ထိုင္း နိုင္ငံ ရိွ အေကာင္းဆံုး အီစန္ အစားအစာမ်ား

ထိုင္း နိုင္ငံ ရိွ အေကာင္းဆံုး အီစန္ အစားအစာမ်ား
--------------------------------------------------------
ထိုင္းကို လာေရာက္လည္ပတ္ၾကတဲ့ ခရီးသြားေတြ အစားမ်ားၾကတဲ့
အစားအစာတစ္ခု ထဲ က ျမန္မာ ပါး စပ္ နဲ ့ အဆင္ ေျပ မဲ ့ အီစန္ အစား
အစား ေလး ေတြ အေၾကာင္း ကို တင္ ဆက္ ေပး ခ်င္ ပါ တယ္ ။
အီစန္ အစား အစာ မ်ား မွာ စားခ်င္စဖြယ္ ရွိၿပီး အျခား အစားအစာမ်ားနဲ႔
မတူ တစ္မူ ထူးျခားပါတယ္။ စား ဘူ း တဲ ့သူ ေတြ လည္း အၾကိဳက္ ေတြ ့နွစ္
သက္ ၾက ျပီး မစား ဘူး ေသး တဲ ့မိတ္ ေဆြ ေတြ အတြက္ လည္း ဘန္ေကာက္
ေရာက္ ရင္ သံုး ေဆာင္ ဖို ့ ေဖာ္ျပေပးပါတယ္ ။
အီစန္ အစားအစာ စစ္စစ္ကို ျမည္းစမ္းခ်င္ရင္ေတာ့ ထိုင္း နိုင္ငံ
အေရွ႕ေျမာက္ပိုင္းရွိ အီီစန္ နယ္ေျမကို သြားသင့္ပါတယ္။

၁။ ၀က္ဂုတ္သား ကင္ ( Kor Moo Yang ) ေခါ မူရန္ ့
၀က္ဂုတ္သားကို အရသာ စပ္ထားတဲ့ အရည္နဲ႔ စိမ္ၿပီး ကင္ထား
တာ ျဖစ္ပါတယ္။ Nam Jim Jaew နမ္းက်င္း လို႔ ေခၚတဲ့ ခ်ီလီေဆာ့နဲ႔
တြဲဖက္ စားသံုးရတာျဖစ္ပါတယ္။ ဒါ ့အျပင္ Yum Kor Moo Yang
ကိုလည္း ျမည္းစမ္းႏုိင္ပါတယ္။ Yum ပိုလာတဲ့ အမ်ိဳးအစားမွာေတာ့
အရသာနဲ႔ အနံ႔ ပိုမို ကဲထားပါတယ္။ ၀က္ဂုတ္သားကို ခ်ိ ငန္ တဲ့
ဆလတ္နဲ႔ တြဲဖက္စားရင္ အေကာင္းဆံုးပါပဲ။

၂။ ၀က္သား စင္းေကာ ဆလတ္ ( Laab Moo ) လါ ့မူ
လာအို ကေန ဆင္းသက္လာတဲ့ အစားအစာျဖစ္ၿပီး ၀က္သား စင္းေကာ
ဆလတ္ဟာ အီစန္ အစားအစာေတြထဲမွာ နာမည္ႀကီးပါ။
၀က္သား စင္းေကာ ဆလတ္ ဟင္းဟာ အမ်ိဳးအစားမ်ားစြာ ရွိေပမယ့္
လူႀကိဳက္အမ်ားဆံုးမွာ ၾကက္သြန္နီ၊ နံနံပင္တို႔ ပါတဲ့ အမ်ိဳးအစားျဖစ္ပါတယ္။
ငါးေဆာ့၊ သံပုရာရည္တို႔နဲ႔ တြဲဖက္ စားသံုးေလ့ရွိပါတယ္။

၃။ ၀က္ ဆလတ္ ကင္ ( Nam Tok Moo ) နမ္းသုန့္မူ
Laab နဲ႔ ဆင္တူတဲ့ အစားအစာပါ။ ကြာျခားခ်က္မွာ အသားကို
ျပင္ဆင္ပံုျဖစ္ပါတယ္။
Nam Tok Moo မွာ အသားကို ႏုတ္ႏုတ္စင္း မထားတာပါ။
ေနာက္ၿပီး အသားကို ကင္ထားပါတယ္။ ႏွစ္မ်ိဳးစလံုးရဲ႕ အရသာကေတာ့
တူညီၾကပါတယ္။ အမဲ ဆလတ္ ကင္ ( Nam Tok Neua ) ကိုလည္း
ျမည္းစမ္းႏိုင္ပါတယ္။ Nam Tok ရဲ႕ အဓိပၸါယ္ကေတာ့ ေရတံခြန္ပါတဲ့။

