အန်ကောဝပ် အကြောင်း သိ ကောင်း စရာ

အန်ကောဝပ် အကြောင်း သိ ကောင်း စရာ
-----------------------------------------------------
အန်ကောဝပ် သည် ကမ္ဘောဒီးယားမှာ ရှိ အထင်ကရ ဘုရားကျောင်းဖြစ်ပြီး
ကမ္ဘာ့အကြီးမားဆုံး ဗုဒ္ဓဘာသာ ဘုရားကျောင်း ဖြစ် ပါသည် ။ ၁၆၂.၆ ဟက်တာ
( ၄၀၂ ဧက ) ကျယ်ဝန်း ပြီး စတင်တည်ဆောက်စဉ်က နတ်ဘုရား Vishnu
အတွက် တည်ဆောက်ခဲ့သည့်  ဟိန္ဒူဘုရားကျောင်း ဖြစ် ပါ သည် ။ ၁၂ ရာစုအကုန်မှာ
ဗုဒ္ဓဘာသာ ဘုရားကျောင်းအဖြစ် အသွင်ပြောင်းခဲ့ ပြီး ခမာ ဘုရင် Suryavarman လက်
ထက် ၁၂ ရာစု အစောပိုင်းမှာ Yasodharapura မြို့ ( ယခု အန်ကောမြို့ ) ၌
တည်ဆောက်ခဲ့တာ ဖြစ်ပါတယ်။ အန်ကောမြို့ဟာ ကမ္ဘောဒီးယားရဲ့
မြို့တော်လည်း ဖြစ်ပါတယ်။ အန်ကောဝပ်ဟာ ခမာတို့ရဲ့ အဆင့်အမြင့်ဆုံး ဗိသုကာ
ပညာရပ်များနဲ့ တည်ဆောက်ထားတာဖြစ်ပါတယ်။ ကမ္ဘောဒီးယားရဲ့ အထင်ကရ
ဘာသာရေး အဆောက်အဦးဖြစ်ပြီး ကမ္ဘာလှည့် ခရီးသွားများကို အဓိက စွဲဆောင်တဲ့
အဆောက်အဦးပါ။ အန်ကောဝပ်ရဲ့ အဓိပ္ပါယ်ကတော့ ဘုရားကျောင်းမြို့ သို့မဟုတ်
ဘုရားကျောင်းများရဲ့ မြို့ ဖြစ်ပါတယ်။ Angkor ဟာ ခမာလို မြို့လို့ အဓိပ္ပါယ်ရပါတယ်။
Wat ကတော့ ဘုရားကျောင်း ဖြစ်ပါတယ်။
သမိုင်းကြောင်း
အန်ကောဝပ်ဟာ Siem Reap မြို့ရဲ့ မြောက်ဘက် ၅.၅ ကီလိုမီတာနဲ့ Baphuon မှာ
တည်ရှိခဲ့တဲ့ ယခင်မြို့ဟောင်းရဲ့ အရှေ့ဘက်မှာ တည်ရှိပါတယ်။ ရှေးဟောင်း အထင်ကရ
လက်ရာများ ဖွံ့ဖြိုး တိုးတက်ခဲ့တဲ့ နေရာလည်း ဖြစ်ပြီးအန်ကောမြို့
ရဲ့ တောင်ဘက်အကျဆုံး ဖြစ်ပါတယ်။
သမိုင်းများအရ အန်ကောဝပ်ကို Indra က သူ့ရဲ့ သားဖြစ်သူ Precha Ket Mealea အတွက်
နန်းတော်အဖြစ် တည်ဆောက်ခိုင်းခဲ့တာဖြစ်ပါတယ်။ ၁၃ ရာစုနှစ်မှာတော့ တရုတ် ခရီးသွား
Daguan Zhou ရဲ့ မှတ်တမ်းအရ ဘုရောင်းကျောင်းကို နတ်ဘုရားများက တစ်ညထဲနဲ့
တည်ဆောက်ခဲ့တယ်လို့ ယုံကြည်မှုများရှိခဲ့ပါတယ်။
အစောပိုင်း ဒီဇိုင်းနဲ့ တည်ဆောက်မှုကို ၁၁၁၃ ကနေ ၁၁၅၀ အထိ အုပ်ချုပ်ခဲ့တဲ့ ဘုရင်
Suryavarman II လက်ထပ်မှာ စတင်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီကာလဟာ ၁၂ ရာစုရဲ့ ပထမ
ကာလ၀က်ဖြစ်ပါတယ်။ ၁၁၇၇ ခုနှစ်မှာ ဘုရင် Suryavarman II ကွယ်လွန်ခဲ့ပြီး ခမာတို့ရဲ့
ရန်သူဖြစ်တဲ့ Chams တို့က အန်ကောဝပ်ကို လုယူခဲ့ပါတယ်။ ဘုရင် အသစ် Jayavarman
VII လက်ထက်မှာ အန်ကောဝပ်ကို ပြန်လည် ရယူနိုင်ခဲ့ပါတယ်။
၁၂ ရာစုအကုန်မှာ အန်ကောဝပ်ဟာ ဟိန္ဒူ ဘုရားကျောင်းကနေ ဗုဒ္ဓဘာသာ
ဘုရားကျောင်းအဖြစ် တစ်ဖြည်းဖြည်း အသွင်ပြောင်းခဲ့ပါတယ်။ အန်ကောဝပ်ဟာ
အန်ကောမြို့ ဘုရားကျောင်းများထဲမှာ ထူးခြားပါတယ်။ ဘုရားကျောင်းကို
