-----------------------------------
တယ်။
သမိုင်းကျောင်း
ရွှေ့ခဲ့ပါတယ်။
The Traveller
0827952761 ,0814291178
Viber +66827952761
Wat Traimit ရွှေဘုရား သမိုင်း
-----------------------------------
Golden Buddha ဟာ ၅.၅ တန်ရှိတဲ့ ရွှေဆင်းတုတော်
ဖြစ်ပါတယ်။ ထိုင်းလို Phra Phuttha Maha Suwana Patimakon လို့လည်း ခေါ်ပါတယ်။ ထိုင်းနိုင်ငံ ဘန်
ကောက်ရှိ Wat Traimit ဘုရားကျောင်းမှာ တည်ရှိပါ
တယ်။
သမိုင်းကျောင်း
ရွှေဘုရား ကို ၁၃ နဲ့ ၁၄ ရာစု Sukhothai မင်းဆက်မှာ တည်ထားကိုးကွယ်ခဲ့တယ်လို့ ယူဆရပါတယ်။ ဆင်းတုတော်ရဲ့ ဦးခေါင်းတော်ဟာ ဘဲဥပုံသဏ္ဍာန်ဖြစ်တဲ့အတွက် Sukothai မင်းဆက်မှာ တည်ထားတာ ဖြစ်နိုင်ပါတယ်။ Sukothai ခေတ် မှာ အိန္ဒိယ မှ အနုပညာများ လွှမ်းမိုးခဲ့ပါတယ်။ထိုခေတ်အခါက အိန္ဒိယမှာ ဆင်းတုတော်များကို ထုလုပ်ပြီး
အခြားနိုင်ငံများသို့ ရောင်းချသည့် ဓလေ့ရှိခဲ့ပါတယ်။ အဲဒီအတွက် ရွှေဘုရားဟာလည်း အိန္ဒိယက ထုလုပ်တာ ဖြစ်နိုင် တယ် လို့ ယူဆ ရပါတယ်
၁၄၀၃ ခုနှစ်လောက်မှာ ရွှေဘုရားကို Sukhothai မှ
အယုဒ္ဓယသို့ ပြောင်းရွှေ့ပူဇော်ခဲ့ပါတယ်။ ၁၈၀၁ ခုနှစ်မှာ ထိုင်းဘုရင် ရာမ ၁ က ဘန်ကောက်ကို နေပြည်
တော်အဖြစ် သတ်မှတ်ပြီးနောက်မှာ ဘန်ကောက်မှာ ဘုရားကျောင်းများစွာ တည်ဆောက်ဖို့ အမိန့်ပေးခဲ့ပါတယ်။ နိုင်ငံအဝန်းမှ ပျက်ဆီးနေတဲ့ ဘုရားကျောင်းများမှ ဗုဒ္ဓရုပ်ပွားတော်များကိုလည်း ဘန်ကောက်သို့ ပြောင်း
ရွှေ့ပူဇော်ဖို့ ညွှန်ကြားခဲ့ပါတယ်။
ဘုရင် ရာမ ၃ ( ၁၈၂၄ - ၁၈၅၁ ) လက်ထက်မှာ ရွှေဘုရားကို ဘန်ကောက်ရှိ Wat Chotanaram ဘုရား
ကျောင်းမှာ တည်ထားကိုးကွယ်ခဲ့ပါတယ်။ Wat Chotanaram ဘုရားကျောင်းကို ပိတ်လိုက်ပြီးနောက် ၁၉၃၅ ခုနှစ်မှာ ရွှေဘုရားကို လက်ရှိ တည်ထားကိုး
ကွယ်ရာနေရာဖြစ်တဲ့ Wat Traimit အနားကို ပြောင်း
ရွှေ့ခဲ့ပါတယ်။
ရွှေဆင်းတုတော်ကို နေရာ ပြောင်းရွှေ့ခြင်း
၁၉၅၄ ခုနှစ်မှာ Wat Traimit ဘုရားကျောင်းမှာ ရွှေ
ဆင်းတုတော်အတွက် Viharn ကျောင်းဆောင်ကို
တည်ဆောက်ခဲ့ပြီး ၁၉၅၅ ခုနှစ်မှာ မေလ ၂၅ ရက်မှာ
ပြောင်းရွှေ့ခဲ့ပါတယ်။ ဆင်းတုတော်ကို ပြောင်းရွှေ့စဉ်မှာ ကြိုးများ ပြတ်ကျခဲ့ပြီး မြေပြင်ပေါ် မြေခခဲ့ရပါသေးတယ်။ ဆင်းတုတော်ရဲ့ ရွှေအချို့ကွာ ကျခဲ့ရပြီး
ပြောင်းရွှေ့မှုကို ရပ်နားခဲ့ရပါတယ်။
ပျက်ဆီးသွားတဲ့ ရွှေများ၊ ပလာစတာများကို သေချာစွာ ခွာထုတ်ခဲ့ရပြီး ဓါတ်ပုံများဖြင့် မှတ်တမ်းတင်ခဲ့ပါတယ်။ ဓါတ်ပုံများကို ဘုရားကျောင်းမှာ ပြသထားပါတယ်။
ပလာစတာအားလုံးကို ခွာချခဲ့ပြီးနောက်မှာ ရွှေဆင်းတုတော်ဟာ အစိတ်အပိုင်း ၉ ခုနဲ့ တည်ဆောက်ထားတယ်ဆိုတာ တွေ့ခဲ့ရပါတယ်။ လွယ်ကူစွာ ပြောင်းရွှေ့
နိုင်ဖို့အတွက် ဆင်းတုတော်ရဲ့ အစိတ်အပိုင်းများကို
တစ်စစီဖြုတ်နိုင်တဲ့ သော့တစ်ချောင်းကိုလည်း ပလာစတာထဲမှာ တွေ့ခဲ့ရပါတယ်။ ၂၀၁၀ ခုနှစ် ဖေဖော်ဝါရီလ ၁၄ ရက်နေ့မှာ Wat Traimit ဘုရားကျောင်းမှာ
ကျောင်းဆောင်အသစ်ကြီးကို တည်ဆောက်ပြီး ရွှေဘုရားကို တည်ထားကိုးကွယ်ခဲ့ပါတယ်။
ရွှေဘုရားရဲ့ သတင်းအချက်အလက်များ
ရွှေဘုရားဟာ အမြင့် ၃ မီတာ ( ၉.၈ ပေ ) ရှိပြီး ၅.၅ တန် အလေးချိန်ရှိပါတယ်။ အစိတ်အပိုင်း ၉ ခုကို တွဲစပ်တည်ဆောက်ထားတာပါ။ ရွှေဘုရားရဲ့ ရွှေဟာ ၁၈ ကာရက်ရှိပြီး ဒေါ်လာ သန်း ၂၅၀ တန်ကြေးရှိပါတယ်။ ဆင်းတုတော်ရဲ့ကိုယ်ထည်မှာ ရွှေ ၄၀ ရာခိုင်နှုန်း ၊ မေ့စေ့တော်ကနေ ဦးခေါင်းမှာ ရွှေ ၈၀ ရာခိုင်နှုန်းနဲ့ ဆံ
တော်မှာ ရွှေ ၉၉ ရာခိုင်နှုန်း သွန်းလောင်းထားပါတယ်။
The Traveller
#ဘန်ကောက်လမ်းညွန် #ကိုစိုင်း