ဘန်ကောက် မြို့ ✈✈✈

ဘန်ကောက် မြို့
ဘန်ကောက်ဟာ ထိုင်းနိုင်ငံရဲ့ မြို့တော်နဲ့ လူနေအထူထပ်ဆုံး မြို့ဖြစ်ပါတယ်။ ထိုင်းမှာတော့ ဘန်ကောက်
မြို့ ကို အတိုကောက် Krung Thep ခွန်ထေ့လို့ခေါ်
ကြပါတယ်။
၆၀၅.၇ စတုရန်းမိုင်ကျယ်ဝန်းပြီး လူဦးရေ ၈ သန်း နေထိုင်ပါတယ်။ အဲဒီ ပမာဏဟာ ထိုင်းနိုင်ငံ တစ်ခုလုံးရဲ့ ၁၂.၆ ရာခိုင်နှုန်း ဖြစ်ပါတယ်။
၁၄ သန်းကျော် ( ၂၂.၂ ရာခိုင်နှုန်း ) ဟာ ဘန်ကောက်
မြို့နယ်နိမိတ်မှာ နေထိုင်ကြပါတယ်။
ဘန်ကောက်ဟာ ၁၅ ရာစုမှာ အယုဒ္ဓယ နေပြည်တော်ကနေ အသွင်ပြောင်းလာတာပါ။ နောက်ပိုင်းမှာ အရွယ်အစားကြီးမားလာပါတယ်။

၁၉၈၀ နဲ့ ၁၉၉၀ မှာ အာရှမှာ ရင်းနှီးမြှပ်နှံမှု အရှိန
်ကောင်းခဲ့ပြီး နိုင်ငံတကာမှ ကုမ္ပဏီများက ဘန်ကောက်မှာ အခြေချလာကြပါတယ်။
သယ်ယူုပို့ဆောင်ရေးနဲ့ ကျန်းမာရေး ၀န်ဆောင်မှုများဟာလည်း ကမ္ဘာ့အဆင့်မီလာပါတယ်။
လမ်းပေါ်ရောင်းချတဲ့ ဈေးဆိုင်များ၊ ယဉ်ကျေးမှု အဆောက်အဦးများ၊ ဇိမ်ခန်းများ၊ အဖော်အချွတ်ကခန်းများကြောင့် ဘန်ကောက်ဟာ နာမည်ကြီးပါတယ်။ Khaosan Road နဲ့ ပက်ပုန်းတို့ရဲ့ ညရှုခင်းကလည်း
ကမ္ဘာလှည့်ခရီးသည်များကို စွဲဆောင်မှု ကောင်းပါ
တယ်။
Wat Pho နဲ့ Wat Arun ဗုဒ္ဓဘာသာ ဘုရားကျောင်းများကိုလည်း ဧည့်သည်များစွာ လာကြပါတယ်။
ဘန်ကောက်ဟာ ကမ္ဘာ့ထိပ်တန်း ခရီးသွား နိုင်ငံများထဲမှ တစ်ခုဖြစ်ပါတယ်။ MasterCard ရဲ့ စာရင်းအရ ကဒ် အသုံးပြုမှု အများဆုံး မြို့ဖြစ်ပြီး Travel + Leisure Magazine ရဲ့ ကမ္ဘာ့ အကောင်းဆုံး ဆုကို ၄ နှစ်ဆက်တိုက် ရရှိခဲ့ပါတယ်။

သမိုင်းကျောင်း
ဘန်ကောက်ဟာ ၁၅ ရာစုမှာ အယုဒ္ဓယ အုပ်ချုပ်တဲ့ Chao Phraya မြစ်ရဲ့ အနောက်ဘက်မှ ရွာငယ်လေး
တစ်ခုဖြစ်ခဲ့ပါတယ်။
မြစ်အနားမှာ တည်ရှိတာကြောင့် ဘန်ကောက်ဟာ အရေးပါတဲ့ မြို့ဖြစ်လာပါတယ်။
၁၇၆၇ မှာ အယုဒ္ဓယဟာ မြန်မာတွေရဲ့ လက်အောက်
ရောက်ရှိခဲ့ပြီး အသစ်တက်လာတဲ့ ဘုရင် တက်ခ်စင်က ဘန်ကောက်ကို အုပ်စိုးခဲ့ပါတယ်။