၄။ အီစန္ ၀က္အူေခ်ာင္း ( Sai Krok Isaan ) စိုက္ေကာ္
အီစန္ ၀က္အူေခ်ာင္းဟာ ထိုင္း လမ္းေဘးစာထဲမွာ လူႀကိဳက္မ်ားပါတယ္။
၀က္သားနဲ႔ ထမင္းကို အခ်ဥ္ေဖာက္ထားတဲ့ အရသာျဖစ္ပါတယ္။
ေဂၚဖီ၊ ဂ်င္း၊ ငရုတ္သီး၊ သံပုရာသီး၊ ေျမပဲမ်ားလည္း ပါ၀င္ပါတယ္။
အီစန္ ၀က္အူေခ်ာင္းကို ေနရာအႏွံ႔မွာ စားသံုးႏုိင္ၿပီး တစ္ေခ်ာင္းကို ၁၀
ဘတ္ေလာက္သာ ေပးရပါတယ္။

၅။ ထိုင္း ေဟာ့ေပါ့ ( Jim Jum ) ဂ်င္းက်ဴံ
Jim Jum အမည္ရ ထိုင္း ေဟာ့ေပါ့မွာ ၾကက္သြန္နီ၊ စပါးလင္၊ ငရုတ္သီး၊
ၾကက္သြန္ျဖဴ၊ ပူစီနံ စတာေတြ ပါ၀င္ပါတယ္။ က်န္တဲ့ ပါ၀င္
ပစၥည္းမ်ားကိုေတာ့ သင့္စိတ္ႀကိဳက္ထည့္နိုင္ပါတယ္။
အသားမ်ား၊ ေခါက္ဆြဲမ်ားကို ႏွစ္သက္သလို ထည့္စားႏုိင္ပါတယ္။
Nam Jim လို႔ ေခၚတဲ့ ခ်ီလီေဆာ့နဲ႔ တြဲဖက္ စားႏိုင္ပါတယ္။
Jim Jum ကို အမ်ားစု က ည ဘက္ မွာ ေျမ အိုး ေလး ေတြ နဲ ့သံုး ေဆာင္
ၾက တာ ကို ျမင္ ေတြ႔ႏုိင္ပါတယ္။

၆။ ၾကက္ကင္ ( Kai Yang ) ကိုင္ရန္ ့
ၾကက္ကင္ကို လမ္းေဘးဆိုင္မ်ားမွာသာမက ေနရာတိုင္းမွာ ေတြ႔ႏိုင္ပါတယ္။
အစပ္မႀကိဳက္သူမ်ားအတြက္ သင့္ေတာ္ပါတယ္။
အခ်ိဳခ်ီလီေဆာ့နဲ႔ တြဲဖက္ စားႏုိင္ပါတယ္။ အစပ္ႀကိဳက္သူမ်ားကလည္း
အစပ္ ခ်ီလီေဆာ့ကို ေရြးႏုိင္ပါတယ္။

၇။ ခ်ဥ္ စပ္ ဟင္းရည္ ( Tom Saap ) တုန္ ့ဆက္
တံုယမ္းနဲ႔ တူတဲ့ အီစန္ရဲ႕ ဟင္းရည္ပါ။ ခ်ိဳ၊ ခ်ဥ္ ၊ ငံ ၊ စပ္ အရသာ အားလံုး
ကို ခံစားနုိင္ပါတယ္။ ၀က္သား အရိုး ၊စပါး လင္ ၊ မိႈ၊ ခရမ္းခ်ဥ္သီးမ်ား
ပါ၀င္ပါတယ္။

