Chiang Mai မြို့ သွားလည် ရအောင် ✈✈😍
မြန်မာပြည် တောင်ပေါ်မြို့လေး ပြင်ဦးလွင် ကဲ့သို့ ပင်
အေးချမ်းပြီး ရှေးဟောင်း သမိုင်းရာဇဝင် တွေ နှင့် ဘုရားစေ တီပုထိုး များ အများအပြား ရှိရာတောင်ပေါ်မြို့ လေး တစ်မြို့ ကိုပြပါဆိုလျင် ထိုင်းနိုင်ငံတွင် ချင်းမိုင်
မြို့လေး ကို ပြရပါလိမ့်မည် ။

ချင်းမိုင် (Chiang Mai ) မြို့သည် ထိုင်းနိုင်ငံ မြောက်
်ပိုင်း တွင် အကြီးဆုံးနဲ့ ယဉ်ကျေးမှု လက်ရာ အများဆုံး
မြို့ဖြစ်ပါတယ်။ ချင်းမိုင်ပြည်နယ်ရဲ့ မြို့တော်ဖြစ်ပါ
တယ်။ Lan Na နေပြည်တော် ( ၁၂၉၆-၁၇၆၈)ခုနှစ်
နှင့် ချင်းမိုင်နေပြည်တော် (၁၇၇၄-၁၈၉၉) ရဲ့ မြို့တော်လည်း ဖြစ်ခဲ့ဖူး သည် ဟု မှတ် သားခဲ့ ရ ပါတယ် ။
ဘန်ကောက်ရဲ့ မြောက်ဘက် ၄၃၅ မိုင် အကွာ ထိုင်းနိုင်ငံရဲ့ အမြင့်ဆုံး တောင်များကြားမှာ ချင်းမိုင် မြို့ တည်ရှိပါတယ်။

ချင်းမိုင်ရဲ့ အဓိပ္ပါယ်ကတော့ မြို့သစ်ဖြစ်ပြီး Lan Na
နေပြည်တော် တည်ထောင်စဉ်က မြို့တော် အသစ်ဖြစ်ခဲ့သည့် အတွက် မှဲ့တွင် ခဲ့ခြင်းဖြစ်ပါသည်။ ချင်းမိုင်
မြို့သည် ထိုင်း နိုင်ငံ ၏ ကမ္ဘာလှည့် ခရီးသွား အများဆုံး နေရာ ၂ ခု အနက် မှ ၁ ခအပါအဝင် ဖြစ်ပါတယ်။ TripAdvisor ရဲ့ ၂၀၁၄ ခုနှစ် လည်ပတ်သင့်တဲ့ ကမ္ဘာ့ အကောင်းဆုံး နေရာ ၂၅ ခု စာရင်းမှာ ၂၄ နေရာမှ ပါဝင်ခဲ့ပါတယ်။

သမိုင်းကျောင်းအရ ချင်းမိုင်မြို့ကို ၁၂၉၆ ခုနှစ် ဘုရင်
မန်ဂရိုင်း က ၁၂၉၆ မှာ ချင်းမိုင်မြို့ကို တည်ထောင်ခဲ့ပါတယ်။ အိမ်နီးချင်း မြန်မာများက မြို့ကို အမြဲ လာတိုက်ခိုက်တတ်တဲ့အတွက် လေးဘက်လေးတန်မှာ နံရံများ၊ ကျုံးများဖြင့် ကာကွယ်ထာ သည် ကို ယနေ့ ထိ တိုင် တွေ့မြင် ရမည် ဖြစ်ပါတယ်။ Lan Na နေပြည်တော်ကို မြန်မာများက ၁၅၅၆ ခုနှစ်မှာ တိုက်ခိုက် သိမ်း
ပိုက်ခဲ့ပါတယ်။ ထိုင်းဘုရင် တက်စင်က ၁၇၇၅ မှာ မြန်မာများလက်မှ ချင်းမိုင်ကို ပြန်လည် သိမ်းပိုက်ခဲ့ပါတယ်။ မြန်မာများက ပြန်လည် တိုက်ခိုက်တဲ့အတွက် ၁၇၇၆ နဲ့ ၁၇၉၁ ကြားမှာ ထိုင်းများ စွန့်ခွာထွက်ပြေးခဲ့ရသည် ဟု သမိုင်း အထောက်အထား များအရ သိရပါ
သည်။ ချင်းမိုင် မြို့သည် ယခုအချိန် အခါတွင်ယဉ်
ကျေးမှု၊ ကုန် သွယ်မှုနှင့် စီးပွားရေး ကဏ္ဍများမှာ တစ်
ဖြည်းဖြည်းချင်း တိုးတက်လာခဲ့ပါတယ်။

