ဘန်ကောက် ရှိ ခွေး ၊ကြောင် ကော်ဖီ ဆိုင် များ ❤❤
တိ ချစ် တဲ့  မိတ် ဆွေ တွေ အတွက် စိတ် ဝင် စရာ ကောင်း ပြီး ချစ် ဖို့ ကောင်း
ခွေးများ၊ ကြောင်များကို မွေးမြူထားတဲ့ဘန်ကောက် ရှိ ကော်ဖီဆိုင်တွေကို
လမ်း ညွန် ပေး ပါ မယ် ။ အိမ်မွေးတိရိစ္ဆာန် ချစ်သူများ အတွက်
ေ က်ာဖီ သောက်ရင်း ခွေးလေးတွေ၊ ကြောင်လေးတွေနဲ့ ကစား ချင် သ ပ ဆို
ကိုယ် တိုင် သွား နိုင် အောင် လမ်း ညွန် ပေး ပါ ရ စေ ။
Caturday cat coffee ❤
Cocowalk မှာ တည်ရှိပြီး နေ့စဉ် နေ့လည်ကနေ ည ၁၀ နာရီအထိ
ဆိုင်ဖွင့်ပါတယ်။ BTS Ratchatewi Exit 2 မှာ ဆင်းပြီး သွားနိုင်ပါတယ်။
ဒီ ကြောင် ကော်ဖီဆိုင် အသစ်ကို GTH Director ဖြစ်သူ Paween
Purijitpanya က ဖွင့်လှစ်ထားတာပါ။ ဆိုင်ကို ကြောင်များရဲ့ Theme
များဖြင့် အလှဆင်ထားပါတယ်။ အရောင်အသွေးစုံတဲ့
နံရံဆေးပန်းချီများကိုလည်း ရေးဆွဲထားပါတယ်။ အနည်းဆုံး
ကော်ဖီ အမျိုးအစားရဲ့ ဈေးနှုန်းမှာ ဘတ် ၁၁၈ ပါ။
True Love Café❤
153 Ari Samphan Soi 2, Paholyothin Soi 5 မှာ တည်ရှိပြီး အင်္ဂါကနေ
တနင်္ဂနွေနေ့အထိ ဖွင့်လှစ်ပါတယ်။ ဖွင့်ချိန်မှာ နေ့လည်ကနေ ည ၉
နာရီ ဖြစ်ပါတယ်။ ကော်ဖီဆိုင်မှာ အရွယ်ရောက်ပြီး Siberian Huskies
ခွေး ၁၇ ကောင်ရှိပါတယ်။ ခွေးများရဲ့ အရောင်အသွေးနဲ့ အရွယ်အစားက
ကွဲပြားပြီး အလွန်ချစ်စရာကောင်းပါတယ်။
ခွေးများကို ခြံဝင်းအတွင်းမှာ မွေးမြူထားပါတယ်။ အခြား
တိရိစ္ဆာန် ကော်ဖီဆိုင်များနဲ့ မတူတာက သင့်ရဲ့ အိမ်မွေးတိရိစ္ဆာန်
များကို ခေါ်ဆောင်ခွင့် မရှိတာပါ။ ၁ နာရီခွဲကနေ ၂ နာရီ ၁၅ မိနစ်၊ ၎
နာရီခွဲကနေ ၆ နာရီ၊ ၈ နာရီကနေ ၉ နာရီ ၁၅ မိနစ်
များမှာ ကော်ဖီသောက်သူများဟာ ခွေးများနဲ့ ကစားခွင့်ရှိပါတယ်။
ဆိုင်မှာ ငရုတ်ကောင်း ၀က်သားကင် ( ဘတ် ၁၄၀ ) နဲ့
Raspberry ဖျော်ရည် ( ဘတ် ၆၀ ) တို့ကိုလည်း ရောင်းချပေးပါတယ်။
Cataholic Café❤
2/F , Ozono , Sukhumvit Soi 39 မှာ တည်ရှိပြီး အင်္ဂါနေ့ကနေ
တနင်္ဂနွေနေ့အထိ နံနက် ၁၁ နာရီကနေ ည ၉ နာရီအထိ ဖွင့်လှစ်ပါတယ်။