၈။ သေဘၤာသီး ေထာင္း ( Som Tam Korat ) စြမ့္တန္
ထိုင္းရဲ႕ လမ္းေဘးစာေတြထဲမွာ Som Tam လို႔ ေခၚတဲ့
သေဘၤာသီးေထာင္းဟာ လူႀကိဳက္မ်ားၿပီး ေနရာတိုင္းမွာ စားသံုးႏုိင္ပါတယ္။
သေဘၤာသီးကို အမွ်င္မ်ားျဖစ္ေအာင္ ႏႊာထားၿပီး သၾကား၊ သံပုရာရည္၊
ငါးေဆာ့၊ ေျမပဲ၊ ငရုတ္သီးမ်ားနဲ႔ ေထာင္းထားတာ ျဖစ္ပါတယ္။
Som Tam Korat ဟာ Som Tam လိုပါပဲ။ ဒါေပမယ့္ ကြာျခားခ်က္မွာ
ငါးေဆာ့ ထည့္ထားတာ ျဖစ္ပါတယ္။ သေဘၤာသီး ေထာင္း ကို ဂဏန္း ပုတ္
ထည္ ့တား သည္ ့ ပိုးပလာ နွင္ ့ ဂဏန္း ပုတ္ မပါ သည္ ့တန္ ထိုင္း ဆို ျပီး
နွစ္ မ်ိဳး မွာ ယူ စား သံုး နိုင္ ပါသည္။

၉။ ငါးကင္ ( Pla Pao ) ပါေဖာင္
ငါးကို စပါးလင္၊ ဆားတို႔နဲ႔ အရသာသြင္းထားၿပီး ကင္ထားတာ ျဖစ္ပါတယ္။
ငါးေဆာ့၊ သံပုရာရည္၊ ငရုတ္သီးတို႔နဲ႔ တြဲဖက္ စားသံုးရပါတယ္။ အီစန္
ငါးကင္ဆိုင္မ်ားမွာ တီလားဗီးယား၊ ငါးခူ ၊ ငါး ရံ ့ စသျဖင္ ့ငါးသံုးမ်ိဳးကို
ေရြးခ်ယ္ႏုိင္ပါတယ္။

၁၀။ ခရုဆီ ၀က္ကင္ ( Moo Dad ) မူေထာ့ကထိယမ္းလ္
၀က္သားကို ခရုဆီ၊ ၾကက္သြန္ျဖဴ၊ ငရုတ္ေကာင္း၊ သၾကားတို႔နဲ႔
အရသာသြင္းထားၿပီး ကင္ထားတဲ့ အစားအစာျဖစ္ပါတယ္။ အရသာ
သြင္းထားတဲ့ ၀က္သားကို ေနေရာင္မွာ အေျခာက္ခံၿပီးမွ
ကင္ထားတာ ျဖစ္ပါတယ္။
Nam Jim Jaew အခ်ဥ္နဲ႔ တြဲဖက္ စားသံုးရပါတယ္။
ဆက္လက္ ေဖာ္ျပ ေပးပါ မည္။

The Traveller
#ဘန္ေကာက္လမ္းညြန္ #ကိုစိုင္း
Thai ph,0827952761 , 0814291178 ,
viber +66827952761
saithu102@gmail.com
http://www.bangkoktraveldirectory.info

 ထိုင်း နိုင်ငံ ရှိ အကောင်းဆုံး အီစန် အစားအစာများ
--------------------------------------------------------