ဘုရားစေတီများ
ချင်းမိုင်မှာ ဗုဒ္ဓဘာသာ ဘုရားစေတီပေါင်း ၃၀၀ ကျော်ရှိပါတယ်။ အဲဒီအထဲမှာ
ချင်းမိုင်ရဲ့ နာမည်အကြီးဆုံး ဘုရားစေတီမှာ Wat Phrathat Doi Suthep ဒွယ်
စူထစ် ဘုရား ဖြစ်ပါသည် ။၁၃ ရာစုကတည်းက တည်
ဆောက်ထား သည့် Wat Chiang Man ဘုရား သည် ချင်း မိုင် တွင် ရှေး အကျ ဆုံး ဘုရား တစ်ဆူ ဖြစ်ပါ
သည်။

ပွဲတော်များ
မြန်မာနိုင်ငံ ကဲ့သို့ ပဲ ချင်းမိုင်မှာ Songkran သင်္ကြန်နှစ်သစ်ကူး
ပွဲတော်ကို နှစ်စဉ် ဆင်နွှဲလေ့ရှိပါတယ်။ ထိုင်းနိုင်ငံရဲ့ သင်္ကြန်ပွဲတော်
ကာလအတွင်းမှာ ချင်းမိုင်ဟာ ကမ္ဘာလှည့်ခရီးသွားများ လည်ပတ်လေ့ရှိတဲ့
နာမည်အကြီးဆုံး ဒေသဖြစ်ပါတယ်။ ရိုးရာ အစဉ်အလာ အရ သာမက ပျော်စရာကောင်းတဲ့
ကစားခြင်းကို မြို့အနှံ့အပြားမှာ ဆင်နွှဲကြပါတယ်။ Miss Songkran အလှမယ်
ရွေးပွဲလည်း ပြုလုပ်လေ့ရှိပါတယ်။
ချင်းမိုင် တန်ဆောင် တိုင် လွယ် ကထုန် ပွဲ မီးမျှောပွဲ
တော် မှာ အထူးစည် ကားပြီး အနယ်နယ် အရပ်ရပ် မှ လာရောက် ဆင်နွဲ ကြ သူ များနှင့် နှစ်စဉ် စည်ကားလှပါသည်။

