Santorini Water Park
တစ်ခုလည်း ရှိပါတယ်။
Tornado
ခံစားရပါတယ်။
Crazy River
ဝတ်ထားဖို့ သတိပြုပါ။
King Cobra
Drop Screamer
Kamikaze
Free Fly
Blazer Falls
Space Shaker
လွှတ်ပေးထားပါတယ်။
Thunder Dark
Rafting Rapids
Magic Bowl
Kid Paradise
Lazy River
The Wave Lagoon
Hamster’s Wheel
အနားယူနိုင်ပါတယ်။
လက်မှတ်ဈေးနှုန်းများမှာ လူကြီးများအတွက် 900 ဘတ် ၊ ကလေးများ
အတွက် ၄၅၀ ဘတ် ည ၇ နာရီနောက်ပိုင်းမှာ အခမဲ့ ၀င်ရောက်နိုင်ပါတယ်။
မှုပေးပါတယ်။
The Traveller
📞0827957261,0814291178
📱Viber +66827952761
📱Line -0827952761
📩Saithu102@gmail.com
Santorini Water Park
ဒီ တစ် ပါတ် တော ့ ဟွာ ဟင်း Hua hin သွား လည် မဲ ့ သူ တွေ အတွက်
cha -am မှာ ရှိ တဲ ့ ထူးခြား တဲ ့ Santorini Water Park ကလေး
အကြောင်း လမ်း ညွန် ပေး ပါမယ်။
ရေ ပန်း ခြံ တွေ ရဲ ့ ထုံး စံ အတိုင်း ရိုး အီ နေ တဲ ့ အပြင် အဆင် ဖန် တီး မှူ ့
တွေ ကနေ ကွဲ ထွက် ပြီး them water park တစ် ခု ဖြစ် ပါ တယ် ။
Santorini Water Park ကို လှ လွန်း လို ့ တစ်ချို ့က pre-wedding လာ
ရောက် ရိုက် ကူး တတ် ကြ ပါ တယ်။
ရေ ကစား ကွင်း နဲ ့ တင် ့တယ် စွာ လိုက် ဖက် နေ မဲ ့ ချား ရဟတ် ကြီး ကို
ဓါတ်ပုံ နောက် ခံ ထား ရိုက် မလား ၊ သို ့မဟုတ် indoor ဖို တို ရိုက် ကူး ကြ
မလား ၊ ကစား မလား နား မလား Santorini Water Park က သင် ့တစ်နေ ့
တာ ကို အပန်း ပြေ စေ မှာ ဖြစ် ပါတယ် ။Santorini ရေကစား ကွင်းထဲ
မှာ လည်း ရေကစား ဥယျာဉ်မှာ ရေကူးကန် ၃ ခုရှိပါတယ်။ ရေကူးကန်များကို
လူ ၁၈၀ အတွက် နေပူစာလှုံနိုင်မယ့် ကုတင်နဲ့ ထီးများက ၀န်းရံထားပါတယ်။
ပန်းခြံထဲမှ ရေလွှာလျှော သုံးခုဟာ အရမ်းစိတ်လှုပ်ရှား ပျော်ရွှင်စရာ
ကောင်းပါတယ်။ ရေကူးကန်ရဲ့ ဘေးမှာ ယမကာဘား အပြင် Pool Bar
တစ်ခုလည်း ရှိပါတယ်။
ရေလွှာလျှောများနဲ့ ကစားပြီးလို့ မောပန်းတဲ့အချိန်မှာ ထိုင်းအစားအစာ
များကို အနားယူစားသောက်နိုင်မယ့် စားသောက်ဆိုင်ကောင်းကောင်း
တစ်ခုကိုလည်း ပန်းခြံထဲမှာ ဖွင့်လှစ်ပေးထားပါတယ်။ ထိုင်းရိုးရာ
