အသိ ပေး ခြင်း ✔✔

အသိ ပေး ခြင်း
လွန် ခဲ့  တဲ့  ရက်သတ္တ ပါတ် လောက် တုန်း က ဘန်ကောက် လမ်းညွန် မိတ်
ဆွေ တစ် ဦး ရဲ ဖမ်း ခံ ရ ပါတယ် ။ အကြောင်း ကား နယ် လှည့်  ရဲ များ
မင်္သ ကာ လို့  ပါတ် စပို့ မေး မြန်း ခြင်း မှ စတယ် လို့  ဆို ရ မှာ ပါပဲ ။
ဖမ်း သွား တဲ့  နေရာ ကလည်း တကယ့်  အထင် ကရ နေရာ ပတူနန်း ရှိ
petchburi ဖစ်ဘူရီ soi 18 လမ်း မှာ ပါ ။ အစက တော့  ဘန် ကောက် လမ်း
ညွန် လည်း ပတူနန်း လို နေ ရာ မျိုး ဟာ နိုင်ငံ ခြား သား အဝင် အထွက် များ
တဲ့ ဧ ရိယာ ဖြစ် တဲ့  အတွက် ပြသနာ မရှိ ဘူး လို့  ထင် မိ ပါ တယ် ။ ယခု လို
ရှောင် တစ် ခင် ဖမ်း ဆီး တာ လည်း ကြုံ ရ တဲ့ အတွက် ပါတ် စပို့ မယူ ပဲ
သွား လာ လှူပ် ရှား နေ သူ များ ကို ကိုယ် နှင့်  မကွာ တစ် ပါ တည်း ယူ
ဆောင် သွား ရန် အပြု သဘော နဲ့  အသိ ပေး လို ခြင်း ဖြစ်ပါတယ်။
တစ် ချို့ က ပါတ် စပို့ ကို ဖို တို ရိုက် ထား ပြီး စစ် ရင် ပြ လို့ ရ တယ် ဟိုတည်
ကျန် ခဲ့ တယ် စသဖြင့်  ဆင် ခြေ ပေး ကြ ပါ တယ် ။ တကယ် တော့ 
passport ဖို တို ဟာ ငွေ လဲ တဲ့  နေရာ မှာ တောင် အသုံး ပြု လို့  မရ ပါဘူး
လွဲ မှား နေ တဲ့ အယူ အဆ လေး တွေ ပြင် ပြီး စည်း ကမ်း လိုက် နာ စေ ချင်
ပါတယ် ။
အဖမ်း ခံ ရ တဲ့  မိတ် ဆွေ တွေ က လည်း ဆေး ဝါး လာ ရောက် ကု သ နေ
တဲ့  မြန်မာ ပြည် က တကယ့်  ငွေ ကြေး ချမ်း သာ ကြွယ် ဝ တဲ့  အထဲ ကပဲ
ဖြစ် ပါတယ် ။ ၄င်း တို့  ကလည်း ကံ ဆိုး ချင် တော့  7 -eleven ကို အသွား
ဟို နား ဒီ နား မို့  ပါတ်စပို့  ကို မယူ သွား မိ ဘူး ။ အဲ ဒီ အချိန် တိုက် တိုက်
ဆိုင် ဆိုင် ရဲ က လည်း မေး ရော ဒုက္ခ ရောက် တော့  တာ ပါ ပဲ ။
ရဲ တွေ ငွေ အမျိုး မျိုး ညစ် တာ ကို ခံ ရ ပြီး နောက် ဆုံး တော့  ဘတ်
ငွေ ၅၀၀ ပေး လိုက် ပြီး အဆင် ပြေ ချော မွေ့ သွား ပါတယ် ။
ငွေ ရေး ကြေး ရေး အဆင် ပြေ တဲ့  ၄င်း တို့  အတွက် ငွေ ၅၀၀ က မပြော ပ
လောက်ပါ ဘူး ။ သို့ ပေ မဲ့  အလုပ် တော့ တော်တော် ရှူပ် သွား ပါတယ်။
သူ များ နိုင် ငံ မှာ အထောက် အထား အပြည့် အစုံ မပြ နိုင် တဲ့ အတွက်
မျက် နှာ ငယ် ရပါတယ် ။ ယခု လို ဘတ် ၅၀၀ နဲ့  ပြီး သွား တာ ဟာ
ထိုင်း ရဲ ကို တကယ် သိကျွမ်း ပြီး ပုလိပ် အကြီး ကြီး ရဲ့  တပည့်  ကို ယ်
တိုင် ညို ပေး လို့ သာ ဒီ လောက် နဲ့ ပြီး ဆုံး သွား တာ ပါ ။
ပုံ မှန် ဆို မြန်မာ နိုင် ငံ သား အထောက် အထား မပြ နိုင် တဲ့ သူ များ ကို
ရဲ တစ် ခါ ဖမ်း ရင် အနဲ ဆုံး ဘတ် ၂၀၀၀ လောက် ကနေ စပြီး တောင်း
