ထိုင်း နိုင်ငံ သို့ အဝင် တံခါး ဝ လေး မှာ
--------------------------------------------
ထိုင်း နိုင် ငံ လေဆိပ် အဝင် မှာ လဝက တွေ မျက် နှာ တော်တော် မာ တယ်
ကို စိုင်း ကျနော် ဒီကောင် တွေ ကို ကော လို့  ရ လား ကိုစိုင်း ....
အမလေး ဘယ် လို အတွေး တွေ များ စိတ်ကြီး ဝင် နေ တာ လဲ ...နိုင် ငံခြား သား
တစ် ယောက် ပြည် ဝင် ခွင့်  ရ ဖို့  အဆုံး အဖြတ် ပေး တဲ့ နေရာ မှာ မည် သည့်  နိုင်ငံ
က immergation မဆို ပါဝါ လုပ် ပိုင် ခွင့် အပြည့် ရှိ တဲ့ သူ တွေ ပါ ။
သူ့ များနိုင် ငံ ထဲ ကို ကို က ဝင် ရောက် တာ ဖြစ် တဲ့ အပြင် ကိုတွေ
နိုင်ငံ ကလည်း နိုင်ငံ ငယ် ဖြစ် တဲ့ အတွက် များ စွာ သီး ခံ ရပါတယ် ....
show money ပါသည် ဖြစ်စေ ကို့ဘက် ကစတင် မောက် မာ လို့ မရ ပါဘူး
ကျနော် တို့ ဆို ပါတ်စပို့  ကို ပစ် ပေး တာ ကို မနည်း လိုက် ဖမ်း ပြီး ...
ယူခဲ့ ရ တာ တွေတောင် ရှိ ပါတယ် ။
ထိုင်း နိုင်ငံ နဲ့ ပက် သက် လို့ ကျနော် သိ သလောက် လေး ပြန် မျှ ဝေ ရရင်
14 ရက် VISA ကင်းလွတ်ခွင့်  ဖြင့် လာရောက် လည် ပါတ် သူ များ
( 1 ) မိမိ တို့  ပါတ်စ်ပို့ မှာ 6 လသက်တမ်း ကျန် ရှိ ရပါမည်။
ကျွန့် တော့ မိတ် ဆွေ တစ် ယောက် passport သက်တမ်း ၂ လ ပဲ ကျန်တာ
ကို မသိ ပဲ ထိုင်း လေ ဆိပ် ကို လာ ရောက် ခဲ့ ပါတယ် ။ မြန်မာ ပြည် က
သေသေ ချာချာ မစီစစ် ပဲ လွတ် ပေး လိုက် ပေ မဲ့  ထိုင်း လေဆိပ် မှာ အဝင်
မခံ တဲ့ အတွက် မြန်မာ ပြည် ကို ထိုင်း လေဆိပ် ကနေ ပြန် ခဲ့ ရ တဲ့ သာဓက
ရှိ ခဲ့ ဘူး ပါတယ် ။
( 2 ) လေဆိပ် မှ သာ ဝင် ရောက် ရမည်
နယ် စပ် မှ ကား လမ်း ဖြင့် ဝင်ရောက် ခွင့် မရှိပါ ။ ကားလမ်း ဖြင့် လာရောက်
လည် ပါတ် လို သူ များ tourist visa လျောက် ထား ရန် လိုအပ် ပါသည်။
( 3 ) အသွား အပြန် လေယာဉ် လက် မှတ် ဝယ် ထား ရပါမည်။
တစ် ချို့ က ဆေး ရုံ ကိစ္စ ၊ အလုပ်ကိစ္စ ရက် ချိန် မရ သဖြင့်  ဈေး ဆစ် ပြီး လေ
ယာဉ် လက်မှတ် အသွား တစ်ကြောင်း သာ ဝယ် ယူ ပြီး ထိုင်း ကို လာရောက်
ချင် ပါ တယ်။ ဥပဒေ ကတော့ အသွား အပြန် လေယာဉ် လက်မှတ် ဝယ်ယူ
ထား ရမည် လို့  ပါရှိ တဲ့ အတွက် စကားနဲ စေရန် မြန်မာ ပြည်မှ check in
ကောင် တာ များ တွင် အပြန်လေယာဉ် လက်မှတ် ဝယ် ယူ ထား ခြင်း မရှိ
သည့်  ခရီး သည် များ ကို အပြန် လေယာဉ် လက်မှတ် မေး မြန်း တတ် ပါ
သည် ။ အကြံ ပြု လို သည် မှာ စကားနဲ ရန်ဆဲ စေရန် အသွား အပြန် လေ
ယာဉ် လက်မှတ် ဝယ် ယူ ထား သင့် ပါသည်။
( 4 ) white card ခေါ် arrivial card ကို ကောင်း မွန် စွာဖြည့် စွက် ရပါမည်
white card ကို ဖြည့် စွက် ရန် သိပ် မခက် ခဲ ပါ။ မိမိ နာမည် ၊မွေးသက္ကရာဇ်
မိမိတည်း ခို မည့်  ဟိုတည် လိပ်စာ ၊ မိမိ ဝင် ရောက် လာ သည့် လေယာဉ် နံ
