမ်းပြိုဖြစ်ခြင်း
ရေစီးကမ်းပြိုဖြစ်တဲ့ ဝေဒနာရှင်များအတွက် အထိန်းများ ပြုလုပ်ပေးခြင်း၊
ခွဲစိတ်ကုသပေးခြင်းများကို ပြုလုပ်ပေးပါတယ်။ မေးရိုးခွဲစိတ်ခြင်းများကို
လည်း ဆေးရုံမှာပြုလုပ်ပေးပါတယ်။

Check-Up Center
Paolo ဆေးရုံမှာ ကျန်းမာရေး ဆေးစစ်တဲ့ စင်တာ ရှိပါတယ်။
ရောဂါဝေဒနာမျိုးစုံကို တစ်နေရာထဲမှာ ရှာဖွေ စစ်ဆေး
ပေးနိုင်ပါတယ်။ ရောဂါ ဝေဒနာ မဖြစ်ခင်မှာ ကြိုတင်ကာကွယ်
နိုင်ဖို့အတွက် ဆေးစစ်ခြင်းဟာ အရေးပါပါတယ်။ paolo ဆေး ရုံ ရှိ ဆေးစစ်
ခ အမြင့် ဆုံး နှူ န်း ထား မှာ ဘတ် 12000 ဖြစ် တဲ့ အတွက် အရမ်း သက်သာ
ပါတယ် ။ပါဝင် တဲ့  အသေး စိတ် ကို ရေး ပြရရင်စာ ရှည် မှာ စိုး တဲ့ အတွက်
အသေးစိတ် သိရှိ လို ပါ က ချက်ဘောက် သို့ လာ ရောက် စုံစမ်း နိုင်ပါတယ်

ဆေး မစစ် မှီ ပြု လုပ် ရမည့်  ဗဟုသုတ များ
၁။ ရေကလွဲပြီး အစားအစာနဲ့ အခြားအရည်များကို မစစ်ဆေးမီ ၁၂
နာရီအတွင်းမှာ မစားသုံးရပါဘူး။
၂။ ခန္တာကိုယ်အတွင်းပိုင်း စစ်ဆေးဖို့လိုတဲ့ အမျိုးသမီးများဟာ ရာသီလာပြီး
၁ ပတ်အကြာမှ ဆေးစစ်ရပါတယ်။
၃။ ရင်သားအကျိတ်ကို ဓါတ်မှန်ရိုက်မယ့် အမျိုးသမီးများဟာ ရာသီလာပြီး
၁ ပတ်အတွင်းမှာ စစ်ဆေးသင့်ပါတယ်။
၎။ ကျန်းမာရေးအတွက် ဆေးစစ်မယ့် လူများဟာ မစစ်ဆေးမီ ၈ နာရီ
အနားယူရပါတယ်။
၅။ ရောဂါရှိတဲ့ လူနာများက သင့်တော်တဲ့ စစ်ဆေးမှုကို ရရှိဖို့အတွက်
မစစ်ဆေးမီ ဆရာဝန်နဲ့ တိုင်ပင်ရပါတယ်။
၆။ အသက် ၃၅ နှစ်နဲ့ အထက် လူများဟာ တစ်နှစ်လျှင်
တစ်ကြိမ် ဆေးစစ်သင့်ပါတယ်။
paolo ဆေးရုံ ကို လာ ရောက် ဆေး စစ် ကြ သူ များ ၊ လူနာ များ အတွက်
လေဆိပ် အကြို အပို့ များ ၊ ဟိုတည် ငှား ရမ်း ပေး ခြင်း များ ကို လည်း
ဆေး ရုံ မှ ဆောင် ရွက် ပေး လျက် ရှိ ပါသည်။
paolo ဆေး ရုံနှင့် ပက် သက် သည့် သတင်း အချက် အလက်များ မေးမြန်း
လို ပါ က ချက်ဘောက်မှ တစ် ဆင့် လာ ရောက်ဆွေးနွေး နိုင် ပါသည်။

The Traveller
#ဘန်ကောက်လမ်းညွန် #ကိုစိုင်း
📞0827957261,0814291178
📱Viber +66827952761
📱Line -0827952761
📩Saithu102@gmail.com

0 comments:

Post a Comment