လက်ဆောင်များကို ၀ယ်ယူနိုင်တဲ့ အရောင်းဆိုင်တစ်ခု ရှိပါတယ်။
ကလေးများအတွက် အလွန်ကြီးမားတဲ့ ကစားကွင်းတစ်ခုလည်း ရှိပါတယ်။
ဒါ့အပြင် ကလေးများအတွက် သီးသန့်ဖန်တီးပေးထားတဲ့ ရေကူးကန်နဲ့ ရေလွှာ
လျှောတစ်ခုလည်း ရှိပါတယ်။
ရေလွှာလျှောများနဲ့ အထင်ကရနေရာများ
Tornado
ထိုင်းမှာ ဆုရထားတဲ့ ရေလွှာလျှောကတော့ Tornado ပါ။ လူလေးယောက်
အတူတကွ စီးနင်းနိုင်တဲ့ ဘောကွင်းလှေဖြင့် လှိုင်ခေါင်းထဲမှာ စိတ်လှုပ်ရှားစွာ
လိုက်ပါ စီးနင်းရမှာပါ။ လေဟာနယ် တစ်ခုထဲ ရောက်နေသလို
ခံစားရပါတယ်။
Crazy River
ပင်လယ်ထဲမှာ ဘောကွင်းနဲ့ လှိုင်းစီးရတဲ့ အရသာကို ခံစားရမှာ ဖြစ်
ပါတယ်။ ကြီးမားတဲ့ လှိုင်းအတုများကို ဖန်တီးပေးထားတာက စိတ်လှုပ်
ရှားစရာကောင်းပါတယ်။ အသက်ကယ် ၀တ်စုံကိုတော့ အချိန်ပြည့်
၀တ်ထားဖို့ သတိပြုပါ။
King Cobra
အာရှမှာတော့ ပထမဆုံး King Cobra ရေလွှာလျှော ဖြစ်ပါတယ်။
ဥရောပမှာတော့ King Cobra ဟာ အကောင်းဆုံး ရေလွှာလျှောတစ်ခုပါ။
အသင်း ၂ ခု ပြိုင်စီးနိုင်ဖို့အတွက် ပြေးလမ်း ၂ ခု ဖန်တီးပေးထားပါတယ်။
ပြေးလမ်းမှာ အလိမ်အကောက်၊ အချိုးအကွေ့များနဲ့ ရင်ခုန်ဖို့ ကောင်းပါတယ်။
Drop Screamer
စီးနင်းသူကို ၁၈ မီတာ အမြင့်ကနေ ဒေါင်လိုက် လွှတ်ချလိုက်တဲ့
ရေလွှာလျှောဖြစ်ပြီး အသည်းတယားယား ဖြစ်စေပါတယ်။ Launching
Capsule ကနေ လွှတ်ချမှာ ဖြစ်ပါတယ်။
Kamikaze
Kamikaze ဟာ ရေလွှာလျှောက်တစ်ခုထက် ပိုပြီး အသည်း
ယားစရာကောင်းပါတယ်။ ရေလွှာလျှောက မတ်စောက်ပြီး
အရှိန်နဲ့ အောက်ကို ကျမှာ ဖြစ်ပါတယ်။
Free Fly
Free Fly ကတော့ ကိုယ်ပိုင် လမ်းကြောင်းအတွင်းမှာ သူငယ်ချင်းများနဲ့
ယှဉ်ပြိုင် လျှောစီးချင်သူများအတွက် ဒီဇိုင်း ဖန်တီးထားပါတယ်။
အောက်ကို လျှောဆင်းလာလေလေအရှိန်က မြင့်မားလာလေလေ
ဖြစ်ပြီး နောက်ဆုံးမှာတော့ ရေကန်ထဲကို လျှောဆင်းသွားမှာပါ။
Blazer Falls
Blazer Falls ဟာ မီတာ ၁၅၀ ရှည်တဲ့ ရေလွှာလျှော ဖြစ်ပြီး
အလိမ်အကောက်များစွာ ပါရှိပါတယ်။
Space Shaker
Space Shaker ဟာ အရွယ်ကြီး Tube ဖြင့် တည်ဆောက်ထားတာ ဖြစ်ပြီး