ဘန်ကောက် စီးပွားရေးဟာ နိုင်ငံတကာ ကုန်သွယ်မှုများ ကျယ်ပြန့်လာတာနဲ့ အမျှ တိုးတက်လာပါတယ်။ အစောပိုင်းမှာ တရုတ်၊ နောက်ပိုင်းမှာ အနောက်နိုင်ငံများနဲ့ ကုန်သွယ်ခဲ့ပါတယ်။ ရာမ (၄) နဲ့ ရာမ (၅)
ဘုရင်များ လက်ထပ်မှာ ရေနွေးငွေ့အင်ဂျင်၊ ပုံနှိပ်စက်၊ မီးရထား သယ်ယူပို့ဆောင်ရေး စနစ်နဲ့ အခြေခံ အဆောက်အဦးများကို တည်ဆောက်နိုင်ခဲ့ပါတယ်။ ဒါ့အပြင်
ပညာရေးနဲ့ ကျန်းမာရေး စောင့်ရှောက်မှုများလည်း
အဆင့်မြင့်လာပါတယ်။
ဒုတိယ ကမ္ဘာစစ်အပြီးမှာ အမေရိကန်ရဲ့ ကူညီထောက်ပံ့မှုများနဲ့ လျှင်မြန်စွာ တိုးတက်လာခဲ့ပါတယ်။
လိင်ဖျော်ဖြေရေး ခရီးသွား ဒေသအဖြစ်လည်း ကမ္ဘာ
မှာ လူသိများလာပါတယ်။
အမေရိကန်များ ၁၉၇၃ မှာ ဗီယက်နမ်ကနေ ဆုတ်ခွာ
ခဲ့ပြီးနောက်မှာ ဘန်ကောက်မှာ ဂျပန်စီးပွားရေးလုပ်ငန်းများက အဓိက ရင်းနှီးမြှပ်နှံခဲ့ပြီး ထုတ်ကုန်များ
တိုးတက်ခဲ့တဲ့အတွက် ဘန်ကောက်ဟာ စီးပွားရေးမြို့
တော်ဖြစ်လာပါတယ်။
အာရှစီးပွားရေး အကြပ်အတည်း ဖြစ်တဲ့ ၁၉၉၇ ခုနှစ် မတိုင်မီ ၁၉၈၀ နဲ့ ၁၉၉၀ အစောပိုင်းတစ်လျှောက်မှာ ဘန်ကောက်ဟာ စီးပွားရေး လျှင်မြန်စွာ တိုးတက်လာပါ
တယ်။

ဘန်ကောက် မြို့ နာမည် အပြည့် အစုံ ဖော်ပြ ချက်

ထိုင်း နိုင်ငံ ၏ မြို့ တော် ဗန်ကောက် သည် ကမ္ဘာပေါ် တွင်နာမည် အရှည်လျားဆုံး မြို့ တော် တစ်ခု နာမည်
ပင်ဖြစ်ပါသည်။
ထိုင်း နိုင် ငံ မြို့ တော်နာမည် ကို ဘန်ကောက် ဟု တစ်ကမ္ဘာ လုံး က အသိအမှတ် ပြု ကာခေါ်ဝေါ်ကြသော် လည်း ထိုင်း နိုင်ငံ သား များ အားလုံး မှာ အတို ကောက် အား ဖြင့် Krung Thep ခွန်ထေ့  ဟုခေါ် ဝေါ် သုံးစွဲ ကြ ပြီး နာမည် အပြည့် အစုံမှာ

กรุงเทพมหานคร อมรรัตนโกสินทร์ มหินทรายุธยามหาดิลก ภพนพรัตน์
ราชธานีบุรีรมย์ อุดมราชนิเวศน์ มหาสถาน อมรพิมาน อวตารสถิต สักกะทัต
ติยะ วิษณุกรรมประสิทธิ์

ဖြစ်ပါသည်။

အင်္ဂလိပ် လို ဘာသာပြန်လျင်

Krungthepmahanakhon Amonrattanakosin Mahinthara Yutthaya
Mahadilok Phop Noppharat Ratchathani Burirom Udom
Ratchaniwet Mahasathan Amonphiman Awatansathit
Sakkathattiya Witsanukamprasit

ဖြစ်ပါသည်။

စုစုပေါင်း စာလုံး ရေ 196 လုံး တိတိရှိသောကြောင့် 
ကမ္ဘာ ပေါ် တွင် နာမည် အရှည် လျား ဆုံးမြို့ တော်
ဖြစ်ပါသည်။

အဓိပ္ပါယ် အားဖြင့် 

City of angels, great city of immortals, magnificent city of the nine gems, seat of the king,
city of royal palaces, home of gods incarnate, erected by Visvakarman at Indra's behest