ခံ ကြပါ တယ် ။
အကယ်၍ မပေး ပဲ ရုံး လိုက် သွား မယ် ပြီး မှ လာ ရွေး ခိုင်း ရင် ရ တာ ပဲ လို့ 
မထင် ပါ နဲ့  passport ရှိ လည်း ရုံး ရောက် လို့  က တော့  2000
အထက် ပေး ရပါတယ် ။ တရား ရုံး အထိ ရောက် သွား ပါ က ဒဏ် ငွေ
၂၀၀၀၀ အထိ ပေး ဆောင် ရပါတယ် ။ ဒါက လည်း သူ တို့  ရဲ့ တရား ဝင်
ထုတ် ပြန် ထား တဲ့ ဥပဒေ မှာ ပါရှိ ပါတယ် ။ ဒါ့ ကြောင့်  သွား လေရာ ကို
ပါတ် စပို့ ယူ ဆောင် သွား စေ လို ပါ တယ် ။ အကယ်၍ မိမိ ဘက် က
ချို့ ယွင်း မှု့ ရှိ ခဲ့ ရင် အချိန် မှီ ပြသနာ ကို ဖြေ ရှင်း လိုက် ပါ ။ ရုံး ရောက် ဂါတ်
ရောက် မခံ ပါ နဲ့  လို့  တိုက် တွန်း ချင် ပါတယ်။
သူ တစ် ပါး နိုင် ငံ ကို သွား ရောက် လည် ပါတ် ကတည်း က ၄င်း တို့  ရဲ့ 
ယဉ် ကျေး မှူ့  အကျင့် စရိုက် များ ကို လေ့ လာ လိုက် နာ သင့် ပါ တယ် ။
ယဉ် ကျေး ပါ 🌸
သူ တစ် ပါး နိုင် ငံ မှာ သိမ် သိမ် မွှေ့ မွှေ့  နဲ့  အဆင့် တန်း ၇ှိ ရှိ လည် ပါတ်
ကြ တဲ့  မြန်မာ တွေ လည်း အများ ကြီး တွေ့  ဖူး သလို စည်း ကမ်း မရှိ တဲ့ 
မြန်မာ တွေ လည်း တွေ့ ဖူး ပါတယ် ။ အကုန် လုံး ကို တော့  ဆို လို ခြင်း
မဟုတ်ပါ။ တစ် ချို့  မြန်မာ မာ တွေ က စည်း ကမ်း မရှိ ကြ ပါ ဘူး
shopping mall တွေ မှာလုံ ချည် ဝမ်း ဆက် ဝတ် ပြီး အော် ကြီး ဟစ် ကျယ်
စကား တွေ ပြော ကြ ၊ ဈေး နှူ န်း ကပ် ထား တာ တွေ ကို လျော့  ခိုင်း
လို့ လျော့  ခိုင်း အလျင် လို ပြီး တန်း မစီ ပဲ ကျော် တတ် ကြ ပါ တယ် ။
ထိုင်း လူ မျိုး တွေ တစ် ယောက် နဲ့  တစ် ယောက် ဦး စား ပေး ကြ ပါတယ်
ကား မောင်း ရင် အကြောင်း မဲ့  ဟွန်း မတီးပါ ဘူး ၊ တစ် ဘက် က ကား
တစ် စီး ခေါင်း ဝင် လာ ရင် တစ်စီး က အရှိန် လျော့  ပြီး ရပ် တန့် ကာ သွား
လာ စေ ပါတယ် ။ စက် လှေ ခါး စီး တာ က အစ ညာဘက် ကပ် ပြီး စီး နှင်း
ကြ ပါတယ် ။ အမြန် လို သူ များ က ဘယ် ဘက် ကနေ ကျော် တက် သွား လို့ 
ရ အောင် အလိုက် တသိ တစ် ယောက် ကို တစ် ယောက် အနှောက်
အယှက် မဖြစ် အောင် နေ ထိုင် ကြ တဲ့  နိုင် ငံ ဖြစ် တဲ့  အတွက်
ကျနော် တို့ တွေ လေး စား လိုက် နာ ပြီး ယဉ် ကျေး သင့် ပါတယ် ။
အန္တရယ် ကို သတိ ထား ပါ🌸
မိမိ တို့  သွား လာ နေ ထိုင် ရ တဲ့  ပါတ် ဝန် ကျင် ဟာ ကို့  အတွက် တစ် ခါ
မှ မရောက် ဖူး တဲ့  နေရာ နယ် ပယ် တိုင်းတစ်ပါး ဖြစ် တဲ့ အတွက် ဘာ သာ
စကား အခက် အခဲ က စပြီး မိမိ အတွက် အခက် အခက် ရှိ ပါတယ်။
လူ လိမ် လူ ညာ လူ ကောက် တွေ လည်း ထိုင်း မှာ ပေါ ပါ တယ် တစ် ချို့ 
