Giant Swing ထိုင္း နုိင္ ငံ အထင္ ကရ ဘာသာ ေရး မွတ္ တိုင္

Giant Swing ထိုင္း နုိင္ ငံ အထင္ ကရ ဘာသာ ေရး မွတ္ တိုင္
-------------------------------------------------------------------------------
Giant Swing ( ေစာင္ခ်င္ ျခား ) ဟာ ထိုင္းႏုိင္ငံ ဘန္ေကာက္ၿမိဳ႕ရဲ႕ Phra Nakhon မွာ
တည္ရွိတဲ့ အထင္ ကရ ဘာသာေရး အေဆာက္အဦး တစ္ခု ျဖစ္ပါတယ္။
Wat Suthat ဘုရားေက်ာင္းရဲ႕ အေရွ႕ဘက္မွာ တည္ရွိၿပီး ယခင္က ဘရာမင္
ထံုးတမ္းစဥ္လာမ်ားကို ျပဳလုပ္ခဲ့ပါတယ္။ Giant Swing ဟာ ကမာၻလွည့္
ခရီးသည္မ်ားကို စြဲေဆာင္ေပးတဲ့ ဘန္ေကာက္ရဲ႕ အထင္ကရေနရာတစ္ခုျဖစ္ပါတယ္။

သမိုင္းေက်ာင္း
Giant Swing ကို ၁၇၈၄ ခုႏွစ္က ဘုရင္ ရာမ (၁) က ဒီဗာစသန္ ဘာသာေရး
အေဆာက္အဦး အေရွ႕မွာ တည္ေဆာက္ခဲ့တာ ျဖစ္ ျပီး ဘုရင္ ရာမ (၂) လက္ထပ္မွာ
Swing ဟာ မိုးႀကိဳးထိမွန္ၿပီး အနည္းငယ္ ပ်က္ဆီးသြားတာေၾကာင့္ Swing Ceremony ကို
ရပ္နားခဲ့ပါတယ္။ ၁၉၂၀ ခုနွစ္မွာ Swing ကို ျပန္လည္ ျပဳျပင္ခဲ့ၿပီး ဂတ္စ္အေရာင္းဆိုင္
တည္ေဆာက္ဖို႔အတြက္ ေနရာဖယ္ေပးရမွာ ျဖစ္လို႔ လက္ရွိေနရာကို ေျပာင္းေရႊ႕ခဲ့ပါတယ္။
အဲဒီေနာက္မွာ ၁၉၃၅ ခုႏွစ္ မတိုင္ခင္အထိ အခမ္းအနားမ်ားကို ျပန္လည္ က်င္းပခဲ့ပါတယ္။
အဲဒီႏွစ္မွာ မေတာ္တဆမႈမ်ားေၾကာင့္ ရပ္နားခဲ့ပါတယ္။

ေနာက္ဆံုး ျပဳျပင္ထိန္းသိမ္းမႈကို ၁၉၅၉ ခုႏွစ္မွာ ျပဳလုပ္ခဲ့တာ ျဖစ္ပါတယ္။
အႀကီးစား ျပင္ဆင္မႈကို ၂၀၀၅ ခုႏွစ္ ဧၿပီလမွာ စတင္ ခဲ့ပါတယ္။ Giant Swing
( ေစာင္ခ်င္ ျခား ) အတြက္ ကြ်န္းသစ္အပင္ ေျခာက္ပင္ကို အသံုးျပဳခဲ့ပါတယ္။
အဓိက ကိုယ္ထည္အတြက္ သံုးခဲ့တဲ့ သစ္ (၂) ပင္ဟာ လံုးပတ္ ၃.၅ မီတာနဲ႔ အရွည္
၃၀ မီတာ ရွိပါတယ္။ က်န္တဲ့ သစ္ (၄) ပင္ကို ေထာက္ပံ့ဖို႔အတြက္ သံုးခဲ့ၿပီး လံုးပတ္
၂.၃ မီတာနဲ႔ အရွည္ ၂၀ မီတာ ရွိပါတယ္။
Swing ကို ၂၀၀၆ ခုႏွစ္ ေအာက္တိုဘာလမွာ ေအာက္ခ်ျပင္ဆင္ခဲ့ၿပီး အဲဒီႏွစ္
ဒီဇင္ဘာလမွာ အၿပီးသတ္ခဲ့ပါတယ္။ ဘုရင္ Bhumibol Adulyadej လက္ထက္
၂၀၀၇ ခုႏွစ္ စက္တင္ဘာလမွာ ျပင္ဆင္ထားတဲ့ Swing ကို မင္း ခန္း မင္းနား
မ်ားအတြက္ အသံုးျပဳဖို႔ ရည္ရြယ္ခဲ့ပါတယ္။
မူလ Swing ရဲ႕ သစ္သားမ်ားကို အမ်ိဳးသား ျပတိုက္မွာ ျပသထားပါတယ္။

