------------------------------------------
၁၉၁၄ ခုနှစ် မတ်လ ၂၇ ရက်နေ့မှာ ထိုင်းတော်ဝင်လေတပ်ရဲ့
Airlines ဖြစ်ပါတယ်။
ဖြစ်ပါတယ်။
သမိုင်းကျောင်း
အစောပိုင်းကာလများ
ထိုင်းအများစု သုံးနေဆဲ ဖြစ်ပါတယ်။
သန်း ၃၀ ဖြစ်လာပါတယ်။
The Traveller
Thai ph,0827952761 , 0814291178 ,
viber +66827952761
saithu102@gmail.com
http://www.bangkoktraveldirectory.info
ဒွန်မောင်း နိုင်ငံတကာ လေဆိပ်
ဒွန်မောင်း လေဆိပ်ဟာ ထိုင်းနိုင်ငံရဲ့ နိုင်ငံတကာ လေဆိပ်နှစ်ခုထဲက
တစ်ခုဖြစ်ပါတယ်။ ဒွန်မောင်း လေဆိပ် ရဲ့ အဓိပ္ပါယ်
ကတော့ မြို့ကြီး ဖြစ်ပါသည် ။
ဒွန်မောင်းဟာ ကမ္ဘာ့ သက်တမ်းအရင့်ဆုံး နိုင်ငံတကာ လေဆိပ်များထဲမှ
တစ်ခု ဖြစ်သလို အာရှရဲ့ သက်တမ်းအရင့်ဆုံး လေဆိပ်လည်း ဖြစ်ပါတယ်။
၁၉၁၄ ခုနှစ် မတ်လ ၂၇ ရက်နေ့မှာ ထ်ိုင်းတော်ဝင်လေတပ်ရဲ့
အခြေစိုက်စခန်းအဖြစ် စတင် ဖွင့်လှစ်ခဲ့ ပြီးနောက် ၁၉၂၄ ခုနှစ် တွင်
အများသုံး လေယာဉ်ကွင်းအဖြစ် ပြောင်း လဲ ဖွင့်လှစ်ပေးခဲ့ တာဖြစ်ပါတယ်။
ပထမဆုံး ဝန်ဆောင်မှုပေးတဲ့ လေကြောင်းလိုင်းမှာ KLM Royal Dutch
Airlines ဖြစ်ပါတယ်။
၂၀၁၅ ခုနှစ်မှာ ဒွန်မောင်းဟာကမ္ဘာ့အကြီးဆုံးနဲ့ ဈေးအသက်သာ
ဆုံး လေဆိပ်ဖြစ်လာပါတယ်။ ထိုင်းနိုင်ငံရဲ့လူသုံးအများဆုံး လေဆိပ်လည်း
ဖြစ်ပါတယ်။
လေကြောင်းလိုင်းပေါင်း ၈၀ ရှိပြီး ၂၀၀၄ ခုနှစ်မှာ လေယာဉ်ခရီးစဉ်ပေါင်း
၁၆၀ ၀၀၀ ၊ ခရီးသည်ပေါင်း ၃၈ သန်းနဲ့ ကုန်ပစ္စည်း တန်ပေါင်း ၇၀၀ ၀၀၀
ကို သယ်ယူပို့ဆောင်ခဲ့ပြီး ဖြစ်ပါတယ်။
အဲဒီအချိန်က ဒွန်မောင်းဟာ ကမ္ဘာ့ လူသုံးအများဆုံး လေဆိပ်စာရင်းမှာ
နံပါတ် ၁၄ ဖြစ်ပြီး အာရှမှာ နံပါတ် ၂ ဖြစ်ခဲ့ပါတယ်။
လက်ရှိမှာ ဒွန်မောင်းဟာ Nok Air, Thai AirAsia , Thai Lion Air ,
