ထိုင်း နိုင် ငံ ရှိ Red Lotus Sea ( အနီရောင် ကြာပင်လယ်) ❤ ❤
Red Lotus Sea အနီရောင် ကြာ ပင် လယ် ဟာ ထိုင်းနိုင် ငံ
အရှေ့မြောက်ပိုင်း Udon Thani မှာ တည် ရှိ ပါ တယ်။ စာ ရေး သူ က
ကြာ ပင်လယ် လို့ တင်စား ခေါ်ပေမယ့်  ကြာပန်းများစွာ
ပေါက် ရောက် နေ တဲ့ ရေကန် ကျယ် ကြီး တစ်ခုသာ ဖြစ်ပါတယ်။
ရေကန် ဟာ တိတ် ဆိပ် အေးချမ်း ပြီး အနီရောင် ကြာပန်း များ ရဲ့
အလှနဲ့ ပေါင်းစပ်ပြီး လှချင် တိုင်းလှနေပါတယ်။
ကြာ ကန် ထဲ ကို သွား ဖို့  အတွက် ကို တော့  ဒေ သခံ တွေ ရဲ့  ဝန် ဆောင်
မှူ့ ပေး တဲ့  လှေ ဆိပ် ကနေ သွား လာ ရ မှာ ပဲ ဖြစ် ပါတယ် ။
ကမ်း စပ် မှာ လှေ ငယ် အ များ အပြား ကို ဆိုက်ကပ် ထား ပါတယ် ။
လူ တစ် ဦး လျင် လှေ စီး ခ ဘတ် ၃၀၀ နဲ့ ၅၀၀ အသီးသီး ၀န်ဆောင်ခ
ယူပါတယ်။ ၄၅ မိနစ်ကနေ ၉၀ မိနစ်အထိ အကြာ ကြာ ကန် ကို လိုက်လံ
ပို့ဆောင်ပေး ပါ တယ် ။ အဆို ပါ လှေ ပေါ် မှ ပဲ သဘာ ဝ အလှ တရား များ
နဲ့  ထိမ်း သိမ်း စောင့် ရှောက် ထား တဲ့  ကြာ ကန် ကို ဓါတ်ပုံ ရိုက်ကူး ရ မှာ
ဖြစ် ပါတယ် ။
ကြာ ကန် ရဲ့  ရေကန်စပ်မှာတော့ ကြာပန်းများကို မတွေ့ရပါဘူး။
ရေကန်ရဲ့ အလယ်ဗဟိုကို ရောက် သွား တဲ့  အခါ မှာ တော့ 
ပတ်ဝန်း ကျင် ရှုခင်းဟာ ပြောင်းလဲ သွားပြီး အနီရောင် ကြာပန်း
ဥယျာဉ် ထဲကို ရောက်သွားသလို ခံစားရပါတယ်။
စတုရန်း ဧက ၆၀၀ ကျယ်ဝန်းတဲ့ ရေကန် အနှံ့မှာ ကြာပန်းသန်းပေါင်း
များစွာ ပေါက်ရောက်နေပါတယ်။ ပန်း ချစ် သူ တွေ နဲ့  သဘာ ဝ တရာ ကို
မြတ် နိုး တန် ဖိုး ထား တတ် သူ တွေ အတွက် ပြုံး ပျော် နေ မဲ့ အချိန် လည်း
ဖြစ်ပါတယ် ။ အချို့နေရာများမှာ မြက်ပင်များဟာ
ကြာပန်း များ နဲ့ ရောယှက် နေပြီး အစိမ်း နဲ့ ပန်းရောင် ၂ မျိုးစပ် အလှ ကို
ခံစားရပါတယ်။
ပန်းများကြားမှာ လှေသွားလို့ ရတဲ့ လမ်းကြောင်းများ ဖောက်လုပ်ထားသလို
လမ်းပေါက်နေပါတယ်။ အဲ ဒီ လမ်းကြောင်းအတိုင်း လှေကို
အလွယ် တစ် ကူ မောင်းနှင်သွားရုံပါပဲ။
ရေကန်ထဲမှာ သေးငယ်တဲ့ ကျွန်း အနည်းငယ် တည် ရှိပြီး ကြာပန်းများ
ဝန်းရံထားတဲ့ ကုန်းမြေ အဖြစ် မြင်တွေ့နိုင်ပါတယ်။ လေပြေလေညှင်းများ
တိုက်ခတ်တဲ့ အတွက် လေညှင်း ခံရင်း ရေကန်အလှကို ခံစားနိုင်ပါတယ်။