နောက် ထပ် ထူးခြား သည့် ပွဲတော်တစ်ခုမှာ ချင်းမိုင်
ပန်းပွဲတော ဖြစ်ပါ သည် ။ အချိန် ၃ ရက်ကြာ ပွဲတော် ကို ကျင်း.ပလေ့ ရှိ ပြီး နှစ်စဉ် ဖေဖော်ဝါရီလ ၏ ပထမ ရက်သတ္တပတ် တွင် ကျင်းပပါတတ် ပါ သည် ။
ယင်း အချိန် တွင် ချင်းမိုင် မြို့ ပတ်ဝန်းကျင် ဒေသ တွင် ပန်းများ အစွမ်းကုန် ဖူးပွင့်ကြ သည့် အချိန် အခါ
ကောင်း လည်း ဖြစ်ပါတယ်။
အပန်းဖြေစရာများ
ချင်းမိုင် တိရစ္ဆာန်ရုံဟာ ထိုင်းမြောက်ပိုင်းမှာ ရှေးဟောင်းအကျဆုံး ဖြစ်ပါတယ်။
ထိုင်းအနုပညာလက်ရာများနဲ့ လက်လုပ်ပစ္စည်းများအတွက် ကြီးမားပြီး နာမည်ကျော် သည့် ညဈေး လည်း
ရှိပါတယ်။
ရှိပါတယ်။
မျက်နှာကနေ ခြေထောက်အထိ နှိပ်နယ်ပေးတဲ့ ထိုင်းအနှိပ်ခန်းများလည်း
ရှိပါတယ်။ အချိန်ခဏပဲ ရတဲ့လူတွေ အတွက် အမြန်နှိပ်ပေးသလို လနဲ့ချီကြာတဲ့
ထိုင်း အနှိပ်ပညာကိုလည်း ခံစားနိုင်ပါတယ်။
ထိုင်း ဟင်းချက်သင်တန်းကျောင်းများစွာဟာ ချင်းမိုင်မှာ ဖွင့်လှစ်ထားပါတယ်။
အိုင်တီ ပစ္စည်းများ ရောင်းချ ပေးသည့် Pantip Plaza, Computer Plaza,
Computer City , Icon Square တို့လည်း ချင်း မိုင် တွင် ရှိပါ သည် ။
အပတ်စဉ် စနေနေ့ နေ့လည် ၁၂ နာရီခွဲမှာ Kawila
မြင်းပြိုင်ကွင်းမှာ မြင်းပြိုင်ပွဲများ ရှိပြီး လောင်းကစား တရားဝင် ပြုလုပ်နိုင်ပါတယ်။

ခရီးသွားလုပ်ငန်း
၂၀၁၃ မှာ ချင်းမိုင်ကို လည်ပတ်သူ ၁၄.၁ သန်း ရှိပါတယ်။ ၄.၆ သန်းဟာ
ကမ္ဘာလှည့်ခရီးသည်များဖြစ်ပြီး ၉.၅ သန်းဟာ ထိုင်းလူမျိုးများ ဖြစ်ပါတယ်။
၂၀၁၆ မှာတော့ ကမ္ဘာလှည့်ခရီးသည် အရေအတွက်ဟာ ၁၀ ရာခိုင်နှုန်း တိုးတက်ခဲ့ပြီး ၉.၁ သန်း ရှိလာပါ
တယ်။ တရုတ် ခရီးသွားများ ၇ ရာခိုင်နှုန်း တိုးတက်လာပြီး ၇၅၀ ၀၀၀ ရှိလာပါတယ်။
နိုင်ငံတကာမှ လာရောက်သူ ၁၀ ရာခိုင်နှုန်း တိုးတက်လာပြီး ၂.၆ သန်း ရှိလာပါတယ်။
ချင်းမိုင်သို့ လည်ပတ်သူအရေအတွက်ဟာ ၂၀၁၁ ကနေ နှစ်စဉ် ၁၅ ရာခိုင်နှုန်း တိုးတက်လာနေပါတယ်။ နိုင်ငံတကာမှ လည်ပတ်သူအားလုံးရဲ့ ၃၀ ရာခိုင်နှုန်း ဖြစ်တဲ့ တရုတ် ခရီးသွားများဟာ အဓိက ဖြစ်ပါတယ်။
ချင်းမိုင်မှာ ဟိုတယ် အခန်းပေါင်း ၃၂၀၀၀ ကနေ ၄၀၀၀၀ အထိ ရှိပါတယ်။ ချင်းမိုင် လေဆိပ်ဟာ သုဝဏ္ဏဘူမိ၊ ဒွန်မောင်းနဲ့ ဖူးခက် လေဆိပ်များပြီးရင်
စတုတ္ထမြောက် အကြီးဆုံး ဖြစ်ပါတယ်။

0 comments:
Post a Comment