ပါတ် စသည် လောက် သာ ဖြည့် စွက် ရသဖြင့်  ဂရုတစ် စိုက် ဖြည့် စွက် သင့် 
ပါသည်။
( 5 ) ဟို တည် Reservation Confirmation
အများ သော အားဖြင့်  white card တွင် ဟိုတည် ကောင်း မွန် စွာ ဖြည့် စွက်
ပေးသည့် မိတ် ဆွေ များ ကို စစ် လေ့ စစ် ထ မရှိ ပါ ။သို့ သော် လဝ ကမှာ မ
သင်္ကာ စရာ ကြုံ သည့် လူ များ အတွက် show money , hotel Reservation
Confirmation တောင်း ကြည့် တတ် ပါသည်။
( 6 ) show money $ 500 လိုအပ်ပါသည်။
ထိုင်း သို့ တစ် ခါ မှ မလည် ပါတ် ဖူး သေး သော ပါတ်စပို့  စာအုပ် အသစ်
များ အား $ 500 သို့ မဟုတ် ဘတ် 20000 show money စစ် တတ် ပါ သည်
စာအုပ် အဟောင်း များ ကို စစ် လေ့ စစ် ထမရှိ ပါ ။
( 7 ) ဘတ် 1000 တန် re-entry တုံး ထု ရန်
ထိုင်း နယ် စပ် များ မှ တစ်ခြား နိုင် ငံ များ သို့ ထွက်ခွါ ပြီး ထိုင်း နိုင် ငံ သို့ 
ပြန် လည် ဝင်ရောက် လို သူ များ ဘတ် 1000 တန် re-entry တုံး ထု ရန်
လိုအပ် ပါသည်။ ပြန် လည် ဝင် ရောက် ရန် စိတ်ကူး မရှိ သူ များ မလို အပ်ပါ
2 လ tourist visa ဖြင့် ဝင် ရောက် သူ များ
tourist visa ဖြစ်တဲ့ အတွက် အလုပ် လုပ် လို့ မရပါဘူး ၊သို့ သော် ထိုင်း နိုင် ငံ
သို့  tourist visa ဖြင့် လာ ရောက် လည် ပါတ် ပြီး အလုပ် လုပ် ကိုင် နေကြသူ
များ လည်း အများ အပြား ရှိပါတယ်။ ထိုင်း နိုင် ငံ သို့  ကျောင်း တက် ရန်
သို့ မဟုတ် အလုပ် လုပ် ရန် ဆန္ဒ ရှိသူ များ tourist visa ဖြင့် ဝင် ရောက်လာ
နိုင် ပြီး 2 လ အတွင်း အလုပ် ရှာ နိုင် ပါတယ်။ ကျောင်း ကိစ္စ များ ကိုလည်း
ဆောင် ရွက်နိုင် ပါတယ် ။ မိမိ တို့  အခက်အခဲ များ ပြေလည် ပြီး ၂ လဗီဇာ
ပြည့် သော အခါ သက် ဆိုင် ရာ နေရာ များ ဖြစ်သည့်  ကျောင်း ၊ အလုပ် များ
မှ မိမိအား ခေခါ် စာ များ ကို ယူဆောင် သွား ပြီး မြန်မာ ပြည် ရှိ ထိုင်း သံရုံး
တွင် ကျောင်း သား ဗီဇာ ၊ bussiness visa များ ပြန် လည် လျောက် ထား
နိုင်ပါ တယ်။
( 1 ) ကား လမ်း ဖြင့် ဝင်ရောက် နိုင်
2 လ tourist visa ဖြင့် လာ ရောက် သူ များ အနေ ဖြင့်  ထိုင်း နိုင်ငံ နယ် စပ်
များ မှ ကား ဖြင့် အသွားအပြန် လုပ် နိုင်သလို ၊လေဆိပ် မှ လည်း တရား ဝင်
ရောက် ပြီး နယ် စပ် မှ ကား လမ်း ခရီး ဖြင် ထွက် ခွါ နိုင်ပါသည်။
( 2 ) အသွား အပြန် လေယာဉ် လက်မှတ်
ကားလမ်း ဖြင့် ဝင် ရောက်သူ များ ဝယ် စရာ မလို ပါ ။ လေယာဉ် ဖြင့်  ဝင်
ရောက် မည့် သူ များ အသွား အပြန် လေယာဉ်လက်မှတ် ဝယ်ယူ ထား ရန်
လိုအပ်ပါတယ်။ အကြောင်း ပြ ချက် မှာ ထိုင်း မှ ပြည် ဝင် ခွင့် လက် မခံ သူ
များ အား ချက် ခြင်း ပြန် ပို့ နိုင် ရန် ဖြစ်ပါသည်။ မင်္သကာ စရာ လူ များ အား
