သဘာ ဝ အလှ တရား များ နှင့် Ko Samui ကော့စမွေ ကျွန်း ❤❤
ကော့စမွေဟာ သဘာဝ အလှ မပျက်ဆီးသေးတဲ့ ကွန်း အဖြစ်
ထိုင်း နိုင် ငံ မှာ နာမည်ကြီး သည့်  ကျွန်း တစ် ခု ဖြစ် ပါသည်။
ထိုင်းနိုင်ငံရဲ့ ဒုတိယ အကြီးဆုံး ကျွန်းဖြစ်ပြီး စတုရန်း ကီလိုမီတာ ၂၄၇
ကျယ်ဝန်းပါတယ်။ Chumphon ကျွန်ဖော် ခရိုင် မှာတော့ အကြီးမား
ဆုံး ကျွန်းဖြစ်ပြီး ကျွန်းပေါင်း ၈၀ ကျော်ဖြင့် ဖွဲ့စည်းထားပါတယ်။
လူဦးရေ ၄၀၀၀၀ ကျော်နေထိုင်ကြပြီး ၉၀ ရာခိုင်နှုန်းဟာ ဗုဒ္ဓဘာသာ
များ ဖြစ် လို့  အေး ချမ်း ဆိတ် ငြိမ် ပြီး ဇိမ် ခံ ဟိုတည် ကြီး များ နှင့် ဝန် ဆောင်
မှူ့  များ နှင့် ပြည့် နှက် နေတဲ့  ကျွန်း သာ ယာ လေး ပဲ ဖြစ် ပါတယ် ။
ဘန်ကောက်ရဲ့ တောင်ဘက် ၇၀၀ ကီလိုမီတာ အကွာမှာ တည်ရှိပါတယ်။
ကော့ စမွေ ကျွန်း ကို ဘယ် လို သွား မလဲ 🚂🚂
ကော့ စမွေ ကို ဘန် ကောက် မှ ကား ၊ ရ ထား ၊ လေယာဉ် စသဖြင့်  မိမိ တို့ 
နှစ် သက် ရာ ကို ရွှေး ချယ် စီး နှင်း ကာ သွား ရောက် နိုင် ပါသည် ။ သို့ သော်
အား လုံး စူဏဌာ နီ ခရိုင် မှ ကော့ စမွေ ကျွန်း သို့  FERRY BOAT များ ကို
စီး နှင်း ရ မှာ ဖြစ် ပါတယ် ။ Ferry boat service ကတစ်ယောက် ကို ဘတ်
၃၀၀ လောက် သာ ကျသင့်  ပါတယ် ။
ferry boat service web ကို သွား ရောက် လေ့လာ ရန် လင့် ပါ ပူး တွဲ ဖော်ပြ
ပေး ထား ပါတယ် ။ http://www.lomprayah.com/
ကော့ စမွေ မှာ တည်း ခို ဖို့  ဘယ် လို ရွေး ရ မလဲ
ကော့ စမွေ ကျွန်း မှာ ဇိမ် ခံ ဟိုတည် ကြီး တွေ မှ အစ ဘန် ဂလို ငယ် များ
guest house များ လည်း အတွက် တည်း ခို ဖို့  ကို စိတ် ပူ စရာ မလို ပါဘူး
ဇိမ် ခံ luxury hotel များ ထဲ မ တော့  W Retreat Koh Samui , Bo Phut
Resort & Spa နှင့်  Nora Beach Resort တို့ မှာ တည်း ရ တာ တော် တော်
လေး ကို အဆင် ပြေ ပါတယ် ။ Low season အချိန် တော့  မြန်မာ ငွေ
တစ်သိန်း ကျော် ကျော် လေး ပဲ ပေး ရ တဲ့ အတွက် ပြန် ရ တဲ့  facilities နဲ့ 
တန် ပါတယ် ။ budget hotel တွေ ဆို ရင် တော့  ibis Samui Bophut နဲ့ 
Chaweng Budget Hotel တို့ က တော့  ကျနော် တို့ မြန်မာ တွေ နဲ့ အဆင်
ပြေ စွာ တည်း ခို နေ ထိုင် လို့  ရပါတယ် ။
ကော့ စမွေ ကျွန်း ရဲ့  အလည် အပါတ် များ
ကော့စမွေဟာ အလွန်ကြီးမားတဲ့ ကျွန်းဖြစ်ပြီး သာယာလှပတဲ့ ကမ်းခြေများစွာ
ရှိ ပါ တယ်။ နာမည် အ ကြီး ဆုံး ကမ်းခြေ ကတော့  Chaweng နဲ့ Lamai
တို့ ဖြစ် ပါ တယ်။
အခြား နာမည်ကြီး ကမ်းခြေများမှာ
🌠Nathon
🌠Laem Yai
🌠Mae Nam
🌠Bophut
🌠Choeng Mon
🌠Samui South Coast တို့ဖြစ်ကြပါတယ်။
မြန်မာ လူ မျိုး များ နှစ် သက် စေ မဲ့ တခြား အလည် အပါ တ် တွေ ကတော့ 
🌟ကော့ စမွေ ဘုရား ကြီး Big Buddha
💥Grandmother and Grandfather Rock (Hin Yai & Hin