အပြင်ကနေကြည့်ရင်တော့ Cataholic ဟာ သာမာန် ကော်ဖီဆိုင်လိုပါပဲ။
ဒါပေမယ့် အတွင်းမှာ ကြောင်များစွာကို မွေးမြူထားပါတယ်။ ကြမ်းပြင်၊
ဆိုဖာနဲ့ နေရာ အနှံ့မှာ ချစ်စရာကြောင်များကို တွေ့နိုင်ပါတယ်။ ဆိုင်ရဲ့
နာမည်ကြီး သောက်စရာမှာ Matcha Maew Maew ( Soda ပါတဲ့ Green
Tea ) နဲ့ Let Me Fishing ( စတော်ဘယ်ရီ ခရင်မ် ချီးစ် ) တို့ဖြစ်ပါတယ်။
ဆိုင်မှာ ပြည်တွင်း ဒီဇိုင်နာများရဲ့ အ၀တ်အထည်များနဲ့ Accessories
များကိုလည်း ရောင်းချပေးပါတယ်။ အချိုပွဲများရဲ့ အနည်းဆုံး ဈေးနှုန်းမှာ
ဘတ် ၃၅ ဖြစ်ပြီး သောက်စရာများက ဘတ် ၆၅ ကနေ စပါတယ်။
Purr Cat Cafe Club❤
Sukhumvit Soi 53 မှာ တည်ရှိပြီး အင်္ဂါနေ့ကနေ ကြာသာပတေးနေ့အထိ
နံနက် ၁၁ နာရီကနေ ည ၈ နာရီ ဖွင့်လှစ်ပါတယ်။ စနေ၊ တနင်္ဂနွေမှာ နံနက်
၁၁ နာရီကနေ ည ၉ နာရီအထိဖွင့်ပါတယ်။ ထိုင်းနာမည်ကျော် Ploy
Rattannarat နဲ့ သူငယ်ချင်းတစ်ယောက်တို့
ဖွင့်လှစ်ထားတာ ဖြစ်ပြီး ကြောင်များကို သန့်ရှင်းရေးနဲ့ အလှပြင်ပေးတဲ့
ဆလွန်းပါ။ သန့်ရှင်းရေး ၀န်ဆောင်မှုမှာ ဘတ် ၄၅၀ ကနေ စပြီး သူ့အထက်
အစားစားရှိပါတယ်။ အထူးဝန်ဆောင်မှုကတော့ ဘတ် ၅၀၀ ကနေ
စပါတယ်။ ဆိုင်မှာ လူများအတွက် ကိတ်မုန့်များနဲ့ ကြောင်စာများ
ရောင်းပေးပါတယ်။ နေရာ ၂ ခုရှိပြီး ၁ ခုမှာ လာရောက်သူများက
သူတို့ရဲ့ ကိုယ်ပိုင် ကြောင်များကို ယူဆောင်နိုင်ပါတယ်။ နောက် ၁
ခုမှာတော့ ဆိုင်က မွေးမြူထားတဲ့ ကြောင်များ ရှိပါတယ်။
Lucky Bunny Cafe❤
Ladprao Soi 101 ( End of Yaek 28 ) မှာ တည်ရှိပြီး အင်္ဂါနေ့ကနေ
တနင်္ဂနွေနေ့အထိ နံနက် ၁၀ နာရီခွဲကနေ ည ၈ နာရီအထိ ဖွင့်ပါတယ်။
ဆိုင်ပိုင်ရှင် Gullayanee Jiamsinkul က သူ့ရဲ့ ကိုယ်ပိုင် အိမ်ကို
ယုန် ကော်ဖီဆိုင်အဖြစ် ပြောင်းလဲခဲ့တာ ဖြစ်ပါတယ်။ ဆိုင်ကို ရောင်စုံ
အလှဆင်ထားပြီး ယုန်ဟော်တယ်လည်း ရှိပါတယ်။
ယုန်ဟော်တယ်ကို လေ့လာချင်ရင် ဘတ် ၁၅၀ ကျသင့်ပါတယ်။
သင့်ကိုယ်ပိုင် ယုန်တစ်ကောင် ယူလာရင် ဘတ် ၁၀၀ ကျသင့်ပါတယ်။