ဖြစ်ပါသည်။

မြန်မာ လို
နတ်သမီးနေထိုင် သောမြို့ ၊ တန်ခိုးရှိသော မြို့၊
ခမ်းနားထည်ဝါသော ကျောက်မျက်ရတနာ မြို့ တော် ၊ ဘုရင်များ နန်းစိုက်ရာမြို့ ၊ တော်ဝင် နန်းမြို့တော်၊ ဘုရားသခင် စောင့်ရှောက်တဲ့ မြို့ ၊ဟိန္ဒူ ဒဏ္ဍာရီ ထဲ မှ indra နတ်ဘုရား သခင်ရဲ့ အမိန့်အရ Vishvakarman နတ်က တည်ထားသောမြို့ဟု အဓိပ္ပါယ် ရပါသည်။

အုပ်ချုပ်ရေး

ဘန်ကောက်ဟာ အခြား ပြည်နယ် ၇၆ ခုနဲ့ မတူဘဲ Bangkok Metropolitan Administration (BMA)
က အုပ်ချုပ်ပါတယ်။
၎ နှစ်တစ်ကြိမ် အုပ်ချုပ်သူကို ရွေးချယ်ကြပါတယ်။
ဘန်ကောက်မှာ မြို့နယ် ၅၀ ရှိပြီး တစ်မြို့နယ်စီအတွက် အုပ်ချုပ်ရေးမှူး တစ်ဦး သို့မဟုတ် အုပ်ချုပ်ရေးမှူးများကို သီးခြား ရွေးကောက်ပွဲ ပြုလုပ်ကြပါတယ်။ အုပ်ချုပ်ရေးမှူးများကို စုစည်းပြီး Bangkok Metropolitan Council ကို ဖွဲ့စည်းထားပါတယ်။ လက်ရှိ ဘန်ကောက် အုပ်ချုပ်ရေးမှူးမှာ ဒီမိုကရက် ပါတီရဲ့ M.R. Sukhumbhand Paribatra ဖြစ်ပြီး ၂၀၁၃ မှာ ဒုတိယသက်တမ်း အနေဖြင့် ရွေးချယ်ခံထားရတာပါ။

ခရီးသွားလုပ်ငန်း
ဘန်ကောက်ဟာ ကမ္ဘာလှည့် ခရီးသည် အများဆုံး
လည်ပတ်တဲ့ နေရာများထဲမှ တစ်ခုဖြစ်ပါတယ်။ MasterCard ရဲ့ စစ်တမ်းအရ ၂၀၁၃ မှာ ဘန်ကောက်သို့ လည်ပတ်သူ ၁၅.၉၈ သန်းရှိပါတယ်။
နိုင်ငံခြားတိုင်းပြည်များမှ ခရီးသွားများ ဘန်ကောက်မှာ ၂၀၁၃ အတွင်း သုံးစွဲတဲ့ ငွေကြေးဟာ ၁၄.၃ ဘီလီယမ် ရှိပြီး စတုတ္ထအများဆုံးဖြစ်ပါတယ်။
သူ့ထက် ငွေသုံးစွဲမှု အများဆုံးနိုင်ငံများမှာ နယူးယောက်၊ လန်ဒန်နဲ့ ပဲရစ်တို့ ဖြစ်ပါတယ်။
Euromonitor က ၂၁၀၀ မှာ ခရီးသွားအများဆုံး တည်နေရာ စာရင်းမှာ ဘန်ကောက်ဟာ ၆ နေရာ ချိတ်ဆက်ခဲ့ပါတယ်။ Travel + Leisure Magazine ကလည်း ၂၀၁၀ ကနေ ၂၀၁၃ ခုနှစ် အထိ ၄ နှစ်ဆက်တိုက်
ကမ္ဘာ့ အကောင်းဆုံး မြို့အဖြစ် သတ်မှတ်ခဲ့ပါတယ်။

ထိုင်းကို လာရောက်တဲ့ ခရီးသည်အများစုဟာ
ဘန်ကောက်ကို လည်ပတ်ကြပါတယ်။
ထိုင်းခရီးသွား ၀န်ကြီးဌာနရဲ့ စစ်တမ်းအရ ၂၀၁၀ မှာ ထိုင်းကို လာရောက်သူ ၂၆ ၈၆၁ ၀၉၅ ရှိပြီး
ဘန်ကောက်ကို လာရောက်သူ ၁၁ ၃၆၁ ၈၀၈ ရှိပါ
တယ်။
ဧည့်သည်ပေါင်း ၁၅ ၀၃၁ ၂၄၄ အတွက် အခန်းများ
စီစဉ်ပေးခဲ့ရပါတယ်။
ဘန်ကောက်မှာ ဟိုတယ် အခန်းပေါင်း ၈၆ ၆၈၇ ရှိပြီး ၄၉.၉ ရာခိုင်နှုန်းဟာ နိုင်ငံခြားသား ခရီးသည်များအတွက် စီစဉ်ပေးခဲ့ရပါတယ်။

The Traveller

0 comments:

Post a Comment