ဒီဇိုင်း ထူးခြားပါတယ်။ အရွယ်ကြီး Tube ထဲမှာ ရေပမာဏများစွာ
လွှတ်ပေးထားပါတယ်။
Thunder Dark
အမှောင်ကြောက်သူများအတွက် စွန့်စားခန်းတစ်ခု ဖြစ်ပါတယ်။ ထူးခြားတဲ့
အလင်းပေး နည်းပညာကို အသုံးပြုထားပါတယ်။ မှောင်မဲနေတဲ့
ပင်လယ်ပြင်ထဲမှာ လှိုင်းစီးရတဲ့ အရသာကို ခံစားရမှာပါ။
Rafting Rapids
အကွေ့အကောက်များတဲ့ ရေလွှာလျှော ဖြစ်ပြီး လူတစ်ယောက်
သို့မဟုတ် နှစ်ယောက် အတူတကွ စီးနင်းနိုင်ပါတယ်။
Magic Bowl
ပန်းကန်လုံး ပုံသဏ္ဍာန် ရေလွှာလျှော ဖြစ်ပြီး စီးနင်းသူက ကျောလှဲလျှက်
အနေအထားဖြင့် ခန္တာကိုယ်ကို လှုပ်ရှား ကစားရမှာ ဖြစ်ပါတယ်။
Kid Paradise
ကလေးများအတွက် ဖန်တီးပေးထားတဲ့ ရေကူးကန်ဖြစ်ပါတယ်။ ပျော်ရွှင်စွာ ရေကစားနေတဲ့
ကလေးငယ်များကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။
Lazy River
မြစ်ချောင်းပုံသဏ္ဍာန် ဖန်တီးထားတဲ့ ရေကူးကန်ဖြစ်ပြီး
ပန်းခြံရဲ့ နေရာအနှံ့ကို စီးနင်းနိုင်ပါတယ်။
စိတ်လှုပ်ရှားစရာကောင်းတဲ့ ရေလွှာလျှောများကို
စီးနင်းပြီးရင် အေးဆေးသက်သာစွာ ရေကစားလို့ ကောင်းတဲ့ နေရာပါ။
The Wave Lagoon
စိတ်လှုပ်ရှားစရာကောင်းတဲ့ ရေလွှာလျှောများကို စီးနင်းပြီးရင်
ပင်လယ်လှိုင်းငယ်လေးများ စီးနင်းနိုင်တဲ့ နေရာပါ။
ကမ်းခြေမှာ နေပူစာလှုံနိုင်ပါတယ်။
Hamster’s Wheel
Hamster အကောင်လေးများ လှောင်အိမ်ထဲမှာ ဘီးစီးနေသလို အရသာကို
ခံစားရမှာပါ။ လေမှုတ်ဘောလုံးကြီးကို ဘီးများအပေါ်မှာ
တင်ထားတာ ဖြစ်ပြီး ဘောလုံးထဲမှာ ၀င်ရောက် ကစားရမှာပါ။
ရေ ကစား ကွင်း ကို နေ ့စဉ် နံနက် ၁၀ နာရီကနေ ည ၁၂ နာရီအထိ
ဖွင့်လှစ်ပေးထားပါတယ်။ နံနက် ၁၀ နာရီကနေ ည ရ
နာရီအထိ ရေကူးကန်နဲ့ ရေလွှာလျှောများကို သုံးနိုင်ပါတယ်။
ကျန်တဲ့အချိန်များမှာ ယမကာဆိုင်နဲ့ စားသောက်ဆိုင်များမှာ
အနားယူနိုင်ပါတယ်။
လက်မှတ်စျေးနှုန်းများမှာ လူကြီးများအတွက် 900 ဘတ် ၊ ကလေးများ
အတွက် ၄၅၀ ဘတ် ည ရ နာရီနောက်ပိုင်းမှာ အခမဲ့ ၀င်ရောက်နိုင်ပါတယ်။
သီးသန့်အဖွဲ့များအတွက် အထူး လက်မှတ် နှုန်းထားများကိုဝန်ဆောင်
မှုပေးပါတယ်။
The Traveller
#ဘန်ကောက်လမ်းညွန် #ကိုစိုင်း