စတောဘယ်ရီ ဝေဖာ ( ဘတ် ၁၄၉) နဲ့ အီတလီ ဆိုဒါ ( ဘတ် ၇၉ )
တို့ကိုတော့ မြည်းစမ်းသင့်ပါတယ်။ Bunny-Theme Accessories
များကိုလည်း ရောင်းချပေးပါတယ်။
Cat Café By Dome❤
One Udomsuk. Sukhumvit Soi 103 မှာ တည်ရှိပြီး BTS Udomsuk
စီးနိုင်ပါတယ်။ နေ့စဉ် နံနက် ၁၀ နာရီကနေ ည ၉ နာရီအထိဖွင့်ပါတယ်။
One Udomsuk Mall မှာ တည်ရှိတဲ့ ကြောင် ကော်ဖီဆိုင်ဖြစ်ပါတယ်။
အရာင်စုံ ကူရှင်များဖြင့် အလှဆင်ထားပြီး
ချစ်စရာကောင်းတဲ့ ကြောင်လေးများ ရှိပါတယ်။ လတ်လတ်ဆတ်ဆတ်
ဖုတ်ထားတဲ့ နို့ကိတ်မုန့်များကို ချယ်ရီသီးနဲ့ အခြား သစ်သီးများရဲ့
အနံ့အရသာနဲ့ စားသုံးနိုင်ပါတယ်။ ဈေးနှုန်းက ဘတ် ၆၀ ပါ။ သူတို့ရဲ့
နာမည်ကျော် နို့အေး လက်ဖက်ရည်ကိုလည်း မြည်းစမ်းသင့်ပါတယ်။
Coccola Café❤
111/1 Thonglor Soi 5 မှာ တည်ရှိပြီး နေ့စဉ် နံနက် ၁၀ နာရီကန ညနေ
၆ နာရီအထိ ဖွင့်ပါတယ်။ Coccola အွန်လိုင်း အိမ်မွေး တိရိစ္ဆာန်
အရောင်းဆိုင်က ဖွင့်ထားတာ ဖြစ်ပြီး အောက်ထပ်မှာ တိရိစ္ဆာန်များ
အတွက် ပစ္စည်းများကို ရောင်းချပေးပါတယ်။ သင့်ရဲ့ ခွေးနဲ့အတူ
အစာစားနိုင်မယ့် နေရာလည်း ရှိပါတယ်။ Chicken Green Curry
Spaghetti ( ဘတ် ၁၅၀) နဲ့ သီဟိုဠ်စေ့ ကြက်သား ( ဘတ် ၁၂၀)
တို့က ဆိုင်ရဲ့ နာမည်ကြီး လက်ရာပါ။
The Coffee Cat❤
55/619 Sukhothai Avenue, Muangthong Thani မှာ တည်ရှိပြီး
အင်္ဂါနေ့ကနေ တနင်္ဂနွေနေ့အထိ နံနက် ၁၀ နာရီကနေ ည ၈ နာရီအထိ
ဖွင့်လှစ်ပါတယ်။
ချစ်စရာကောင်းတဲ့ ကြောင်များနဲ့ ကော်ဖီအတူတူ သောက်လို့ရတဲ့ နေရာနော
က်တစ်ခုပါ။ ဆိုင်မှာ ကြောင် အကောင် ၂၀ ကျော်ရှိပြီး နာမည်ကျော်
အမွှေးရှည် Persians ကနေ အမွှေးတို ကြောင်များအထိ အစုံပါပဲ။
Spaghetti Carbonara ( ဘတ် ၁၂၀ ) ကနေ စတော်ဘယ်ရီ ခရင်မ်
( ဘတ် ၁၅၀ - ၂၅၀) အထိ အစားအသောက်များ စုံလင်ပါတယ်။
The Traveller
#ဘန်ကောက်လမ်းညွန် #ကိုစိုင်း
📞0827957261,0814291178
📱Viber +66827952761
📱Line -0827952761
📩Saithu102@gmail.com

0 comments:
Post a Comment