၂၀၀၅ ခုႏွစ္မွာ Giant Swing နဲ႔ Wat Suthat ဘုရားေက်ာင္းကို ယူနက္စကို ကမာၻ႕
အေမြအႏွစ္ ထိန္းသိမ္းေရး အဖြဲ႔ႀကီးက ေရွးေဟာင္းအေမြအႏွစ္အျဖစ္ သတ္မွတ္ေပးဖို႔
အၾကံျပဳခဲ့ပါတယ္။

Giant Swing အနားမွ အထင္ကရ ေနရာမ်ား

Wat Suthat Thep Wararam
အတိုေကာက္ Wat Suthat လို႔ ေခၚၾကတဲ့ Wat Suthat Thep Wararam ဟာ
ထိုင္းႏုိင္ငံရဲ႕ နာမည္ႀကီး ေရွး ေဟာင္း ဘုရားေက်ာင္းျဖစ္ပါတယ္။
Grand Hall အတြင္းထဲမွာ Sukhothai ဆူ ကို ထိုင္း မွ ပင့္ေဆာင္ လာတဲ့
ဗုဒၶ ဆင္းတုေတာ္ ရွိပါတယ္။ ဘုရင္ ရာမ (၁) က Wat Suthat ကို သူ႔ၿမိဳ႕ေတာ္
ရဲ႕ အလယ္ဗဟိုမွာ တည္ေဆာက္ခဲ့တာ ျဖစ္ၿပီး ဘုရင္ ရာမ (၃) လက္ထပ္မွ
ၿပီးစီးပါတယ္။
Visakha Bucha Day နဲ႔ Magha Bucha Day တို႔လို ေန႔ထူးေန႔ျမတ္မ်ားမွာ
ဘုရားဖူးဖို႔အတြက္ လာေရာက္ၾကပါတယ္။

SarnChoa Po Seu
အနီးအနားမွာ နာမည္ႀကီးတဲ့ အျခား ဘုန္းႀကီးေက်ာင္းတစ္ခုမွာ SarnChoa Po
Seu ျဖစ္ပါတယ္။ တရုတ္ဘုန္းႀကီးေက်ာင္းျဖစ္ၿပီး တရုတ္လူမ်ိဳးအမ်ားစုရွိရာ
Bamrungmueng လမ္းမမွာ တည္ရွိပါတယ္။ ဘုရင္ ရာမ (၅) က ေနာက္ပိုင္းမွာ
လမ္းမကို တိုးခ်ဲ႕ခ်င္တာေၾကာင့္ ဘုန္းႀကီးေက်ာင္းကို WatMahanparam အနီး
Ta Nao လမ္းမသို႔ ေျပာင္းေရႊ႕ခဲ့ပါတယ္။ ဘုန္းႀကီးေက်ာင္းဟာ ထိုင္းနဲ႔ တရုတ္လူမ်ိဳးမ်ား
အလုပ္အကိုင္၊ စီးပြားေရး တိိုးတက္ဖို႔၊ အခ်စ္ေရး ကံေကာင္းဖို႔နဲ႔ ကေလးရဖို႔ အတြက္
ဆုေတာင္းၾကတဲ့ ေနရာျဖစ္ပါတယ္။

LanKonMueng
ရက္ကြက္ရဲ႕ အလယ္ City Hall အေရွ႕မွာ LanKonMueng တည္ရွိပါတယ္။
ေဒသခံမ်ား ညေနတိုင္း အပန္းေျဖၾကတဲ့ ေနရာျဖစ္ပါတယ္။ လမ္းေလွ်ာက္ျခင္း၊
ကိုယ္လက္လႈပ္ရွားမႈ ျပဳလုပ္ျခင္း၊ ေအရိုးဗစ္ကစားျခင္း၊ အပန္းေျဖျခင္း၊
သူငယ္ခ်င္းမ်ား ေတြ႔ဆံုျခင္း၊ ကေလးနဲ႔ အိမ္ေမြး တိရိစာၦန္မ်ားကို
လမ္းေလွ်ာက္ေစျခင္း၊ ေလညွင္းခံျခင္းမ်ားကို ျပဳလုပ္ၾကပါတယ္။
  #ဘန္ေကာက္လမ္းညြန္ #ကိုစိုင္း

