ခရီးစဉ်များ
Ratchaburi, Phetchaburi, Cha-am, Hua Hin, Chumphon (Koh Tao),
Ranong, Surat Thani (Koh Samui), Phuket, Krabi, Phang-Nga,
Nakhon Si Thammarat, Patthalung, Trang, Hat Yai, Songkhla,
အကွာအဝေး ရှိပါတယ်။
အကွာအဝေး ရှိပါတယ်။
စုံစမ်းနိုင်ပါတယ်။
ဖွဲ့စည်းတည်ဆောက်ပုံ
မြေညီထပ်
ပေးပါတယ်။ ဈေးနှုန်းများကတော့
အလယ်ထပ်
ပထမထပ်
ဒုတိယထပ်
ပလက်ဖောင်းများ
သွားနိုင်ပါတယ်။
မီနီဘတ်စ် စင်တာ
Pathom, Samut Songkhram, Damnoen Saduak Floating Market,
Mae Klong Train Market, Amphawa Floating Market, Petchaburi,
The Traveller
Thai ph,0827952761 , 0814291178 ,
viber +66827952761
saithu102@gmail.com
http://www.bangkoktraveldirectory.info
အဝေးပြေး ကားဂိတ် Sai Tai Mai
အဝေးပြေး ကားဂိတ် Sai Tai Mai ဟာ ဘန်ကောက် မြောက်ပိုင်း ထုံ ဘူရီရဲ့
Phutthamonthon Soi 1 မှာ တည်ရှိပါတယ်။ Sai Tai Mai ကို Sai Tai Mai
Taling Chan Bus Station လို့လည်း လူသိများကြပါတယ်။
Sai Tai Mai ဟာ တောင်ပိုင်း ကားဂိတ် အသစ်လို့ အဓိပ္ပါယ်ရပါတယ်။
မူလ ကားဂိတ်အဟောင်းဟာလည်း အဲဒီလမ်းမပေါ်မှာပဲ တည်ရှိပြီး
ကီလိုမီတာ အနည်းငယ်ပဲ ကွာဝေးပါတယ်။ Taling Chan ဟာ
ဘန်ကောက်မှာ တည်ရှိတဲ့ အုပ်ချုပ်ရေး ဧရိယာရဲ့ အမည်ဖြစ်ပါတယ်။
Sai Tai Mai မှာ ကားဂိတ်များအပြင် SC Plazaa လို့ ခေါ်တဲ့
ဈေးဝယ်စင်တာများနဲ့ စားသောက်ဆိုင်များ ရှိတာက ထူးခြားပါတယ်။
အဆောက်အဦးထဲမှာ ကားလက်မှတ် အရောင်း ကောင်တာများ အပြင်
စားသောက်ဆိုင်များ၊ ကော်ဖီဆိုင်များ၊ ဘဏ် ငွေလွှဲ အေဂျင်စီများနဲ့
ကုန်ပစ္စည်းမျိုးစုံကို ရောင်းချတဲ့ ဈေးဆိုင်များကို တွေ့ရမှာ ဖြစ်ပါတယ်။
ခရီးစဉ်များ
Sai Tai Mai ကနေ ဘန်ကောက်ရဲ့ အနောက်နဲ့ တောင်ပိုင်းကို သွားဖို့
မီနီဘတ်စ်များနဲ့ ဘတ်စ်ကားများ ရှိပါတယ်။ အဲဒီကနေ Kanchanaburi,
Pattani, Yala, Narathiwat, Sungai Kolok တို့ကို သွားနိုင်ပါတယ်။
ထိုင်းတောင်ဖက်စွန်းကို သွားတဲ့ ခရီးကတော့ ထိုင်းမှာ အရှည်ဆုံး
ဘတ်စ်ကားလမ်းကြောင်း ဖြစ်ပါတယ်။
ဘန်ကောက်ကနေ Hat Yai ကို သွားရင် ၉၅၀ ကီလိုမီတာ ဝန်းကျင်
အကွာအဝေး ရှိပါတယ်။
ဘန်ကောက်ကနေ Yala ကို သွားရင် ၁၀၅၅ ကီလိုမီတာ ဝန်းကျင်
အကွာအဝေး ရှိပါတယ်။
ဘန်ကောက်ကနေ Sungai Kilok ကို သွားရင် ၁၂၅၅ ကီလိုမီတာ
ဝန်းကျင် အကွာအဝေး ရှိပါတယ်။
Chonburi နဲ့ Pattaya လို ထိုင်းအရှေ့ပိုင်း ဒေသများကို သွားဖို့အတွက်
မီနီဘတ်စ်များလည်း ရှိပါတယ်။ မြောက်ပိုင်း၊ အလယ်ပိုင်းနဲ့
အရှေ့မြောက်ပိုင်းကို ဘတ်စ်ကားနဲ့ သွားချင်ရင်တော့ Mo Chit Bus
Station ကနေ သွားသင့်ပါတယ်။