ထိုင်းကို လာရောက်လည်ပတ်ကြတဲ့ ခရီးသွားတွေ အစားများကြတဲ့

အစားအစာတစ်ခု ထဲ က မြန်မာ ပါး စပ် နဲ့ အဆင် ပြေ မဲ့ အီစန် အစား

အစား လေး တွေ အကြောင်း ကို တင် ဆက် ပေး ချင် ပါ တယ် ။

အီစန် အစား အစာ များ မှာ စားချင်စဖွယ် ရှိပြီး အခြား အစားအစာများနဲ့

မတူ တစ်မူ ထူးခြားပါတယ်။ စား ဘူ း တဲ့သူ တွေ လည်း အကြိုက် တွေ့နှစ်

သက် ကြ ပြီး မစား ဘူး သေး တဲ့မိတ် ဆွေ တွေ အတွက် လည်း ဘန်ကောက်

ရောက် ရင် သုံး ဆောင် ဖို့ ဖော်ပြပေးပါတယ် ။

အီစန် အစားအစာ စစ်စစ်ကို မြည်းစမ်းချင်ရင်တော့ ထိုင်း နိုင်ငံ

အရှေ့မြောက်ပိုင်းရှိ အီစန် နယ်မြေကို သွားသင့်ပါတယ်။

၁။ ဝက်ဂုတ်သား ကင် ( Kor Moo Yang ) ခေါ မူရန့်

ဝက်ဂုတ်သားကို အရသာ စပ်ထားတဲ့ အရည်နဲ့ စိမ်ပြီး ကင်ထား

တာ ဖြစ်ပါတယ်။ Nam Jim Jaew နမ်းကျင်း လို့ ခေါ်တဲ့ ချီလီဆော့နဲ့

တွဲဖက် စားသုံးရတာဖြစ်ပါတယ်။ ဒါ့အပြင် Yum Kor Moo Yang

ကိုလည်း မြည်းစမ်းနိုင်ပါတယ်။ Yum ပိုလာတဲ့ အမျိုးအစားမှာတော့

အရသာနဲ့ အနံ့ ပိုမို ကဲထားပါတယ်။ ဝက်ဂုတ်သားကို ချိ ငန် တဲ့

ဆလတ်နဲ့ တွဲဖက်စားရင် အကောင်းဆုံးပါပဲ။

၂။ ဝက်သား စင်းကော ဆလတ် ( Laab Moo ) လါ့မူ

လာအို ကနေ ဆင်းသက်လာတဲ့ အစားအစာဖြစ်ပြီး ဝက်သား စင်းကော

ဆလတ်ဟာ အီစန် အစားအစာတွေထဲမှာ နာမည်ကြီးပါ။

ဝက်သား စင်းကော ဆလတ် ဟင်းဟာ အမျိုးအစားများစွာ ရှိပေမယ့်

လူကြိုက်အများဆုံးမှာ ကြက်သွန်နီ၊ နံနံပင်တို့ ပါတဲ့ အမျိုးအစားဖြစ်ပါတယ်။

ငါးဆော့၊ သံပုရာရည်တို့နဲ့ တွဲဖက် စားသုံးလေ့ရှိပါတယ်။

၃။ ဝက် ဆလတ် ကင် ( Nam Tok Moo ) နမ်းသုန့်မူ

Laab နဲ့ ဆင်တူတဲ့ အစားအစာပါ။ ကွာခြားချက်မှာ အသားကို

ပြင်ဆင်ပုံဖြစ်ပါတယ်။

Nam Tok Moo မှာ အသားကို နုတ်နုတ်စင်း မထားတာပါ။

နောက်ပြီး အသားကို ကင်ထားပါတယ်။ နှစ်မျိုးစလုံးရဲ့ အရသာကတော့

တူညီကြပါတယ်။ အမဲ ဆလတ် ကင် ( Nam Tok Neua ) ကိုလည်း

မြည်းစမ်းနိုင်ပါတယ်။ Nam Tok ရဲ့ အဓိပ္ပါယ်ကတော့ ရေတံခွန်ပါတဲ့။

၄။ အီစန် ဝက်အူချောင်း ( Sai Krok Isaan ) စိုက်ကော်

အီစန် ဝက်အူချောင်းဟာ ထိုင်း လမ်းဘေးစာထဲမှာ လူကြိုက်များပါတယ်။

ဝက်သားနဲ့ ထမင်းကို အချဉ်ဖောက်ထားတဲ့ အရသာဖြစ်ပါတယ်။

ဂေါ်ဖီ၊ ဂျင်း၊ ငရုတ်သီး၊ သံပုရာသီး၊ မြေပဲများလည်း ပါဝင်ပါတယ်။

အီစန် ဝက်အူချောင်းကို နေရာအနှံ့မှာ စားသုံးနိုင်ပြီး တစ်ချောင်းကို ၁၀

ဘတ်လောက်သာ ပေးရပါတယ်။

၅။ ထိုင်း ဟော့ပေါ့ ( Jim Jum ) ဂျင်းကျူံ