Orient Thai Airlines များရဲ့ အဓိက လေဆိပ်ဖြစ်ပါတယ်။
သမိုင်းကျောင်း
အစောပိုင်းကာလများ
ဒွန်မောင်းဟာ Sa Pathum ပြီးနောက် ထိုင်းရဲ့ ဒုတိယမြောက်လေဆိပ်ပါ။
ဒွန်မောင်းရဲ့ ပထမဆုံး လေယာဉ်ခရီးစဉ်ကို ၁၉၁၄ ခုနှစ် မတ်လ ၈
ရက်နေ့မှာ ပြုလုပ်ခဲ့ပြီး တော်ဝင်ထိုင်းလေတပ်ရဲ့ လေယာဉ်များကို
သယ်ယူမှုများ ပြုလုပ်ခဲ့ပါတယ်။ အဲဒီမတိုင်မီ ၃ နှစ်က ထိုင်းဟာ စစ်တပ်မှ
အရာရှိ ၃ ဦးအား ပြင်သစ်သို့ စေလွှတ်၍ လေယာဉ်မောင်း သင်စေခဲ့ပါတယ်။
သင်တန်းပြီးတဲ့ ၁၉၁၁ ခုနှစ်မှာ တော်ဝင်ထိုင်းလေတပ်ကို
တည်ထောင်ဖို့အတွက် လေယာဉ်များ ဝယ်ယူခဲ့ပါတယ်။
Sa Pathum လေယာဉ်ကွင်းကို ၁၉၁၁ ခုနှစ် ဖေဖော်ဝါရီလမှာ
ဖွင့်လှစ်ခဲ့ပါတယ်။ Wright ညီနောင်က ၁၉၀၃ ခုနှစ် ဒီဇင်ဘာလ ၁၇
ရက်နေ့မှာ ပထမဆုံး လေယာဉ်ကို တီထွင်ခဲ့ပြီး ၇ နှစ်အကြာမှာ Orville
Wright ဟာ Sa Pathum လေယာဉ်ကွင်းကို ရောက်လာခဲ့ပါတယ်။
အမေရိကန်- ဗီယက်နမ် စစ်ပွဲဖြစ်ချိန်မှာ ဒွန်မောင်းဟာ
အမေရိကန် လေတပ်ရဲ့ အဓိက စစ်စခန်းဖြစ်ခဲ့ပါတယ်။
သုဝဏ္ဏဘူမိ လေဆိပ် မဖွင့်ခင်မှာ ဒွန်မောင်းလေဆိပ်ဟာ Don Muang
အမည်နဲ့ ဖွင့်လှစ်ထားတာပါ။ သုဝဏ္ဏဘူမိ ဖွင့်ပြီးနောက်မှာ Don Mueang
လို့ အမည်ပြောင်းခဲ့ပါတယ်။ အမည်ဟောင်းကို လေကြောင်းလိုင်းများစွာနဲ့
ထ်ိုင်းအများစု သုံးနေဆဲ ဖြစ်ပါတယ်။
ဒွန်မောင်းလေဆိပ်ကို ၂၀၀၆ ခုနှစ် စက်တင်ဘာလမှာ
ပိတ်သိမ်းခဲ့ပါသေးတယ်။ သုဝဏ္ဏဘူမိ လေဆိပ်
ဖွင့်ပြီးနောက်မှာ လေကြောင်းလိုင်းများဟာ ဒွန်မောင်းကို စွန့်ခွာခဲ့ပါတယ်။
ဒါပေမယ့် လေကြောင်းလိုင်းများအတွက်
သုဝဏ္ဏဘူမိရဲ့ ဈေးနှုန်းကြီးမားမှုကြောင့် ဒွန်မောင်းကို ပြန်လည်
ဖွင့်လှစ်ဖို့ ဖြစ်လာခဲ့ပါတယ်။ ၂၀၀၇ ခုနှစ် ဇန်နဝါရီလ ၃၀ ရက်နေ့မှာ