အစား အစာ များ ယူဆောင်ပြီး ပျော်ပွဲစားထွက်လို့ ကောင်းမွန်ပါတယ်။
ကြာကန် ရဲ့  အလှ တစ် ရား ကို မပျက် စီး စေ ရန် အတွက် ဒေ သခံ များ ရော
ခရီး သွား များ ပါ မည် သူ မျှ ခူး ခွင့်  မပေး ပါ ဘူး ။ ဒေ သ ခံ များ ကလည်း
အဆို ပါ ကြာ ကန် ကို မှီ တင်း ပြီး လုပ် ကိုင် စား သောက် ရ သည့်  အတွက်
ကြာကန် အလှ မပျက် စေ ရန် ဝိုင်း ဝန်း ထိမ်း သိမ်း စောင့် ရှောက် ကြ
ပါတယ်။
ကြာ ကန် မှာ အလွန် တစ် ရာ လှ ပ ပြီး ထင် ရှား ကျော် ကြား သည့်  အတွက်
ကြာ ပန်း ပွင့် ချိန် များ တွင် အဆို ပါ ကြာ ကန် သို့  လာ ရောက် လည် ပါတ်
ကြ သူ ခရီး သွား များ နှင့်  အလွန် တစ် ရာ မှ စည် ကား လှ ပါသည် ။
ကြာ ကန် သို့ သွား ရောက် လည် ပါတ် ဖို့  အကောင်း ဆုံး အချိန် က တော့
ဒီဇင်ဘာ လ ကနေ ဖေဖော်ဝါရီ လ ကုန် အထိ ဖြစ် ပါ တယ် ။
၎င်း အချိန် တွင် ကြာပန်းများ မှာ အလှပဆုံး ဖူးပွင့်ကြပါတယ်။
ကြာပန်းများကို ကြည့်ဖို့ အကောင်းဆုံး အချိန်မှာ နံနက် ၆ နာရီနဲ့
၁၁ နာရီကြား အချိန် ပဲ ဖြစ် ပါတယ် ။
Red Lotus Sea သို့ လည်ပတ်ရန် အကောင်းဆုံး အချိန်
ချစ်သူများ နေ့ဟာ ရေကန်ကို လာရောက် လည်ပတ်ဖို့ အကောင်းဆုံး
အချိန်လို့ ဆိုပါတယ်။ Red Lotus Sea Festival ကို နှစ်တိုင်း
ဇန်န၀ါရီလလယ်တွင် Wat Bandiem ဘုရားကျောင်းမှာ ကျင်းပကြပါတယ်။
၏တည်နေရာ
Red Lotus Sea ဟာ ထိုင်းနိုင်ငံ Udon Thani ပြည်နယ် Kumphawapi
မြို့နယ်မှာ တည်ရှိပါတယ်။ Udon Thani နဲ့ Khon Kaen ကြားမှ
လမ်းကြောင်း ၂ ( Mittraphap Road) ကနေ ကားမောင်းလာရင်
ထိုင်းလို ရေးထားတဲ့ Red Lotus Sea လမ်းညွှန်ဆိုင်းဘုတ်ကို
မြင်ရမှာပါ။ ၂၈ ကီလိုမီတာ လမ်းအမှတ်အသားရောက်ရင် ကွေ့ပြီး
လမ်းညွှန်ဆိုင်းဘုတ်အတိုင်း မောင်းလာရမှာပါ။ ရေကန်မရောက်ခင်
လမ်းကွေ့များစွာ ရှိပါတယ်။ Udon Thani လေဆိပ်ကနေ လာရင် ၅၀
ကီလိုမီိတာလောက် ဝေးပြီး ၁ နာရီလောက်မောင်းရပါတယ်။ ဘန်ကောက်
မှ သွား ရောက် လည် ပါတ် သူ များ ကား ငှား သွား မှ အဆင် ပြေ ပါမည် ။
The Traveller
#ဘန်ကောက်လမ်းညွန် #ကိုစိုင်း
📞0827957261,0814291178
📱Viber +66827952761
📱Line -0827952761
📩Saithu102@gmail.com

0 comments:
Post a Comment