Jim Jum အမည်ရ ထိုင်း ဟော့ပေါ့မှာ ကြက်သွန်နီ၊ စပါးလင်၊ ငရုတ်သီး၊

ကြက်သွန်ဖြူ၊ ပူစီနံ စတာတွေ ပါဝင်ပါတယ်။ ကျန်တဲ့ ပါဝင်

ပစ္စည်းများကိုတော့ သင့်စိတ်ကြိုက်ထည့်နိုင်ပါတယ်။

အသားများ၊ ခေါက်ဆွဲများကို နှစ်သက်သလို ထည့်စားနိုင်ပါတယ်။

Nam Jim လို့ ခေါ်တဲ့ ချီလီဆော့နဲ့ တွဲဖက် စားနိုင်ပါတယ်။

Jim Jum ကို အများစု က ည ဘက် မှာ မြေ အိုး လေး တွေ နဲ့သုံး ဆောင်

ကြ တာ ကို မြင် တွေ့နိုင်ပါတယ်။

၆။ ကြက်ကင် ( Kai Yang ) ကိုင်ရန့်

ကြက်ကင်ကို လမ်းဘေးဆိုင်များမှာသာမက နေရာတိုင်းမှာ တွေ့နိုင်ပါတယ်။

အစပ်မကြိုက်သူများအတွက် သင့်တော်ပါတယ်။

အချိုချီလီဆော့နဲ့ တွဲဖက် စားနိုင်ပါတယ်။ အစပ်ကြိုက်သူများကလည်း

အစပ် ချီလီဆော့ကို ရွေးနိုင်ပါတယ်။

၇။ ချဉ် စပ် ဟင်းရည် ( Tom Saap ) တုန့်ဆက်

တုံယမ်းနဲ့ တူတဲ့ အီစန်ရဲ့ ဟင်းရည်ပါ။ ချို၊ ချဉ် ၊ ငံ ၊ စပ် အရသာ အားလုံး

ကို ခံစားနိုင်ပါတယ်။ ဝက်သား အရိုး ၊စပါး လင် ၊ မှို၊ ခရမ်းချဉ်သီးများ

ပါဝင်ပါတယ်။

၈။ သင်္ဘောသီး ထောင်း ( Som Tam Korat ) စွမ့်တန်

ထိုင်းရဲ့ လမ်းဘေးစာတွေထဲမှာ Som Tam လို့ ခေါ်တဲ့

သင်္ဘောသီးထောင်းဟာ လူကြိုက်များပြီး နေရာတိုင်းမှာ စားသုံးနိုင်ပါတယ်။

သင်္ဘောသီးကို အမျှင်များဖြစ်အောင် နွှာထားပြီး သကြား၊ သံပုရာရည်၊

ငါးဆော့၊ မြေပဲ၊ ငရုတ်သီးများနဲ့ ထောင်းထားတာ ဖြစ်ပါတယ်။

Som Tam Korat ဟာ Som Tam လိုပါပဲ။ ဒါပေမယ့် ကွာခြားချက်မှာ

ငါးဆော့ ထည့်ထားတာ ဖြစ်ပါတယ်။ သင်္ဘောသီး ထောင်း ကို ဂဏန်း ပုတ်

ထည့်တား သည့် ပိုးပလာ နှင့် ဂဏန်း ပုတ် မပါ သည့်တန် ထိုင်း ဆို ပြီး

နှစ် မျိုး မှာ ယူ စား သုံး နိုင် ပါသည်။

၉။ ငါးကင် ( Pla Pao ) ပါဖောင်

ငါးကို စပါးလင်၊ ဆားတို့နဲ့ အရသာသွင်းထားပြီး ကင်ထားတာ ဖြစ်ပါတယ်။

ငါးဆော့၊ သံပုရာရည်၊ ငရုတ်သီးတို့နဲ့ တွဲဖက် စားသုံးရပါတယ်။ အီစန်

ငါးကင်ဆိုင်များမှာ တီလားဗီးယား၊ ငါးခူ ၊ ငါး ရံ့ စသဖြင့်ငါးသုံးမျိုးကို

ရွေးချယ်နိုင်ပါတယ်။

၁၀။ ခရုဆီ ဝက်ကင် ( Moo Dad ) မူထော့ကထိယမ်းလ်

ဝက်သားကို ခရုဆီ၊ ကြက်သွန်ဖြူ၊ ငရုတ်ကောင်း၊ သကြားတို့နဲ့

အရသာသွင်းထားပြီး ကင်ထားတဲ့ အစားအစာဖြစ်ပါတယ်။ အရသာ

သွင်းထားတဲ့ ဝက်သားကို နေရောင်မှာ အခြောက်ခံပြီးမှ

ကင်ထားတာ ဖြစ်ပါတယ်။

Nam Jim Jaew အချဉ်နဲ့ တွဲဖက် စားသုံးရပါတယ်။

ဆက်လက် ဖော်ပြ ပေးပါ မည်။

0 comments:

Post a Comment