Ta) ကျောက် ဆောင် အထီး အစ်မ
💥Tarnim Magic Garden လျို့ ဝှက်သော ဗုဒ္ဓ ပန်း ခြံ
💥Samui Viewpoint
💥Chaweng Night Market
💥Koh Samui walking street နှင့်  ညဈေး တို့  ပဲ ဖြစ် ပါတယ် ။
ကမ္ဘာ လှည့် ခရီး သွား တွေ ကော့ စမွေ ကို လာရ တဲ့ အဓိက အချက် မှာ
ကမ်းခြေ များကြောင့်ဖြစ်ပါတယ်။
ကော့စ မွေ မှာ ရေငုပ်ခြင်း အပါ အဝင် ပင်လယ် ကမ်းခြေ နဲ့ ပတ်သက် တဲ့
ကစားနည်းများစွာကို ကစားနိုင်ပါတယ်။
Ang Thong National Marine Park နဲ့ Ko Tao များမှာ ရေငုပ်ခြင်းကို အဓိက ပြုလုပ်ကြပါတယ်။
Chaweng ကမ်းခြေ မှာ Dive Shops များစွာ ရှိပြီး ရေငုပ်ခရီးစဉ်များကို
၎င်း နေရာ တွင် ဝယ်ယူ ရ ရှိ နိုင် ပါတယ် ။ ရေငုပ်သွားမယ့် လှေများဟာ
နေ့ စဉ် Bophut နဲ့ Bang Ruk ဆိပ်ကမ်းများကနေ နံက် စော စော
ထွက်ခွာလေ့ရှိပါတယ်။
ကော့ စမွေ ရဲ့  ထူး ခြား တဲ့  ပွဲတော်များ🌸
⭐ကျွဲရိုင်း သတ်ပွဲေ တာ် - ကော့စမွေရဲ့ နာမည်အကြီးဆုံး ပွဲတော်များ ထဲ မှ
တစ်ခုဖြစ်ပါတယ်။
နှစ် သစ်ကူးနဲ့ သင်္ကြန် ပွဲ တော် ရာ သီ များ မှာ နှစ် စဉ် ကျင်း ပ လေ့ ရှိ ပါ
တယ် ။ စပိန် ကျွဲရိုင်း သတ် ပွဲတော် လိုတော့ အန္တရာယ် မများ ပေ မဲ့ 
အနိုင်ရရှိတဲ့ ကျွဲပိုင်ရှင်ဟာ ဘတ်ငွေ သန်းဂဏန်း ခန့်  ရရှိပါတယ်။
⭐Samui Regatta - နှစ်စဉ်ကျင်း ပ တဲ့ ရွက်လှေစီး ပြိုင် ပွဲဖြစ် ပြီး
သြစတြေးလျ၊ စင်ကာပူ၊ ဂျပန်နဲ့ တရုတ်တို့လို နိုင်ငံတကာမှ
နာမည်ကျော်များ လာရောက် ပြိုင်ကြပါတယ်။
၂၀၀၂ ခုနှစ် ကတည်း က ပြိုင်ပွဲကို စတင်ကျင်းပ ပေး ခဲ့တာပါ။
⭐Ten Stars Samui Art Party - ဒီ ပွဲ တော် က တော့  ထိုင်းပြည်တွင်း
နဲ့ နိုင်ငံတကာမှ အနုပညာချစ်မြတ်နိုးသူများက သူတို့ရဲ့ လက်ရာများကို
ပြသကြပါတယ်။
နှစ်စဉ်ကျင်းပလေ့ရှိပြီး အနုပညာပြခန်းများ၊ Resort များမှာ ပြုလုပ်ကြပါတယ်။
⭐Samui Triathlon – International Triathlon Union အား ကစား ပွဲ တော်
ကို တော့  နှစ် စဉ် ကျင်း ပ ပေး ပြီး ကမ္ဘာအ၀န်းမှ ပြိုင်ပွဲ ၀င်ပေါင်း
၅၀၀ ကျော် ပါဝင်လေ့ရှိပါတယ်။
⭐Koh Samui THA Midnight Run - ကုသိုလ်ဖြစ် အပြေးပြိုင်ပွဲဖြစ်ပြီး Thai
Hotel Association နဲ့ Thai Association of Ko Samui က ကျင်းပတာ
ဖြစ်ပါတယ်။ မတ်လမှာ နှစ်စဉ် ကျင်းပပြီး လူ ၂၀၀၀ ခန့် ပါဝင်
ယှဉ်ပြိုင်ကြပါတယ်။ ကော့စမွေနဲ့ ထိုင်းမှာတော့ နာမည်ကျော်
အပြေးပြိုင်ပွဲများထဲမှ တစ်ခုဖြစ် ပြီး Chaweng Beach ရဲ့ လမ်းမများပေါ်
မှာ ၅ ကီလိုမီတာကနေ ၁၀ ကီလိုမီတာခန့် ပြေးကြရပါတယ်။
၂၀၁၃ ခုနှစ်မှာ ပြိုင်ပွဲကို စတင် ကျင်းပခဲ့တာ ဖြစ် ပါ တယ် ။
The Traveller
#ဘန်ကောက်လမ်းညွန် #ကိုစိုင်း
📞0827957261,0814291178
📱Viber +66827952761
📱Line -0827952761
📩Saithu102@gmail.com

0 comments:
Post a Comment