Thai ph,0827952761 , 0814291178 ,

viber +66827952761

saithu102@gmail.com

http://www.bangkoktraveldirectory.info
Giant Swing ထိုင်း နိုင် ငံ အထင် ကရ ဘာသာ ရေး မှတ် တိုင်
-------------------------------------------------------------------------------

Giant Swing ( စောင်ချင် ခြား ) ဟာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရဲ့ Phra Nakhon မှာ

တည်ရှိတဲ့ အထင် ကရ ဘာသာရေး အဆောက်အဦး တစ်ခု ဖြစ်ပါတယ်။

Wat Suthat ဘုရားကျောင်းရဲ့ အရှေ့ဘက်မှာ တည်ရှိပြီး ယခင်က ဘရာမင်

ထုံးတမ်းစဉ်လာများကို ပြုလုပ်ခဲ့ပါတယ်။ Giant Swing ဟာ ကမ္ဘာလှည့်

ခရီးသည်များကို စွဲဆောင်ပေးတဲ့ ဘန်ကောက်ရဲ့ အထင်ကရနေရာတစ်ခုဖြစ်ပါတယ်။

သမိုင်းကျောင်း

Giant Swing ကို ၁၇၈၄ ခုနှစ်က ဘုရင် ရာမ (၁) က ဒီဗာစသန် ဘာသာရေး

အဆောက်အဦး အရှေ့မှာ တည်ဆောက်ခဲ့တာ ဖြစ် ပြီး ဘုရင် ရာမ (၂) လက်ထပ်မှာ

Swing ဟာ မိုးကြိုးထိမှန်ပြီး အနည်းငယ် ပျက်ဆီးသွားတာကြောင့် Swing Ceremony ကို

ရပ်နားခဲ့ပါတယ်။ ၁၉၂၀ ခုနှစ်မှာ Swing ကို ပြန်လည် ပြုပြင်ခဲ့ပြီး ဂတ်စ်အရောင်းဆိုင်

တည်ဆောက်ဖို့အတွက် နေရာဖယ်ပေးရမှာ ဖြစ်လို့ လက်ရှိနေရာကို ပြောင်းရွှေ့ခဲ့ပါတယ်။

အဲဒီနောက်မှာ ၁၉၃၅ ခုနှစ် မတိုင်ခင်အထိ အခမ်းအနားများကို ပြန်လည် ကျင်းပခဲ့ပါတယ်။

အဲဒီနှစ်မှာ မတော်တဆမှုများကြောင့် ရပ်နားခဲ့ပါတယ်။

နောက်ဆုံး ပြုပြင်ထိန်းသိမ်းမှုကို ၁၉၅၉ ခုနှစ်မှာ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