အရှေ့ပိုင်း ဒေသများကို သွားချင်ရင် Ekamai Eastern ကားဂိတ်မှာ
စုံစမ်းနိုင်ပါတယ်။
ဖွဲ့စည်းတည်ဆောက်ပုံ
မြေညီထပ်
အဓိက ဝင်ပေါက်ကြီးမှာ ယာဉ်လိုင်းပေါင်းများစွာရဲ့ လိုင်းကားရပ်နား
ရာ နေရာရှိပါတယ်။ အဲဒီနေရာမှာ တက္ကစီများနဲ့ အခြား ကားများလည်း
ရပ်ကြပါတယ်။ မြေညီထပ် အတွင်းထဲမှာ စားသောက်ဆိုင်မျိုးစုံနဲ့
ကားရပ်နားရာ နေရာရှိပါတယ်။ ဘတ်စ်ကား ပလက်ဖောင်း ၁ နဲ့ ၂၄
တို့ရဲ့ ဝင်ပေါက်ကိုလည်း တွေ့နိုင်ပါတယ်။ အဲဒီဝင်ပေါက်များကိုတော့
လက်မှတ်ကိုင်ဆောင်ထားသူသာ ဝင်နိုင်ပါတယ်။
ဝင်ပေါက်မှာ ခရီးဆောင်အိတ် သယ်ယူပို့ဆောင်ပေးတဲ့ Left Luggage
ဝန်ဆောင်မှုရှိပြီး မနက် ၅ နာရီကနေ ၂၂ နာရီအထိ ဝန်ဆောင်
ပေးပါတယ်။ ဈေးနှုန်းများကတော့
အရွယ်သေး အိတ်အတွက် ဘတ် ၄၀
အရွယ်လတ် အိတ်အတွက် ဘတ် ၅၀
အရွယ်ကြီး အိတ်အတွက် ဘတ် ၆၀
တစ်ညတာထားမယ့် အိတ်အတွက် ဘတ် ၁၀၀ဖြစ်ပါတယ်။
အလယ်ထပ်
M Floor လို့ ခေါ်တဲ့ အလယ်ထပ်မှာ မြေညီထပ်နဲ့ ပထမထပ်ကြားမှာ
ရှိပြီး ဈေးဆိုင်များနဲ့ ကားရပ်နားရာ နေရာများ ရှိပါတယ်။
ပထမထပ်
ပထမထပ်မှာ ဈေးဆိုင်များ၊ ကော်ဖီဆိုင်များ ( Black Canyon Coffee ) နဲ့
စားသောက်ဆိုင်များ ( KFC, Chester’s Grill ) တို့အပြင်
ဘတ်စ်ကားလက်မှတ် အရောင်းကောင်တာ ၉၄ ခုရှိပါတယ်။
ထိုင်း အနောက်နဲ့ တောင်ပိုင်းများကို သွားနိုင်ပါတယ်။
အစိုးရပိုင် ဘတ်စ်ကား ကုမ္ပဏီ The Transport Company
ရဲ့ ကောင်တာများကတော့ ၁ ကနေ ၁၄ ဖြစ်ပါတယ်။
ပထမထပ်နဲ့ ပလက်ဖောင်း ၂၅ ကနေ ၉၈ အထိကို ချိတ်ဆက်ပေးတဲ့ လမ်း
ရှိပြီး လက်မှတ်ကိုင်ဆောင်ထားသူများသာ ဝင်နိုင်ပါတယ်။
ပထမထပ်မှာ မြေညီထပ်ကလို Left Luggage
ဝန်ဆောင်မှုကို တွေ့နိုင်ပါတယ်။
ဒုတိယထပ်
စားသောက်ဆိုင်ငယ်များနဲ့ ဈေးဆိုင်များစွာ ရှိပါတယ်။
ပလက်ဖောင်းများ
ဘတ်စ်ကား ပလက်ဖောင်းများကို ပင်မ အဆောက်အဦးရဲ့
အနောက်ဘက်မှာ တွေ့နိုင်ပြီး ပထမထပ်မှ လျှောက်လမ်းကနေ
သွားနိုင်ပါတယ်။
မီနီဘတ်စ် စင်တာ
ပင်မအဆောက်အဦးရဲ့ ဘယ်ခြမ်း အပြင်ဘက်မှာ
မီနီဘတ်စ်များကို တွေ့နိုင်ပါတယ်။ လက်မှတ်ရောင်း ကောင်တာများ စွာ
ရှိပါတယ်။ ဘန်ကောက် အရှေ့ပိုင်း ဒေသများဖြစ်တဲ့ Sattahip, Laem
Chabang, Chonburi or Pattaya တို့ကို သွားနိုင်ပါတယ်။ ဘန်ကောက်
အနောက်နဲ့ တောင်ပိုင်း ဒေသများဖြစ်တဲ့ Kanchanaburi, Nakhon
Chet Samian, Ratchaburi, Cha-Am, Hua Hin တို့ကို သွားနိုင်ပါတယ်။
မီနီဘတ်စ် ပလက်ဖောင်းရဲ့ မီတာ အနည်းငယ် အကွာမှာ အရွယ်သေး
မီနီဘတ်စ် စင်တာ ရှိပါတယ်။ အဲဒီကနေ သွားနိုင်တဲ့
ခရီးစဉ်များကို အောက်မှာ ဇယားနဲ့ ဖော်ပြထားပါတယ်။
မှတ်ချက်။ ။ ဇယားကို attached ထားပါတယ်။
The Traveller
#ဘန်ကောက်လမ်းညွန် #ကိုစိုင်း