ထိုင်း immergation မှ တစ်ခါ တစ်ရံ မေး ပါသည်။ မြန်မာ နိုင်ငံ မှ check in
counter များ မှ အသွား အပြန် ဝယ် ယူ ထား ခြင်း မရှိသည် ကိုတွေ့ လျင်
တာဝန် အရ မေး တတ် ပါသည်။၎င်း တို့ တာ ဝန် အရ မေး ခြင်း ဖြစ်သည့် 
အတွက် မိမိ အခက် အခဲ ကို ပြေ လည် စွာ ပြောဆို ဆွေးနွေး ပေးပါ ။
( 3 ) ဟို တည် Reservation Confirmation
ထိုင်း နိုင်ငံ အတွင်း အလုပ် လာ ရောက် လုပ် ကိုင် မည့် သူ များ ဖြစ် နိုင်
သည်ဟု မ သင်္ကာ စရာ ကြုံ သည့် လူ များ အတွက် hotel Reservation
Confirmation တောင်း ကြည့် တတ် ပါသည်။
မိမိ တို့ ဘက် မှ မသေ ချာ ပါက booking.com တို့ တွင် pay Later စသည့် 
ဟိုတည် နှင့် အခန်း များ ကို အွန် လိုင်း မှ ဘွတ်ကင် တင် ပြီး ပြ သနိုင်
ပါသည်။
( 4 ) show money လိုအပ်ပါသည်။

များ နှင့် ခဏခဏ ဝင်ရောက် သူ များ မင်္သကာ စရာ ပုဂ္ဂိုလ် များ အား ၄င်း
တို့ ကျေ နပ်လောက် သည့်  show money ပြသရန် လိုအပ်ပါသည်။
ယုံ ကြည် ရလောက် သော သူ များ အား မစစ်ပါ ။
( 5 ) ဘတ် 1000 တန် re-entry တုံး ထု ရန်

( 6 ) တစ်လ သက် တမ်း ထပ် တိုး ခြင်း
ထိုင်း နိုင်ငံ အတွင်း သို့  2 လ သက်တမ်း tourist visa ဖြင့်  လာ ရောက် သူ
များ ထိုင်း နိုင်ငံ ရှိ chaengwattana ကျန့် ဝထနာ ရှိ immigration office
တွင် နောက် ထပ် 1 လ သက် တမ်း တိုး နိုင်ပါသည်။ သို့ သော် ဘန်ကောက်
တွင် နောက် ထပ် 1 လ သက် တမ်း တိုး သူ များ 3 လပြည့် ပြီး မြန်မာ ပြည်ရှိ
ထိုင်းသံရုံး တွင် သက်တမ်း တိုး လျင် ပယ် ချ ခြင်း ခံ ရမည် ကို သတိ ပြု စေ
ချင် ပါသည်။ ထို့ ကြောင့်  ဘန်ကောက် တွင် နောက် ထပ် 1 လ သက် တမ်း
တိုး ခြင်း များ ကို ရှောင်ကြဉ် ကြပါ ။
ထိုင်း ဗီဇာ လျောက် ထား လို သူ များ အတွက် လိုအပ် ချက် များ
( ၁ ) လျောက် ထား သူ ၏ ပါတ်စပို့ သည် ၆ လသက် တမ်း ကျန် ရှိ ရမည်
( ၂ ) visa လျောက် ထား ရန် အတွက်လိုအပ်သော အချက် အလက် များ ကို
မှန်ကန် သေချာ စွာဖြည့် စွက်ပေးရမည်
( ၃ ) ကာ လာ ဓါတ် ပုံ ( ၂ ပုံ ) 3.5x4.5 cm
( ၄ ) invitation letter တစ် စောင်
( ၅ ) လေယာဉ် လက် မှတ် အသွား အပြန် နှင့် ဟိုတည် ဘွတ်ကင် confirm
စာ တစ် စောင် ၊ နယ် စပ် မှ ကား လမ်း ဖြင့်  ဝင် ရောက် သူ များ ဖြစ် လျင်
ကား လက် မှတ် အသွား အပြန်
( ၆ ) 40 USD visa ကြေး
ဖော် ပြ ပါ အချက် အလက် များ နှင့် ကိုက် ညီ လျင် မြန်မာ နိုင် ငံ ရှိ ထိုင်း
သံရုံး တွင် Tourist visa ကို သွား ရောက် လျောက် ထား နိုင် ကြောင်း သတင်း
ကောင်း ပါး အပ် ပါသည်။
#ဘန်ကောက်လမ်းညွန် #ကိုစိုင်း
📞0827957261,0814291178
📱Viber +66827952761
📱Line -0827952761

0 comments:
Post a Comment