ဘန်ကောက် ရှိ Phyathai ဆေးရုံ
Phyathai ဆေးရုံဟာ နိုင်ငံတကာ အဆင့်မီ ဆေးရုံဖြစ်
ပြီး ဘန်ကောက်တွင် Bangkok ဆေးရုံ ၊Brmurguard
ဆေးရုံ တို့ လောက် နာမည် မကြီး ပေမဲ့ သွားရောက် ကုသဖို့ သင့်တော် တဲ့ဆေးရုံ တစ်ရုံ ဖြစ် ပါတယ်။
အဆိုပါ ဆေးရုံ မှာ ထိုင်းနိုင်ငံသားများသာမက နိုင်ငံ
ရပ်ခြားမှ ဝေဒနာရှင်များက Phyathai မှာ လာရောက် ကုသကြပါတယ်။
နိုင်ငံတကာ အသိအမှတ်ပြု ဆရာဝန်များနဲ့ အတွေ့အ
ကြုံရှိတဲ့ ၀န်ထမ်းများ ရှိပြီး အဆင့်မြင့် နည်းပညာသုံး
ဆေးရုံဖြစ်ပါတယ်။ ဆေးရုံဟာ ISO 9001, 15189, 18001 နဲ့ HACCP စတဲ့ နိုင်ငံတကာ အသိအမှတ်ပြုလက်မှတ်များလည်း ရရှိထားပါတယ်။
ဆေးကုသမှု ဌာနပေါင်း ၄၂ ခုရှိ ပြီး ဆရာဝန်ပေါင်း ၁၀၀ ကျော်နဲ့ ၀န်ထမ်းပေါင်း ၆၆၀ ရှိပါတယ်။
ကျွမ်းကျင်တဲ့ သူနုာပြု ဆရာမများစွာရှိပါတယ်။ ကမ္ဘာအ၀န်းမှ ဆေးရုံမှာ လာရောက် ဆေးကုသတဲ့ လူများအတွက် ဘာသာစကား အဆင်ပြေအောင် ဘာသာစကားများစွာ တတ်ကျွမ်းတဲ့ ၀န်ထမ်း ၅၀ ကိုလည်း ခန့်အပ်ထားပါတယ်။ မြန်မာ စကား ပြန် လည်း ရှိ ပါတယ်
ဆေးရုံကနေ လေဆိပ်၊ လေဆိပ်ကနေ ဆေးရုံသို့ အ
ကြို၊ အပို့ ၀န်ဆောင်မှုများလည်း ထားရှိ ပေးထားပါ
တယ်။ လေယာဉ်ပေါ်က ဆင်းတာနဲ့ ဆေးရုံကို ချော
မွေ့စွာ ရောက်ရှိသွားမယ့် One Stop Service ဖြစ်ပါ
တယ်။
စုံစမ်းမေးမြန်းမှုများကို ၂၄ နာရီ ဖြေဆိုပေးပါတယ်။

ဆေးကုသမှု ၀န်ဆောင်မှုများ
Phyathai ဆေးရုံမှာ ကုသပေးတဲ့ ရောဂါများမှာ
· နား၊ နှာခေါင်း၊ လည်ချောင်း
· အရိုး၊ အဆစ်
· နှလုံးရောဂါ
· အရေပြားနဲ့ အလှအပ
· ကျောရိုးနဲ့ ဦးနှောက်
· ကင်ဆာ
· ကလေး ရောဂါများ
· သွားနဲ့ ခံတွင်း
· အစာအိမ်
· ရောဂါရှာဖွေရေး
· သားဖွားမီးယပ်
· ခွဲစိပ်ကုသမှု
· Medical Checkup တို့ ဖြစ်ပါတယ်။
ဆေးရုံခွဲများ
ဘန်ကောက်မှာ Phyathai ဆေးရုံ ၃ ခုရှိပါတယ်။
Phyathai 1
ဆေးရုံ ၁ ကို ၁၉၇၆ ခုနှစ် ဇူလိုင်လ ၃၀ ရက်နေ့မှာ ဖွင့်လှစ်ခဲ့ပါတယ်။ 364/1 Sri-Ayudhaya Road, Phyathai, Ratchatevee မှာ တည်ရှိပါတယ်။ အဆောက်အဦး ၂ ခုရှိပြီး ကုတင် ၂၂၀ ရှိပါတယ်။ ရောဂါရှာဖွေစစ်ဆေးတဲ့ ဌာန ၅၈ ခုရှိပါတယ်။ နည်းပညာမြင့် ခေတ်မီ ကိရိယာများ တပ်ဆင်ထားပါတယ်။ လူနာ ၂၀၀၀ ဆန့် ဆေးရုံဖြစ်ပြီး ပျမ်းမျှအားဖြင့် နေ့စဉ် လူနာ ၁၁၉၄ ယောက် တက်ရောက် ကုသလျှက်ရှိပါတယ်။
Phyathai 2
ဆေးရုံ ၂ ကို ၁၉၈၇ ခုနှစ် ဇူလိုင်လ ၂၂ ရက်နေ့မှာ ဖွင့်လှစ်ခဲ့ပါတယ်။ 943 Phaholyothin Road, Samsennai, Phyathai မှာ တည်ရှိပါတယ်။ အဆောက်အဦး ၂ ခုရှိပြီး ကုတင် ၅၅၀ ရှိပါတယ်။ ရောဂါရှာဖွေ စစ်ဆေးတဲ့ ဌာန ၇၆ ခုရှိပါတယ်။ နည်းပညာမြင့် ခေတ်မီ ကိရိယာများ ထားရှိပေးထားပါတယ်။ လူနာ ၂၀၀၀ အထိ တက်ရောက် ကုသနိုင်ပါတယ်။
Phyathai 3
ဆေးရုံ ၃ ကို ၁၉၉၆ ခုနှစ် အောက်တိုဘာလ ၄ ရက်နေ့မှာ ဖွင့်လှစ်ခဲ့ပါတယ်။ Thonburi မှ လူများအတွက် တိုးချဲ့ ၀န်ဆောင်မှုပေးဖို့ ဖြစ်ပါတယ်။ 207/26 Phetchkasem Road, Phark Klong, Phasricharoen မှာ တည်ရှိပါတယ်။ အဆောက်အဦး ၁ ခုသာ ပါရှိပြီး ကုတင် ၅၀၀ ရှိပါတယ်။ ရောဂါရှာဖွေ စစ်ဆေးတဲ့ ဌာန ၅၄ ခုရှိပါတယ်။ နည်းပညာမြင့် ခေတ်မီ ကိရိယာများ တပ်ဆင်ထားပါတယ်။ လူ ၂၀၀၀ တက်ရောက် ကုသနိုင်ပါတယ်။
ဆေးရုံကိစ္စ တိုက်ရိုက် ဆက်သွယ် ချင် သူများ ကို
လည်း ဝန်ဆောင် မှု့ပေးပါတယ် ။
The Traveller
#ဘန်ကောက်လမ်းညွန် #ကိုစိုင်း
0827952761,0814291178
Viber+66827952761

0 comments:
Post a Comment