------------------------------------------------------------
( 2 ) Pad Thai ဖတ် ထိုင်း
Thip Samai ဖြစ်ပါတယ်။
( 4 ) Roti ရိုတီ
လည်း ပါဝင်ပါတယ်။
ဘတ်လောက်သာ ပေးရပါတယ်။
ပါ တယ် ။
သီး မှည့်  ငှက် ပျော် သီး အစိမ်း ကြော် စသဖြင့်  ၂ မျိုး ၇ှိ ပြီး နှစ်သက် ရာ
( 10 ) အုန်း သီး
ပင် အဆင်ပြေ လှပါ သည်။
The traveller
 ထိုင်း နိုင် ငံ၏ လမ်း ဘေး သား ရေ စာ များ အပိုင်း ( 1 )
------------------------------------------------------------
ယနေ့ ထိုင်း နိုင် ငံ နေရာ အနှံ့အပြား တွင် အများ အပြား ရောင်း ချ ပြီး
အသင့် စား သုံး နိုင် သော လမ်း ဘေး စာ များ ကို အလွယ် တစ် ကူ
သုံးဆောင် နိုင် ရန် ပြန် လည် မျှဝေ ပေး လိုက် ပါတယ် ။
( 1 ) Grilled Pork (Moo Ping ) မူ ပီးန်
ဝက်သားပြား ကင် ဝက် သား ပြား ကို ဂျင်း ၊ သကြား ၊ တရုတ် ငံပြာ ရည် ၊
ငရုပ်ကောင်း ၊ ကြက်သွန် ဖြူ ၊ဝက်သား မှူ န့် တို့ ဖြင့် ရောစပ် ပြီး ကြိတ်
ကာ ရရှိ လာသော ပေါင်း စပ် ရည် အရည် ထဲ တွင် ဝက်သား ပြား ကို စိမ်ပြီး
မီး ကျီးခဲ ရဲရဲ တွင် ကင် ကာ ရောင်း သော ဝက်သား ပြား ကင် မှာ အရသာ
ရှိ ပြီး စား ရသည်မှာအလွန် ကောင်း ပါသည် ။ အများစု က
ကောက် ညှင်းဖြူ ဖြူ ဖြင့် တွဲ ဘက် ကာ သုံး ဆောင် လေ့ရှိ ပါသည်။
( 2 ) Pad Thai ဖတ် ထိုင်း
Pad Thai ကတော့ ဇောက်နက် ဒယ်အိုးထဲမှာ အသီးအရွက်၊ ပင်လယ်စာ၊
အသား၊ ပဲပင်ပေါက်၊ ကြက်ဥတို့ကို ကြော်ထားတဲ့ ထိုင်းစတိုင်
ခေါက်ဆွဲကြော်ပါ။ ငါးဆော့ရည်၊ သကြား ၊ ငရုတ်သီးမှုန့်တို့ကလည်း
Pad Thai ရဲ့အရသာကို ဖြည့်စွက်ပေးပါတယ်။
ဘန်ကောက်မှာ Pad Thai အကောင်းဆုံး စားသောက်ဆိုင်ကတော့
Thip Samai ဖြစ်ပါတယ်။
( 3 ) som tum ယိုးဒယား သင်္ဘောသီးထောင်း
ဘန်ကောက်ရဲ့ လမ်းဘေးစာတွေထဲမှာ ယိုးဒယား သင်္ဘောသီးထောင်းက
နာမည်ကြီးပါပဲ။ သင်္ဘောသီး၊ ငရုတ်သီး၊ မြေပဲ၊ ကြက်သွန်နီ၊ ခရမ်းချဉ်သီး၊
ငါးဆော့ရည်၊ သံပုရာသီးတို့ ပါ ဝင်ပါ တယ်။ ချဉ်ချဉ် စပ်စပ် အရသာကို
နှစ်သက်သူတွေအတွက် အကြိုက်တွေ့ ကြမှာပါ။
( 4 ) Roti ရိုတီ
ထိုင်း နိုင် ငံ ရဲ့လမ်း ဘေး စာ ထဲ မှာ ရိုတီ မုန့် လည်း တစ် ခု အပါ အဝင်
ဖြစ် ပါတယ် ။ ချိုချို စိမ့်စိမ့်လေး နှစ် သက် သူ များ အတွက် ပလာတာ ကို
ငှက်ပျော် သီး ၊ ကြက်ဥ ၊ အိုဗာ တင်း ၊ ဂျယ်လီ စသဖြင့်မိမိ နှစ် သက် သလို
တွဲ ဘက် သုံး ဆောင် နိုင် ပါသည်။
ရိုတီ သမား အများ စု ကတော့ ထိုင်း နိုင်ငံရောက် မြန်မာ ရွှေ့ပြောင်း
မူစလင် များ ဖြစ် ပြီး ရိုတီ ရောင်း ကာစီး ပွားဖြစ် နေ ကြ ပါ သည် ။
( 5 ) Sai Krok Isaan စိုက်ကော် ဝက်အူချောင်း အစာသွပ်
ဝက်အူချောင်း အစာသွပ် ကို ထိုင်း လမ်းဘေးစာထဲမှာ လူကြိုက်များပါတယ်။
ဝက်သားနဲ့ ထမင်းကို အချဉ်ဖောက်ထားတဲ့ အရသာဖြစ်ပါတယ်။ တစ်ချို့က