အကြီးစား ပြင်ဆင်မှုကို ၂၀၀၅ ခုနှစ် ဧပြီလမှာ စတင် ခဲ့ပါတယ်။ Giant Swing

( စောင်ချင် ခြား ) အတွက် ကျွန်းသစ်အပင် ခြောက်ပင်ကို အသုံးပြုခဲ့ပါတယ်။

အဓိက ကိုယ်ထည်အတွက် သုံးခဲ့တဲ့ သစ် (၂) ပင်ဟာ လုံးပတ် ၃.၅ မီတာနဲ့ အရှည်

၃၀ မီတာ ရှိပါတယ်။ ကျန်တဲ့ သစ် (၄) ပင်ကို ထောက်ပံ့ဖို့အတွက် သုံးခဲ့ပြီး လုံးပတ်

၂.၃ မီတာနဲ့ အရှည် ၂၀ မီတာ ရှိပါတယ်။

Swing ကို ၂၀၀၆ ခုနှစ် အောက်တိုဘာလမှာ အောက်ချပြင်ဆင်ခဲ့ပြီး အဲဒီနှစ်

ဒီဇင်ဘာလမှာ အပြီးသတ်ခဲ့ပါတယ်။ ဘုရင် Bhumibol Adulyadej လက်ထက်

၂၀၀၇ ခုနှစ် စက်တင်ဘာလမှာ ပြင်ဆင်ထားတဲ့ Swing ကို မင်း ခန်း မင်းနား

များအတွက် အသုံးပြုဖို့ ရည်ရွယ်ခဲ့ပါတယ်။

မူလ Swing ရဲ့ သစ်သားများကို အမျိုးသား ပြတိုက်မှာ ပြသထားပါတယ်။

၂၀၀၅ ခုနှစ်မှာ Giant Swing နဲ့ Wat Suthat ဘုရားကျောင်းကို ယူနက်စကို ကမ္ဘာ့

အမွေအနှစ် ထိန်းသိမ်းရေး အဖွဲ့ကြီးက ရှေးဟောင်းအမွေအနှစ်အဖြစ် သတ်မှတ်ပေးဖို့

အကြံပြုခဲ့ပါတယ်။

Giant Swing အနားမှ အထင်ကရ နေရာများ

Wat Suthat Thep Wararam

အတိုကောက် Wat Suthat လို့ ခေါ်ကြတဲ့ Wat Suthat Thep Wararam ဟာ

ထိုင်းနိုင်ငံရဲ့ နာမည်ကြီး ရှေး ဟောင်း ဘုရားကျောင်းဖြစ်ပါတယ်။

Grand Hall အတွင်းထဲမှာ Sukhothai ဆူ ကို ထိုင်း မှ ပင့်ဆောင် လာတဲ့

ဗုဒ္ဓ ဆင်းတုတော် ရှိပါတယ်။ ဘုရင် ရာမ (၁) က Wat Suthat ကို သူ့မြို့တော်

ရဲ့ အလယ်ဗဟိုမှာ တည်ဆောက်ခဲ့တာ ဖြစ်ပြီး ဘုရင် ရာမ (၃) လက်ထပ်မှ

ပြီးစီးပါတယ်။

Visakha Bucha Day နဲ့ Magha Bucha Day တို့လို နေ့ထူးနေ့မြတ်များမှာ

ဘုရားဖူးဖို့အတွက် လာရောက်ကြပါတယ်။

SarnChoa Po Seu

အနီးအနားမှာ နာမည်ကြီးတဲ့ အခြား ဘုန်းကြီးကျောင်းတစ်ခုမှာ SarnChoa Po

Seu ဖြစ်ပါတယ်။ တရုတ်ဘုန်းကြီးကျောင်းဖြစ်ပြီး တရုတ်လူမျိုးအများစုရှိရာ

Bamrungmueng လမ်းမမှာ တည်ရှိပါတယ်။ ဘုရင် ရာမ (၅) က နောက်ပိုင်းမှာ

လမ်းမကို တိုးချဲ့ချင်တာကြောင့် ဘုန်းကြီးကျောင်းကို WatMahanparam အနီး

Ta Nao လမ်းမသို့ ပြောင်းရွှေ့ခဲ့ပါတယ်။ ဘုန်းကြီးကျောင်းဟာ ထိုင်းနဲ့ တရုတ်လူမျိုးများ

အလုပ်အကိုင်၊ စီးပွားရေး တိုးတက်ဖို့၊ အချစ်ရေး ကံကောင်းဖို့နဲ့ ကလေးရဖို့ အတွက်

ဆုတောင်းကြတဲ့ နေရာဖြစ်ပါတယ်။

LanKonMueng

ရက်ကွက်ရဲ့ အလယ် City Hall အရှေ့မှာ LanKonMueng တည်ရှိပါတယ်။

ဒေသခံများ ညနေတိုင်း အပန်းဖြေကြတဲ့ နေရာဖြစ်ပါတယ်။ လမ်းလျှောက်ခြင်း၊

ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်ခြင်း၊ အေရိုးဗစ်ကစားခြင်း၊ အပန်းဖြေခြင်း၊

သူငယ်ချင်းများ တွေ့ဆုံခြင်း၊ ကလေးနဲ့ အိမ်မွေး တိရိစ္ဆာန်များကို

လမ်းလျှောက်စေခြင်း၊ လေညှင်းခံခြင်းများကို ပြုလုပ်ကြပါတယ်။

0 comments:

Post a Comment