သယ်ယူပို့ဆောင်ရေး ဝန်ကြီးဌာနက ဒွန်မောင်းကို
ခဏတာ ပြန်လည်ဖွင့်လှစ်ဖို့ အကြံပြုခဲ့ပါတယ်။ အကြံပြုချက်ကို
လွှတ်တော်က လက်ခံခဲ့ပြီး ၂၀၀၇ ခုနှစ် မတ်လ ၂၅ ရက်နေ့မှာ
ဒွန်မောင်းကို ပြန်လည်ဖွင့်လှစ်ခဲ့ပါတယ်။
၂၀၁၁ ခုနှစ်မှာ ဘန်ကောက်နဲ့ အခြား မြို့များမှာ ရေကြီးခဲ့ပါတယ်။
ဒွန်မောင်းလေဆိပ်ရှိ လေယာဉ်ပြေးလမ်းများမှာလည်း ရေဝင်ခဲ့ပြီး
လျှပ်စစ်မီးများ ပြတ်တောက်ခဲ့ပါတယ်။ အဲဒီအတွက် ဒွန်မောင်းကို ပိတ်ခဲ့ပြီး
၂၀၁၂ ခုနှစ် မတ်လ ၆ ရက်နေ့မှ ပြန်လည်ဖွင့်လှစ်ခဲ့ပါတယ်။
၂၀၁၂ ခုနှစ် မတ်လ ၁၆ ရက်မှာ ထိုင်းအစိုးရနဲ့ ဝန်ကြီးချုပ်
ယင်လပ်က လေကြောင်းလိုင်းများအား ဒွန်မောင်းမှာ ပြန်လည်
ဝန်ဆောင်မှုပေးဖို့ ညွှန်ကြားခဲ့ပါတယ်။ သုဝဏ္ဏဘူမိ လေဆိပ်ရဲ့
လူကြပ်မှုကို လျှော့ချဖို့အတွက်လည်း တန်ဖိုးနည်း လေကြောင်းလိုင်းများ
အား ဒွန်မောင်းသို့ ပြောင်းရွှေ့ဖို့ ညွှန်ကြားခဲ့ပါတယ်။ဈေးနှုန်း သက်သာတဲ့
Nok Air လေကြောင်းလိုင်းကလည်း ဒွန်မောင်းမှာ ပြေးဆွဲနေပြီး တစ်နှစ်လျှင်
ခရီးသည် ၄ သန်းကို ပို့ဆောင်ပေးနေပါတယ်။ Thai Asia ကလည်း ၂၀၁၁
ခုနှစ်မှာ ခရီးသည်ပေါင်း ၇.၂ သန်းကို ပို့ဆောင်ပေးခဲ့ပြီး ၂၀၁၂ ခုနှစ်မှာ ၈
သန်းအထိ တိုးတက်လာပါတယ်။
လက်ရှိမှာ Terminal 1 မှာ နှစ်စဉ် ခရီးသည်ပေါင်း ၁၈.၅ သန်း
ဝင်ထွက်နေပါတယ်။ ၂၀၁၄ ခုနှစ် မေလမှာ Terminal 2
ကို ပြန်လည်ဖွင့်လှစ်ဖို့အတွက် ပြင်ဆင်မွမ်းမံဖို့ ဘတ် ၃ ဘီလီယမ်
အသုံးပြုမယ်လို့ ထိုင်းလေဆိပ် အာဏာပိုင်များက ၂၀၁၃ ခုနှစ်
စက်တင်ဘာလ ၇ ရက်နေ့မှာ ကြေညာခဲ့ပါတယ်။ ၂၀၁၅ ခုနှစ် ဒီဇင်ဘာလမှာ
Terminal 2 ပြီးစီးခဲ့ပြီး ဒွန်မောင်းရဲ့ ခရီးသည် ဝင်ရောက်မှုမှာ တစ်နှစ်လျှင်
သန်း ၃၀ ဖြစ်လာပါတယ်။
The Traveller
#ဘန်ကောက်လမ်းညွန် #ကိုစိုင်း