မြန်မာ တွေ ကို လာလာ ရော တတ် တဲ့  အာ ရပ် ကု လား ခါး ပိုက် နိုက် တွေ
ဆေး သမား တွေ လည်း ရှိ သလို ၊ ဗီယက်နမ် ခါး ပိုက် နိုက် များ ၊ ဂိုဏ်း
စတား များ လည်း ရှိ ပါတယ် ။ ယခု ဆို မြန်မာ ပြည်က ခါး ပိုက် နိုက် များ ပါ
တောင် ပြုန်း ပွဲ လာ သလို ပွဲ တော် ရက် များ တွင် ဘန် ကောက် သို့ လာ
ရောက် လက် တည့် စမ်း နေ ကြ တာ တွေ လည်း ၇ှိ ပါတယ် ။ ဒီ အကြောင်း
တွေ ကို အသေး စိတ် ထပ် မံ ရေး ပေး ပါ အုံး မယ်။
ကြင် နာ ပါ ပေး ကမ်း ပါ 🌸
လူ တိုင်း မှာ တန် ဖိုး ရှိ ပါတယ် ။ တစ် ချို့  မြန်မာ တွေ က စား သောက် ဆိုင်
ကြီး တွေ ဝင် စား တဲ့  အချိန် အဲ ဒီ ဆိုင် ကမြန်မာ အလုပ် သမား များ နဲ့  ဆုံ ကြ သည့် 
အခါ အားမနာ လျှာ မကျိုး မြန်မာ လို ပြော လို့  ရ ပြီ ဆို ပြီး ဓ လေ့ စရိုက် မတူ တဲ့ 
အစား အသောက် တွေ ကို မြန်မာ မှူ့ ပြု ခိုင်း မီနူး တွေ ကို နိုက် နိုက် ချွတ်
ချွတ် မေး ကြ ပါတယ် ။ တစ် ချို့  မြန်မာ အလုပ် သမား များ မှာ တိုင်း ရင်း သား များ ဖြစ်
တဲ့  အတွက် ထင် သလောက် ဘာ သာ မပြန် ပေး နိုင် ပဲ အခက် အခဲ တွေ့ ရပါတယ်
စား သောက် ပြီး လို့  ငွေရှင်း တဲ့ အခါ မိမိ စောစော က အား မနာ တမ်း ခိုင်း
တဲ့  ကို့ နိုင် ငံ က အလုပ် သမား လေး ကျ သနားရ မှန်း ကိုယ် ချင်း စာ ရ မှန်း
မသိ တော့ ဘူး မုန့် ဖိုး မပေး ပဲ ထွက် သွား တတ် ကြ တာ များ တယ် ။
တကယ် တော့  လူ တိုင်း မှာ တန် ဖိုး ကိုယ် စီ ရှိ ကြ ပါ တယ် ။ မုန့်  ဖိုး ပေး
တယ် ဆို တာ ကလည်း သူ့ တန် ဖိုး ကို ပြန် လည် အသိ အမှတ် ပြု
တဲ့ သဘော ပါ ။ ကို က ၄င်း တို့  ရဲ့  တန် ဖိုး ကို အသိ အမှတ် မပြု တဲ့ 
အတွက် ၄င်း တို့  သိပ် အဆင် ပြေ မယ် မထင် ပါဘူး ။
နောက် မြန်မာ တွေ လာ ရင် မြန်မာ လို ပြော ရ တာ လည်း သူ တို့  ပျင်း သွား
ကြ ပါတယ် ။ ဒီ နေရာ မှာ ထိုင်း နိုင် ငံ သား တွေ ဆို အနဲ ဆုံး ၂၀ မှ စပြီး
၎င်း တို့ တတ် နိုင် သလောက် ပေး ပြီး လူ တစ် ယောက် ရဲ့ တစ် နေ့ တာ
ကို တန် ဖိုး ရှိ ရှိ ပျော်ရွင် စေ ပါတယ် ။ ကျနော် တို့ လည်း အတု ယူ သင့် တယ်
လို့  ထင် ပါတယ် ။
ဒါ တွေ အမုန်း ခံ ပြီး ရေး ပေး လိုက် ပါတယ် ။ ပြင် တာ မပြင် တာ က ကို့ 
မိတ် ဆွေ တို့  အပိုင်း ပါ ။ ကျနော် က တော့  ကို့ နိုင် ငံ သူ/သား တွေ ကို
အထင် မသေး စေ ချင် ဘူး ။
စေ တနာ များ စွာ ဖြင့် 
#ဘန်ကောက်လမ်းညွန် #ကိုစိုင်း
📞0827957261,0814291178
📱Viber +66827952761
📱Line -0827952761
📩Saithu102@gmail.com

0 comments:

Post a Comment