အစောဆုံး ရောက်ခဲ့တဲ့ အနောက်တိုင်းသားများထဲမှ တစ်ယောက်ဖြစ်သူ Antonio da
Madalena က ၁၅၈၆ ခုနှစ်မှာ လာရောက်ခဲ့ပါတယ်။ သူဟာ ပေါ်တူဂီ ဘုန်းကြီးတစ်ပါးဖြစ်ပြီး
အန်ကောဝပ်ဟာ ကမ္ဘာပေါ်မှာ ရှိတဲ့ အခြား အဆောက်အဦးများထက်
ထူးခြားတယ်လို့ ပြောပါတယ်။ ၁၉ ရာစုလယ်မှာ ပြင်သစ်လူမျိုး စူးစမ်းရှာဖွေသူ Henri
Mouhot က အန်ကောဝပ်ကို ရောက်ရှိခဲ့ပြီး သတင်းစာ၊ ဂျာနယ်များမှတစ်ဆင့်
အန်ကောဝပ်ကို အနောက်တိုင်းက သိအောင် ရေးသားခဲ့ပါတယ်။
၂၀ ရာစုမှာ ပြည်တွင်းစစ်ဖြစ်ပွားခဲ့ပြီး Khmer Rouge တို့က ၁၉၇၀ နဲ့ ၁၉၈၀ ခုနှစ်များမှာ
အုပ်စိုးခဲ့ပါတယ်။ ဘုရားကျောင်းလည်း အနည်းငယ် ထိခိုက်ပျက်ဆီးခဲ့ပါတယ်။ Khmer
Rouge များက ဘုရားကျောင်းအတွင်းမှ သစ်သားများကို ထင်းမီးအတွက်
အသုံးပြုခဲ့ကြပါတယ်။ Khmer Rouge နဲ့ ဗီယက်နမ်တို့ တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး
ဘုရားကျောင်းမှာ ကျည်ဆန် အပေါက်ရာများလည်း ဖြစ်ခဲ့ပါတယ်။
အန်ကောဝပ်ဟာ ကမ္ဘောဒီးယားရဲ့ အမှတ်အသားဖြစ်ပြီး ဂုဏ်ယူစရာ အထင်ကရ
အဆောက်အဦး ဖြစ်ပါတယ်။ အန်ကောဝပ် ဘုရားကျောင်းပုံကို ကမ္ဘောဒီးယား
အလံမှာတောင် ရေးဆွဲထားပါတယ်။ ကမ္ဘောဒီးယားဟာ ၁၈၆၃ ခုနှစ် သြဂုတ်လ (၁၁)
ရက်နေ့မှာ ပြင်သစ်ရဲ့ ကိုလိုနီနိုင်ငံအဖြစ် ကျရောက်ခဲ့ပါတယ်။ အန်ကောမြို့မှ အန်ကောဝပ်နဲ့
အခြား အဆောက်အဦးများကို ပြင်သစ်တို့က တိုက်ရိုက် စီမံအုပ်ချုပ်ခဲ့ပါတယ်။ ၁၉၅၃
ခုနှစ် နိုဝင်ဘာလ (၉) ရက်နေ့မှာ ကမ္ဘောဒီးယားဟာ ပြင်သစ်ထံမှ လွတ်လပ်ရေး ရခဲ့ပြီး
အန်ကောဝပ်ကို ပြန်လည် ထိန်းချုပ်ခွင့်ရခဲ့ပါတယ်။ ၁၉၉၂ ခုနှစ်မှာ အန်ကောဝပ်ဟာ
ယူနက်စကို ကမ္ဘာ့ အမွေအနှစ် စာရင်းဝင်ဖြစ်ခဲ့ပါတယ်။
ခရီးသွားလုပ်ငန်း
၁၉၉၀ ခုနှစ်ကတည်းက အန်ကောဝပ်ဟာ ကမ္ဘာလှည့်ခရီးသွားများရဲ့ အဓိက
ဦးတည်ရာတစ်ခု ဖြစ်လာပါတယ်။ ၁၉၉၃ ခုနှစ်မှာ လည်ပတ်သူ ၇၆၅၀ ရှိခဲ့ပါတယ်။ ၂၀၀၄
ခုနှစ်မှာတော့ (၅၆၁ ၀၀၀) အထိ တိုးတက်လာခဲ့ပြီး အဲဒီ အရေအတွက်ဟာ ကမ္ဘောဒီးယားသို့
လည်ပတ်သူ အားလုံးရဲ့ (၅၀) ရာခိုင်နှုန်း ဖြစ်ပါတယ်။ ၂၀၀၇ မှာတော့ (၁) သန်းနဲ့ ၂၀၁၂
မှာ (၂) သန်း အထိ ရှိလာပါတယ်။ ၂၀၁၃ မှာ (၂) သန်းကျော်ရှိလာပါတယ်။
ခရီးသွားလုပ်ငန်းက ရရှိတဲ့ ၀င်ငွေများနဲ့ ဘုရားကျောင်း ထိန်းသိမ်းပြုပြင်ခြင်းများကို
လုပ်ခဲ့ပါတယ်။ ၂၀၀၀ ခုနှစ်မှာ လက်မှတ်ရောင်းရငွေများရဲ့ ၂၈ ရာခိုင်နှုန်းကို
ဘုရားကျောင်းအတွက် အသုံးပြုခဲ့ပါတယ်။ နိုင်ငံခြားသား ခရီးသွားများစွာအတွက်
အထောက်အကူ ပစ္စည်းများ၊ အဆင့်မြင့် ဟိုတယ်များနဲ့ အပန်းဖြေစရာများကိုလည်း
ပံ့ပိုးပေးထားပါတယ်။
The Traveller
0827952761,0814291178
Viber +66827952761

0 comments:

Post a Comment