ဂျုံ ကြာ ဇံ နဲ့ပြု လုပ် ကြ ပါတယ် ။ ဂေါ်ဖီ၊ ဂျင်း၊ ငရုတ်သီး၊ သံပုရာသီး၊
လည်း ပါဝင်ပါတယ်။
ဝက်အူချောင်း အစာသွပ် ကို နေရာအနှံ့မှာ စားသုံးနိုင်ပြီး တစ်ချောင်းကို ၁၀
ဘတ်လောက်သာ ပေးရပါတယ်။
( 6 ) Chicken, pork and fish balls လု ချင်း
ထိုင်း နိုင်ငံ ရဲ့လမ်းဘေး အစားအသောက် များ ထဲ တွင် လုချင်း လည်း
အပါအဝင်ဖြစ်ပြီး အချည် ရည် အချို အချည် နှင့် တွဲ ဘက် သုံး ဆောင် ရ
ပါ သည် ။ လုချင်း ကြော် ၊ လုချင်း ပေါင်း ၊ လု ချင်း ကင် စသဖြင့်အမျိုး မျိုး
ပြု လုပ် ရောင်း ချပေးပါ သည် ။
နှစ် သက် ရာ ဝက် သား ၊အမဲ သား ၊ ငါး ၊ စသဖြင့် နှစ် သက် ရာ ကို
ဝယ် ယူ သုံးဆောင် နိုင် ပါသည်။
( 7 ) Coconut ice cream အုန်းသီးရေခဲမုန့်
Chatuchak Weekend Market နှင့် ထိုင်း နိုင် ငံ ရေ ပေါ် ဈေး Damnoen
Saduak ရောင်း ချ ပေး တဲ့ အုန်းသီး ရေခဲမုန့် ကလည်း စားလို
႔ကောင်းပါတယ်။ ပြောင်းဖူး၊ မြေပဲ၊ ကပ်စေးနှဲ၊ ကောင် ညှင်း စတဲ့ ပါဝင်
ပစ္စည်းများ ကို ထည့်သွင်း ပြီး တွဲ ဘက် ကာ ရွေး ချယ် သုံး ဆောင် နိုင်
ပါ တယ် ။
( 8 ) Deep Fried Bananas ကွေ့ထော့ ငှက်ပျောသီးကြော်
ငှက်ပျောသီးကြော်ကလည်း တစ်မူ ထူးခြား ပြီး အရ သာ ရှိ ကာ ငှက်ပျော်
သီး မှည့် ငှက် ပျော် သီး အစိမ်း ကြော် စသဖြင့် ၂ မျိုး ရှိ ပြီး နှစ်သက် ရာ
ကို ရွေး ချယ် ကာ သုံးဆောင် နိုင် ပါသည် ။ စိမ်စိမ့်လေး နှင့်စား ကောင်း
သည့် အတွက် တစ်ခါစားပြီးရင် နောက်ထပ် စားချင်နေပါတယ်။
( 9 ) ပိုး မွှား အင်း ဆက် ၊ ဖား ကြော် ၊ကင်းမီးကောက် ကြော်
dried insects, spiders, ants, bugs, worms, scorpions, frogs စတဲ့
အကောင် ပလောင် များ ကို ထိုင်း နိုင် ငံ နေရာ အနှံ့ အပြား ည ဘက်
များ တွင် လမ်းဘေး များ တွင် တွန်း လှည်း များ ဖြင့်သော် လည်ကောင်း
၊ဆိုင် ခန်း များ ဖြင့်ရောင်းချ ပေး လျက် ရှိပြီး နှစ် သက် ရာ အကောင်
ပလောင် များ ကို မှာ ယူ သုံးဆောင်နိုင် ပါသည်။ ဘီယာ နှင့်တွဲ ဘက် သုံး
ဆောင် ပါ ကဆွေ မျိုး ပါ မေ့နိုင် ပါသည် ။
( 10 ) အုန်း သီး
ထိုင်း နိုင် ငံ ရောက် ရင် မဖြစ် မနေ မြည်း စမ်း ကြည့်ရ မှာ က အုန်း
ရည် ဖြစ် ပါသည်။ ထိုင်း နိုင် ငံ ရှိ အုန်း ပင် များ သည် ဝက် မလွတ်
အုန်း မျိုး ဖြစ် ပြီး အပင်နိမ့်နိမ့်နှင့်ပြုံ ကာ သီး ကြ ပါ သည် ။ ဒါ့အပြင် ၎င်း
အုန်း သီး မှ ရရှိ သော အုန်း ရည် မှာ အရသာရှိ ပြီး အလွန်ချို မြိန် သည့်
အတွက် မဖြစ်မနေ ဝယ်ယူ သုံးဆောင် သင့်သည့် အသီးအနှံ တစ် ခု
ဖြစ် ပြီး လမ်းဘေးတော်တော်များများ တွင် ရေခဲ နှင့်စိမ် ကာ အမော
ပြေသုံး ဆောင် နိုင် ရန် စီစဉ် ထား သဖြင့်သုံးဆောင် ရသည် မှာ အလွန်
ပင် အဆင်ပြေ လှပါ သည်။
ဆက်လက်ဖော်ပြ ပေး ပါ အုံး မည်
The traveller
#ဘန်ကောက်လမ်းညွန် #ကိုစိုင်း
0 comments:
Post a Comment